ဘားကမ့်ရန်ကုန် ၂၀၁၂ မြင်ကွင်းများ

ဘားကမ့်ရန်ကုန် ၂ဝ၁၂ ဖွင့်ပွဲအခမ်းအနားကို အမျိုးသားဒီမိုက‌ရေစီ အဖွဲ့ချုပ် ဥက္ကဌ ‌ဒေါ်‌အောင်ဆန်းစုကြည်က တက်‌ရောက်ပြီး အမှာစကား‌ပြောကြားခဲ့ပါတယ်။ ‌ဖေ‌ဖော်ဝါရီ ၁ဝ ရက်‌နေ့ ည‌နေကတည်းက ဘားကမ့်ရန်ကုန် သို့ ‌ဒေါ်‌အောင်ဆန်းစုကြည် တက်‌ရောက်မယ်ဆိုတဲ့ သတင်းကို စာ‌ရေးသူသိရှိ ခဲ့ပါတယ်။ စာ‌ရေးသူနဲ့အတူ မြန်မာ့အိုင်တီအသိုင်းအဝန်းတစ်ခုလုံးက ထပ်တူထပ်မျှ သိရှိပြီး ဖြစ်‌နေကြမှာလည်း ဖြစ်ပါတယ်။
ဘားကမ့်ရန်ကုန် ၂ဝ၁၂ ဖွင့်ပွဲ အခမ်းအနားကို ‌ဒေါ်‌အောင်ဆန်းစုကြည် ‌ရောက်ရှိလာခဲ့တယ်။ ဒါ‌ကြောင့် ၂ဝ၁၂ အတွက် ဘားကမ့်ရန်ကုန်ဟာ ထူးခြားဆန်းသစ်မှုတစ်ခုကို ရရှိသွားခဲ့တယ်။ ဖွင့်ပွဲအခမ်းအနားမှာ ‌ဒေါ်‌အောင်ဆန်းစုကြည် ‌ပြောကြားခဲ့တဲ့ အမှာစကား‌တွေက မှတ်သား နာယူစရာ‌ကောင်းပါတယ်။ အများက ကြည်ညို‌လေးစားခံရတဲ့ လူကြီးတစ်‌ယောက်အ‌နေနဲ့ လူငယ် လူရွယ်‌တွေအတွက် ‌ပြောသင့် ဆိုသင့် ဆိုသင့် ဆုံးမသင့်တဲ့ စကား‌တွေကို နာယူ လက်ခံနိုင်‌အောင် နားဝင်ချို‌အောင်၊ သူမရဲ့ ကွန်ပျူတာနဲ့ ပတ်သက်တဲ့ အ‌တွေ့အကြုံ၊ ‌လေ့လာအား‌တွေနဲ့ ‌ပြောဆိုသွားတယ်လို့ စာ‌ရေးသူ နားလည်ခံစားမိပါတယ်။ အလွန်အဖိုးတန်တဲ့ လူထုဆက်သွယ်‌ရေးပညာရပ်တစ်ခုကို စာ‌ရေးသူ သင်ယူတတ်‌မြောက်ခဲ့ရပါတယ်။
+ + +

၁၉၈ဝ ခုနှစ်မှာ သူမဟာ ကွန်ပျူတာနဲ့ ရင်းနှီးကျွမ်းဝင်ခဲ့တယ်။ ထိုကာလက ကွန်ပျူတာရဲ့ အနာဂတ်အလားအလာကို အ‌တော်အတန် ‌ဆွေး‌နွေးခဲ့ကြတယ်။ ၁၉၈ဝ ခုနှစ်က‌နေ ယ‌နေ့ကာလအတွင်း ကွန်ပျူတာနဲ့ဆက်စပ်ခဲ့တဲ့ အိုင်စီတီရဲ့ အရှိန်အဟုန်ဟာ အနှစ် သုံးဆယ်ဆိုတဲ့ ကာလအတွင်းမှာ အရှိန်အဟုန် ‌ကောင်းခဲ့တယ်။ ‌နောက်လာမယ့် အနှစ်သုံးဆယ်ကာလအတွင်း အိုင်စီတီရဲ့ တိုးတက်မှု အရှိန်အဟုန်ဟာ လူငယ်‌တွေ လက်ထဲမှာပဲ ရှိတယ်။
ပညာ‌တွေကို တစ်ဦးနဲ့တစ်ဦး မျှ‌ဝေခြင်းဟာ ‌ကောင်းတယ်။ ဖ‌ယောင်းတိုင်မီးလိုပဲ။ ကိုယ့်ရှိတဲ့ အလင်း‌ရောင်ကို အများအတွက် ထွန်းညှိ‌ပေးလိုက်တဲ့ အတွက် ကိုယ့်မှာ မ‌လျော့သွားသလို၊ အများအတွက်လည်း မျှ‌ဝေပြီးဖြစ်တယ်။ ပညာ‌တွေကို တတ်‌မြောက်ပြီးတဲ့အခါ အလင်း‌ရောင်ထုထည်အတွက် အသုံးပြုနိုင်သလို အ‌မှောင်ထုအတွက်လည်း အသုံးပြုနိုင်တယ်။ ဒါ‌ကြောင့် ပညာကို ‌ကောင်းမွန်မှန်ကန်တဲ့ အလင်း‌ရောင်ဖက်မှာ အသုံးပြုပါ။
မြန်မာနိုင်ငံဟာ အစစအရာရာမှာ ‌နောက်ကျကျန်ရစ်ခဲ့ရတယ်။ ဒီလို ‌နောက်ကျကျန်ရစ်ခဲ့တဲ့ အ‌ခြေအ‌နေ‌တွေကို အမီလိုက်နိုင်ဖို့ နည်းပညာကို အားကိုးရမယ်။ ဒါ‌ကြောင့် နည်းပညာတိုးတက်မှု‌တွေကို အရှိန်အဟုန်နဲ့ လုပ်‌ဆောင်ရမယ်။ ဆိုတဲ့ ‌ပြောစကား ဆိုစကား အမှာစကား‌တွေကို ‌ဒေါ်‌အောင်ဆန်းစုကြည်ရဲ့ ဘားကမ့်ရန်ကုန် ၂ဝ၁၂ ခုနှစ်က‌နေ စာ‌ရေးသူ ရရှိခဲ့ပါတယ်။
+ + +

‌ဖေ‌ဖော်ဝါရီ ၁၁ ရက်‌နေ့။ ဘားကမ့်ရန်ကုန် ဖွင့်ပွဲအခမ်းအနားဟာ နံနက်ခင်း ‌နေ‌ရောင်ခြည်နဲ့အတူ တက်ကြွလန်းဆန်းခဲ့ပါတယ်။ ‌ဆွေး‌နွေးမယ့် အ‌ကြောင်းအရာ‌တွေ ‌နောက်ကို လိုက်ပါဖို့၊ ကိုယ်တိုင်ဝင်‌ရောက်‌ဆွေး‌နွေးဖို့ ပြင်ကြ ဆင်ကြတယ်။ စာ‌ရေးသူလည်း စိတ်၏ဝင်စားရာ ‌ခေါင်းစဉ်များ‌နောက်လိုက်ပြီး မိတ်‌ဆွေ အ‌ပေါင်းအသင်း ‌ရောင်းရင်း‌တွေနဲ့ လက်တွဲလိုက်၊ ‌ပြောလိုက် ဆို လိုက်၊ နား‌ထောင်လိုက်နဲ့ ‌မျောပါး စီးဆင်း‌နေခဲ့မိတယ်။
ကို‌နေဘုန်းလတ်က Decertralization အ‌ကြောင်းကို စင်မြင့်ထက်က‌နေ ဦး‌ဆောင်‌ဆွေး‌နွေးတယ်။ ဒီနှစ်ပွဲမှာ ‌နေဘုန်းလတ်ကို ‌တွေ့မြင်ရတာကလည်း ထူးခြားချက်တစ်ခုဖြစ်တယ်လို့ စာ‌ရေးသူအ‌နေနဲ့ ဆိုချင်ပါတယ်။ ကို‌နေဘုန်းလတ် ရဲ့ ‌ဆွေး‌နွေးမှုကို နား‌ထောင်‌နေတုန်း မထိုက်ထိုက်‌အောင်က Panel Dicussion တစ်ခုလုပ်မယ်၊ ဝင်‌ပြောပါလို့ ဆိုလာတယ်။ စာ‌ရေးသူက ‘‘မထိုက်၊ ကျ‌နော် ဘာမှ မပြင်ဆင်ထားဘူး။ ဖြစ်ပါ့မလား။’’ ဆို‌တော့ မထိုက်က ‘‘ကျ‌နော်တို့လည်း အခုမှ စိတ်ကူးရလို့ စီစဉ်လိုက်တာ ဘာမှမဖြစ်ဘူး။ ‌ပြောချင်တာ ‌ပြော။’’ လို့ ဆိုတယ်။ ဘားကမ့်မှာ တစ်ချို့‌သော အ‌ခြေအ‌နေ‌တွေ အချက်အလက်‌တွေဟာ အစီအစဉ်ကျချင်မှ ကျလိုက်မယ်။ အံဝင်ခွင်ကျဖြစ်‌အောင် အချိန်ကိုက် ‌နေရာ ကိုက် စနစ်တကျ ဖြစ်‌အောင်လည်း စီစဉ်ထား‌လေ့မရှိဘူး။ ပွဲတက်‌ရောက်သူ‌တွေ ရဲ့ ဦး‌ဆောင်ရာကိုသာ လိုက်ပါရတဲ့ ပွဲတစ်ခုဖြစ်တဲ့အတွက် စာ‌ရေးသူအ‌နေနဲ့ ရင်ထဲက ခံစားချက်‌တွေကို ဝင်‌ရောက်‌ပြောဆို ဖြစ်လိုက်ပါတယ်။ အဲဒီအ‌ကြောင်း အရာက‌တော့ မြန်မာနိုင်ငံရဲ့ အင်တာနက် မ‌ကောင်း‌ကြောင်းပါ။
+ + +

အင်တာနက် မ‌ကောင်း‌ကြောင်း။
အိုင်စီတီတိုးတက်‌ရေးအတွက် အ‌ရေးကြီးဆုံးအချက်‌တွေထဲမှာ အင် တာနက် မြန်နှုန်း၊ အသုံးပြုခ နှုန်းထာနဲ့ ‌ကောင်းမွန်တဲ့ ဝန်‌ဆောင်မှု‌ပေးခြင်းဆို တဲ့ အချက်သုံးချက် အ‌ရေးကြီးတယ်လို့ စာ‌ရေးသူ မြင်ပါတယ်။ အင်တာနက် စနစ်‌ကောင်းမွန်တိုးတက်ခြင်းဟာ အိုင်စီတီ တိုးတက်‌ရေးသာမဟုတ်ပဲ မြန်မာ နိုင်ငံအတွင်းမှာ မှီတင်း‌နေထိုင်ကြတဲ့ နိုင်ငံသားအားလုံးရဲ့ လူမှုဘဝ၊ စီးပွား‌ရေး၊ လူမှု‌ရေးနဲ့ ပညာ‌ရေးတိုးတက်မှုကို အ‌ထောက်အကူပြု‌စေနိုင်တဲ့ အဓိကကျတဲ့ အချက်‌တွေထဲက တစ်ချက်ဖြစ်ပါတယ်။ အင်တာနက်ဆက်သွယ်‌ရေးစနစ်‌ကောင်း မွန်မှု မရှိပဲ e-Goverment လုပ်ငန်းတို့၊ e-Commerceလုပ်ငန်းတို့ ဘယ်လိုများ လုပ်ကိုင် ‌ဆောင်ရွက်နိုင်မလဲ။ စာ‌ရေးသူ အကြိမ်ကြိမ် စဉ်းစား‌နေမိပါတယ်။
အဲဒီ‌နေ့က အင်တာနက်မ‌ကောင်း‌ကြောင်း ‌ပြောကြတဲ့ အထဲက‌နေ-
၁။ မြန်မာ့အင်တာနက် ‌နှေးတယ်။ ‌ဈေးကြီးတယ်။
ဝန်‌ဆောင်မှု မ‌ကောင်းဘူး။
၂။ ဝန်‌ဆောင်မှု‌ပေးတဲ့ အ‌ခြေအ‌နေ‌တွေမှာ လက်ဝါးကြီးအုပ် မှု‌တွေရှိတယ်။ အသုံးပြုသူအ‌နေနဲ့ ‌ရွေးချယ်ခွင့်မရှိဘူး။
၃။ အင်တာနက်မြန်နှုန်း၊ မြန်ဆန်‌ကောင်းမွန်မှုကို
လိုချင်တယ်။
၄။ အင်တာနက်စနစ် ‌ကောင်းမွန်ခြင်းသည် အိုင်တီလုပ်ငန်း
များ တိုးတက်‌ရေးအတွက် အ‌ရေးကြီးဆုံးဖြစ်တယ်။
၅။ အင်တာနက်စနစ် ‌ကောင်းမွန်ခြင်းဟာ အ‌သေးစား၊ အလတ်စားနှင့် လုပ်ငန်းငယ်‌လေးများရဲ့ တိုးတက်မှုအ‌ခြေအ‌နေကို ‌ကောင်းမွန်တဲ့ အ‌ထောက်အပံ့‌ ကောင်း‌တွေကို ‌ပေးနိုင်တယ်။ ဆိုတဲ့ အချက်ငါးချက်ကို စာ‌ရေးသူ ‘ရရှိ၊ ကြားသိ’ လိုက်ပါတယ်။
+ + +

‌ပြောသင့်သည်ကို ‌ပြောကြတယ်။
ဘားကမ့်ရန်ကုန် ၂ဝ၁၂ ကျင်းပတဲ့ နှစ်ရက်တာ ကာလအတွင်းမှာ ‌ပြောဆိုကြတဲ့ ‌ခေါင်းစဉ်‌တွေထဲက ထူးခြားတဲ့ ‌ခေါင်းစဉ်‌လေး‌တွေ အ‌ကြောင်းကို ‌ပြောချင်ပါတယ်။ ဘားကမ့်ရန်ကုန်မှာ ‌ပြောဆိုကြတဲ့ ‌ခေါင်းစဉ်အများစုဟာ အိုင်စီတီနဲ့ ပတ်သက်တဲ့ ‌ခေါင်းစဉ်များ ဖြစ်ပါတယ်။ အိုင်စီတီနဲ့ပတ်သက်တဲ့ ‌ခေါင်းစဉ် ‌တွေကြားထဲမှာ ‘‘‌ကျောက်ဖြူ-ထားဝယ် ‌ရေနက်ဆိပ်ကမ်းများနှင့် တရုတ်၊ ထိုင်း တို့၏ အနာဂတ် မြန်မာနိုင်ငံကို လွှမ်းမိုးခြင်း၊ လွှတ်‌တော်တွင် အိုင်တီနှင့် ပတ်သက်၍ ကျွန်‌တော်‌ပြော‌စေချင်သည့် အ‌ကြောင်းအရာများ၊ ဘဝတစ်ဆစ်ချိုး ‌ပြောင်းလဲ‌စေ‌သော လျှို့ဝှက်ချက်များ၊ မြန်မာ့ရိုးရာစစ်တုရင်’’ စတဲ့အ‌ကြောင်း အရာများကိုလည်း ‌တွေ့ရပါတယ်။ ဘားကမ့်မှာ အိုင်တီအ‌ကြောင်းပဲ ‌ပြောရမယ် ဆိုတဲ့ ကန့်သတ်ချက်မရှိပါဘူး။ ဒါကလည်း ဘားကမ့်ရဲ့ ထူးခြားမှုတစ်ခုပါပဲ။
အိုင်တီနဲ့ ပတ်သက်တဲ့ ဆိုးခြင်း၊ ‌ကောင်းခြင်း၊ အကျိုးရလာဒ်၊ ဖြစ် သင့်တဲ့ အ‌ခြေအ‌နေ၊ အ‌နေအထား‌တွေကို အိုင်စီတီ‌လောကထဲမှာ အရိုး‌ဆွေး၊ အမြစ်‌ပေါက်‌နေတဲ့ အိုင်တီပညာရှင်များနဲ့ အိုင်စီတီနဲ့ဆက်စပ်‌နေသူများသာ အတွင်းသိ အဆင်းသိ ဖြစ်နိုင်ပါတယ်။ ဒါ‌ကြောင့် လွှတ်‌တော်ထဲမှာ ‌ပြော‌စေချင် တဲ့ အ‌ကြောင်းအရာ‌တွေကို အိုင်စီတီ‌လောကထဲက အမှန်တကယ် ကျွမ်းကျင် သူ‌တွေပဲ ‌ပြောဆိုသင့်ပါတယ်။ လွှတ်‌တော်ကလည်း သူတို့အသံကို နား‌ထောင်သင့်ပါတယ်။ ကျွမ်းကျင်သူ‌တွေက ‌ပြောဆို ငြင်းခုန်မှသာ မြန်မာ့အိုင်စီတီ‌လောကအတွက် သင့်တင့်‌လျှောက်ပတ်တဲ့ အခွင့်အ‌ရေး‌တွေ ကာကွယ်မှု‌တွေ ရရှိနိုင်မှာ မဟုတ်ပါလား။
အိုင်စီတီဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်း‌တွေကို မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ လုပ်‌ဆောင်သွားနိုင်‌အောင် အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတစ်ခု(NGO)အဖြစ် လုပ်‌ဆောင်သွားနိုင်‌အောင် ကြိုးစားသွားမယ်ဆိုတဲ့ ‌ဆွေး‌နွေးမှုကိုလည်း ဘား ကမ့်ရန်ကုန် ၂ဝ၁၂ မှာ ကြားသိလိုက်ရပါတယ်။ အိုင်တီနဲ့ အလှမ်း‌ဝေး‌နေတဲ့၊ ကွန်ပျူတာဆိုတာ၊ အင်တာနက်ဆိုတာ၊ အိုင်စီတီဆိုတာ ပညာရှိကြီးများနဲ့သာ သက်ဆိုင်တယ်လို့ အထင်အမှတ် မှား‌နေတဲ့ နယ်မြို့ငယ်‌လေး‌တွေ၊ ‌တောကျိုး အုံးကြားက စည်းခြားခံ‌နေကြရတဲ့ လူထုအတွက် ဝမ်းသာစရာပါပဲ။ ဘားကမ့်ရန်ကုန် ၂ဝ၁၂ မှာ အစပျိုးခဲ့တဲ့ ဒီလုပ်ငန်းဟာ ထိထိ‌ရောက်‌ရောက် စီးစီးပိုင်ပိုင်နဲ့ လူထုကြားထဲကို စီး‌မျောဝင်သွားနိုင်ပါ‌စေလို့ ဆု‌တောင်းမိပါတယ်။
မြန်မာ့ဝီကီမင်းသားကြီး ကိုမြတ်သွင်၊ စာ‌ရေးဆရာ မြတ်သုတက မြန်မာ့ဝီကီတိုးတက်‌ရေး သာမက မြန်မာ့စစ်တုရင်အ‌ကြောင်းကိုပါ စိတ်အားထက်သန်စွာ ဘားကမ့်ရန်ကုန် ၂ဝ၁၂ မှာ ဦး‌ဆောင်‌ပြောဆိုသွားပါတယ်။ မြန်မာ့စစ်တုရင်နဲ့ဘားကမ့် ဘာဆိုင်လဲလို့ ကပ်သိကပ်သပ် ‌ပြောနိုင်‌ပေမယ့်။ အိုင်စီတီတိုးတက်မှုနဲ့အတူ ပညာရပ်ဆိုင်‌တွေမှာ တစ်ခုနဲ့တစ်ခု ခြားနား‌နေတဲ့ စည်း‌တွေဟာ ပါးသွားပါတယ်။
မြန်မာ့စစ်တုရင်အ‌ကြောင်းကို ဝီကီမင်းသားကြီးက ပွဲမဝင်ခင်ကတည်းက စာ‌ရေးသူတို့ကို အားကြိုးမာန်တက်‌ပြောပြ မျှ‌ဝေပါတယ်။ ဘားကမ့်မှာ မ‌ပြောခင်ကတည်းက မြန်မာ့စစ်တုရင်ပညာကို အိုင်စီတီနည်းပညာနဲ့ ပူးတွဲအ‌ကောင် အထည်‌ဖော်ဖို့ စိတ်ကူးစိတ်သန်း‌တွေကို လူငယ်အိုင်တီသမား‌တွေက ရရှိခဲ့ကြ ပါတယ်။ မြန်မာ့စစ်တုရင်အ‌ကြောင်းကို ဘားကမ့်မှာ လက်‌တွေ့ရှင်းပြလိုက်‌တော့ အိုင်စီတီနည်းပညာနဲ့ မြန်မာ့စစ်တုရင်ပညာရပ်တို့ ‌ပေါင်းစည်းသွားဖို့ လမ်းစ‌တွေ ကို ‌တွေ့ရှိခဲ့ကြတယ်လို့ သိခဲ့ရတယ်။
မြန်မာဝီကီပီးဒီးယားမှာ မြန်မာ‌တွေနဲ့ပတ်သက်တဲ့ အ‌ကြောင်းအရာ‌တွေကို မြန်မာ‌တွေကပဲ ကျယ်ကျယ်ပြန့်ပြန့်‌ရေးနိုင်မယ်လို့ ဆရာမြတ်သွင်က မကြာမကြာ ‌ပြောတတ်ပါတယ်။ မြန်မာ့စစ်တုရင်အ‌ကြောင်းကို ဆရာမြတ်သွင်က ဘားကမ့်ဆိုတဲ့ အိုင်တီအသိုင်းအဝန်းမှာ မျှ‌ဝေခဲ့တဲ့အတွက် မြန်မာ့စစ်တုရင်ပညာကို မြန်မာ့အိုင်စီတီလူငယ်‌တွေနဲ့အတူ ထိန်းသိမ်းနိုင်သလို ဖွံ့ဖြိုးတိုးတက်လာ‌အောင်လည်း ပြုလုပ်နိုင်‌တော့မယ်လို့ ယုံကြည်ပါတယ်။
+ + +

အပြန်အလှန် ‌ပြောဆိုပါ။ မျှ‌ဝေပါ။ ‌လေ့ကျင့်ပါ။
အပြန်အလှန် ‌ပြောဆိုခြင်း၊ ‌ဆွေး‌နွေးခြင်း၊ ပူး‌ပေါင်းပါဝင်ခြင်းဆိုတာ ဘားကမ့်ရဲ့ အနှစ်သာရ‌တွေပဲ ဖြစ်ပါတယ်။ ဒီအချက်ကို နှစ်သက်သ‌ဘောကျတယ်။ ‌ကျေနပ်မိတယ်လို့ ‌ဒေါ်‌အောင်ဆန်းစုကြည်က ဘားကမ့်ရန်ကုန် ၂ဝ၁၂ ဖွင့်ပွဲ အခမ်းအနားမှာ ထည့်သွင်း‌ပြောဆိုခဲ့ပါတယ်။ ၂ဝ၁ဝ ခုနှစ် ကတည်းက စတင်ကျင်းပခဲ့တဲ့ ဘားကမ့်ရန်ကုန်ဟာ ၂ဝ၁၂ ခုနှစ်မှာ တတိယအကြိမ် တိုင်ခဲ့ပါ ပြီ။ ဘားကမ့်ကို ဦး‌ဆောင် ကျင်းပ‌ပေးသူ‌တွေနဲ့ နားလည်သူ‌တွေက ပါဝင်‌ဆွေး‌နွေးဖို့၊ အပြန်အလှန် ‌ပြောဆိုဖို့ တတ်နိုင်သ‌လောက် အား‌ပေးကြ‌ပေမယ့် ဒီလို အ‌လေ့အကျင့်မျိုး ဖွံ့ဖြိုးမှု အားနည်း‌နေ‌သေး‌ ကြောင်း ‌တွေ့ရပါတယ်။
နိုင်ငံ‌ခေါင်း‌ဆောင်‌တွေဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်‌အောင်ဆန်းတို့ ဝန်ကြီးချုပ်ဟောင်း ဦးနုတို့ဟာလည်း အခုလို အ‌လေ့အကျင့်ကို ‌လေ့ကျင့်ယူခဲ့ကြတယ်ဆိုတာ သူတို့နဲ့ပတ်သက်တဲ့ စာအုပ်စာ‌ပေ‌တွေထဲမှာ ဖတ်မှတ်ခဲ့ဖူးပါတယ်။
‌ခေတ်အ‌ခြေအ‌နေ‌တွေက ကာလာကြာမြင့်စွာ မျက်စိပိတ်၊ နားပိတ်၊ ပါးစပ်ပိတ်လုပ်ခဲ့တဲ့အတွက် လူကြားသူကြားထဲမှာ ‌မေးခွန်း‌မေးတဲ့ ဓ‌လေ့၊ ‌ပြောဆို‌ဆွေး‌နွေးတဲ့ အ‌လေ့အကျင့်‌တွေ အားနည်းခဲ့တယ်။ ဒါ‌ကြောင့် ဘားကမ့်လို ‌နေရာမျိုးမှာ ပါဝင်‌ဆွေး‌နွေးတဲ့ အလုပ်ကို ‌လေ့ကျင့် သင့်ပါတယ်။ ဦး‌ဆောင်‌ဆွေး ‌နွေးသူ‌တွေနဲ့ စာ‌ရေးသူတင်ပြတဲ့ အ‌လေ့အကျင့်ကို သွန်သင်ပြသနိုင်သူ‌တွေကလည်း သွန်သင်ပြသ‌ပေးဖို့ ဆန္ဒပြုပါတယ်။
+ + +

နှစ်သက်မိတဲ့ အချက်‌လေး‌တွေ။
ဘားကမ့်ရန်ကုန် ၂ဝ၁၂ ကျင်းပတဲ့ နယ်‌မြေထဲမှာ အမှိုက်ပုံး‌တွေကို စနစ်တကျထား‌ပေးတာကို ‌တွေ့ရတယ်။ ဒီအလုပ်ကို ဦးစီးဦး‌ဆောင်လုပ်တဲ့ အဖွဲ့ကို ‘အမှိုက်‌ကောက်တဲ့အဖွဲ့’ လို့ ရင်းနှီးသူ‌တွေက ချစ်စနှိုးနဲ့ ‌ခေါ်ခဲ့ကြပါတယ်။ လက်‌တွေ့အ‌ကောင်အထည်‌ဖော်နိုင်ခဲ့တဲ့ မပင့်ဂိုလ်းကို ‌လေးစားမိပါတယ်။ သူတို့ ဟာ တက်‌ရောက်သူ ပရိတ်သတ်က ပစ်ချင်သလို ပစ်ခဲ့တဲ့ အမှိုက်‌တွေကို လိုက်ကောက်‌ပေးတာ မဟုတ်ပါဘူး။ စနစ်တကျ အမှိုက်ပစ်နိုင်‌အောင် ပံ့ပိုးကူညီ‌ပေး ကြသူ‌တွေပါ။
ရုပ်သံလိုင်းတစ်ခုဖြစ်တဲ့ 5 Network က‌နေ ဘားကမ့်ရန်ကုန် ၂ဝ၁၂ ကျင်းပတဲ့ နှစ်ရက်လုံးမှာရှိတဲ့ အစီအစဉ်အများစုကို ရိုက်ကူးခြင်း၊ အင်တာဗျူး ‌မေးမြန်းခြင်းတို့ ပြုလုပ်‌နေတာကို ‌တွေ့ရပါတယ်။ 5 Network ဟာ Free to Air မဟုတ်‌ပေမယ့် ဘားကမ့်မှာရှိခဲ့တဲ့ အ‌ခြေအ‌နေများကို မှတ်တမ်းတင်ထားနိုင်ခြင်း၊ ရုပ်သံလိုင်းမှ အတိုင်းအတာတစ်ခုအထိ ထုတ်လွှင့်‌ပေးနိုင်တယ်။ အိုင်စီတီ အ‌ကြောင်းကို ပိုမိုထိ‌ရောက်စွာ သိမြင်လာနိုင်တယ်။ ဒါ‌ကြောင့် ဒီအစီအစဉ်ကို နှစ်သက်မိပါတယ်။ င်္မနန အသ ဗငမ ‌တွေက‌နေလည်း ဒီလိုမျိုးလုပ်‌ပေးနိုင်ခဲ့မယ်ဆို ရင်လည်း အတိုင်းထက်အလွန်ပါပဲ။
+ + +

အ‌ရေအတွက်၊ အရည်အချင်း။
ပထမဆုံးအကြိမ် ဘားကမ့်မှာ တက်‌ရောက်သူ သုံး‌ထောင် ရှိခဲ့တယ်။ ဒုတိယအကြိမ်မှာ ‌လေး‌ထောင် ရှိခဲ့တယ်။ ယခုတစ်ကြိမ်ဖြစ်တဲ့ တတိယအကြိမ် မှာ တက်‌ရောက်သူ ငါး‌ထောင် ရှိတယ်လို့ သိရတယ်။ တက်‌ရောက်သူ များပြား တယ်ဆိုတဲ့ ‌နောက်ကွယ်မှာ စိတ်ဝင်စားလို့ ဒီ‌လောက်လူအများကြီး တက်ပါ တယ်ဆိုတဲ့ အ‌ဖြေရှိပါတယ်။ အဲဒီ စိတ်ဝင်စားတယ်ဆိုတဲ့ အချက်ကိုပဲ စာ‌ရေးသူ စိတ်ဝင်စားပါ တယ်။ တက်‌ရောက်သူ‌တွေဟာ ဘာကို စိတ်ဝင်စားကြသလဲ။
နည်းပညာလား။ လက်‌ဆောင်လား။ ပွဲလား။ ‌ပျော်ရွှင်မှုလား။
အသိပညာလား။ အတတ်ပညာလား။ တိုးတက်မှုလား။
လူများသည် ဖြစ်‌စေ။ လူနည်းသည် ဖြစ်‌စေ။ လူအများစုရဲ့ စိတ်ဝင်စားမှု တစ်စုံတစ်ရာကို ဖမ်းစားထားနိုင်တယ်ဆိုရင် မဆိုးပါဘူး။ အ‌ရေအတွက်ပဲ များ‌နေတယ်ဆိုရင် အရည်အချင်းများ လာ‌အောင် ကြိုးပမ်းလို့ ရပါတယ်။ အရည်အချင်းမရှိပဲ အ‌ရေအတွက်‌တွေပဲ များများလာတယ်ဆိုရင်လည်း ဒီအချက်ကို အ‌ရေးတစ်ကြီး ထည့်သွင်း စဉ်းစားရမယ်။ အ‌ရေအတွက်၊ အရည်အချင်းတို့ကို တစ်ဦးခြင်းရဲ့ ခံစားချက်များ အတိုင်း၊ ထင်မြင်ချက်များအတိုင်း ‌ပြောဆိုတာထက် ‌သေချာ‌ရေရာ၊ တိကျ‌သေချာတဲ့ စစ်တမ်း‌တွေ ‌ကောက်ယူပြီး စနစ်တကျ ‌လေ့လာ‌ဆောင်ရွက်နိုင်ရင် ပိုပြီး‌တော့ သင့်‌တော်မယ်လို့ ယူဆမိပါတယ်။
+ + +

အခြား‌သော မြို့နာမည်များဖြင့် ဘားကမ့်များသို့။
ဘားကမ့်ကျင်းပတဲ့ အ‌ကြောင်းအရာကို ထိုက်သင့်သ‌လောက် သိရှိကြပြီး ဖြစ်ပါတယ်။ ပထမဆုံးအကြိမ်အ‌နေနဲ့ ဘားကမ့်ကို ရန်ကုန်မှာ စတင် ကျင်းပနိုင်ခဲ့ ကတည်းက နယ်မြို့များမှာလည်း ဘားကမ့်များ ကျင်းပနိုင်ဖို့ ‌ပြောဆိုခဲ့ကြပါတယ်။ မန္တ‌လေးကဲ့သို့ မြို့ကြီးမှာပဲ ကျင်းပနိုင်ခဲ့တာကို ‌တွေ့ရတယ်။
ရန်ကုန်နဲ့မန္တ‌လေးဆိုတာ မြို့ကြီး‌တွေ ဖြစ်တဲ့အတွက် ကျင်းပတဲ့ ပွဲ‌တွေကလည်း ကြီးမားတဲ့ ပွဲကြီး‌တွေ ဖြစ်‌နေခဲ့ပါတယ်။ ဘားကမ့်ပြုလုပ်တယ်ဆိုတာ ပွဲကြီးစရာ၊ လူများစရာ မလိုသလို ဟိုမြို့ထက် သာရမယ်။ ဒီမြို့ထက် ‌ကောင်း ရမယ်ဆိုတဲ့ အချက်‌တွေကို ထည့်သွင်းစဉ်းစားစရာ မလိုအပ်‌ကောင်းဘူးလို့ ယူဆ ပါတယ်။ ကိုယ့်မြို့ ကိုယ့်နယ်မှာ လုပ်ချင်တယ်ဆိုရင် ကူညီပါ့မယ်ဆိုတဲ့ စကားကိုလည်း သက်ဆိုင်သူ‌တွေ ဆီက‌နေ ကြားသိရပါတယ်။
ဒါ‌ကြောင့် ကိုယ့်မြို့ ကိုယ့်ရွာမှာ အသိပညာ၊ နည်းပညာ ဖလှယ်နိုင်တဲ့ လွပ်လပ်‌ပေါ့ပါ‌သော ဘားကမ့်များကို ကျင်းပနိုင်ဖို့ အားထုတ်သင့်ပါတယ်။ အခက်အခဲများ၊ လိုအပ်ချက်များ ရှိခဲ့ရင် သက်ဆိုင်ရာ၊ သက်ဆိုင်ရာသူများနဲ့ ‌ဆွေး‌နွေးတိုင်ပင်ပြီး ‌ဆောင်ရွက်နိုင်‌ကောင်းပါတယ်။
ဘားကမ့်ရန်ကုန် ၂ဝ၁၂ ဖွင့်ပွဲကို နံနက်ခင်း ‌နေ‌ရောင်ခြည်‌အောက်မှာ အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ် ဥက္ကဌ ‌ဒေါ်‌အောင်ဆန်းစုကြည်က ဖွင့်လှစ်‌ပေးခဲ့ပြီး သူမအ‌နေနဲ့ ပြည်သူ့လွှတ်‌တော် ကိုယ်စားလှယ်အဖြစ် အ‌ရွေးခံမယ့် ‌ကော့မှူးမြို့နယ်ကို အ‌ရေးကြီးတဲ့ ခရီးစဉ်တစ်ခုအဖြစ် ခရီးထွက်ခဲ့ပါတယ်။
ဒီအ‌ခြေအ‌နေ အတိတ်နမိတ်များကို ရယူပြီး အိုင်စီတီဖွံ့ဖြိုး‌ရေးလုပ်ငန်းများဟာ မြို့ကြီးပြကြီးများမှာသာ ကွက်ကြားကွက်ကြား တိုးတက်‌နေခြင်းမျိုး မဟုတ်ပဲ။ အလွှာလိုက် အလွှာလိုက် တန်းတူညီမျှ တိုးတက်လာနိုင်‌အောင် အလွှာ‌ပေါင်းစုံက ပူး‌ပေါင်းပါဝင် လာနိုင်မယ်လို့ ‌မျှော်လင့်မိပါ တယ်။

ဟန်‌ဇော်

၂၂ ရက် ၂၀၁၂ ခုနေ့ထုတ် အိုင်တီဇင် ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ ဆောင်းပါးဖြစ်ပါတယ်။

Facebook comments:

One Response

  1. Han Zaw says:

    ၂၂ ရက် ၂၀၁၂ ခုနေ့ထုတ် အိုင်တီဇင် ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ ဆောင်းပါးဖြစ်ပါတယ်။

Leave a comment


*