Web Design ပြိုင်ပွဲအတွက် ဖိတ်ခေါ်ခြင်း
Myanmar Tutorials ပရိသတ်များခင်ဗျာ
Myanmar Tutorials ဟာ လာမယ့် မတ်လဆိုရင် တစ်နှစ်ပြည့်မှာ ဖြစ်ပါတယ်။ အဲဒီ တစ်နှစ် ပြည့်တဲ့နေ့မှာ အမှတ်တရ တွေ့ဆုံပွဲလေး တစ်ခု ပြုလုပ်ဖို့ အစီအစဉ်ရှိသလို၊ နည်းပညာဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲ တစ်ခုလည်း လုပ်သွားဖို့ အစီအစဉ်ရှိပါတယ်။ အဲဒီအပြင် Web Design နဲ့ Web Site ရေးသားခြင်းမှာ ကိုယ်ပိုင် ဒီဇိုင်းများ ရေးဆွဲနိုင်ခြင်း၊ ကိုယ်ပိုင် အိုင်ဒီယာဖြင့် ဖန်တီးထားသော Website များ ဖြစ်ပေါ် လာစေခြင်း အလို့ငှာ Web Design ပြိုင်ပွဲတစ်ခု စီစဉ်တင်ဆက်ဖို့ ရှိပါတယ်။
ပြိုင်ပွဲအမည် – Web Design ပြိုင်ပွဲ
ရည်ရွယ်ချက် – ကိုယ်ပိုင်ရေးဆွဲ ဖန်းတီးနိုင်သော အလေ့အထများ ဖြစ်ပေါ်လာစေရန်
ယှဉ်ပြိုင်ရမည့် အဆင့် – အပျော်တမ်း (လေ့လာသူအဆင့်)
ယှဉ်ပြိုင်နိုင်သည့် သူများ – ပြည်တွင်းမှာ ဝါသနာရှင် မည်သူမဆို ဝင်ရောက် ယှဉ်ပြိုင်နိုင်သည်။ နေရပ်နှင့် ဆက်သွယ်ရမည့် အီးမေးလ် လိပ်စာ အပြည့်အစုံ ပူးတွဲပေးပို့ရမည် ဖြစ်သည်။
ယှဉ်ပြိုင်ရမည့် ပုံစံ -
- ကိုယ်ပိုင်ရေးဆွဲထားသော Design နှင့် တည်ဆောက်ထားသော အနည်းဆုံး Web စာမျက်နှာ လေးမျက်နှာရှိသည့် Website တစ်ခုကို ပေးပို့ယှဉ်ပြိုင်ရမည်။ HTML, CSS နှင့် JavaScript ကိုသာ သုံး၍ ယှဉ်ပြိုင်ရမည် ဖြစ်သည်။ Slider များ ထည့်သွင်းလိုပါက ထည့်သွင်း နိုင်သည်။
- Photoshop တွင် ရေးဆွဲထားသော မူရင်းဖိုင်ကိုပါ တင်ပြရမည် ဖြစ်သည်။
- အသုံးပြုနိုင်သော Page များမှာ Home, About, Portfolio, Contact Us တို့ မဖြစ်မနေ ပါဝင်ရမှာ ဖြစ်ပြီး မိမိစိတ်ကြိုက် ထပ်တိုး ထည့်သွင်းနိုင်သည်။ သို့သော် တစ်ခုနှင့် တစ်ခု ဒီဇိုင်းအရ၊ Site အရပါ ချိတ်ဆက်မှု ရှိရမည် ဖြစ်သည်။
- ကိုယ်ပိုင် ရေးဆွဲထားသော Design ဖြစ်ကြောင်း ဝန်ခံချက်ပေးရမည် ဖြစ်သည်။ တစ်စုံတစ်ယောက်က အကြောင်းပြချက် ခိုင်ခိုင်လုံလုံ ဖြင့် ကန့်ကွက် လာပါက ချက်ချင်း ပယ်ဖျက်ခံရမည် ဖြစ်သည်။
- Website တွင် ပါဝင်သော Resources များ ဖြစ်သည့် Button များ၊ Wallpaper အစရှိသည်တို့ကို အခြား Website များမှ ရယူ သုံးစွဲနိုင်သည်။ သို့သော် မည်သည့်ဆိုက်က ယူသုံးထားကြောင်း အသိပေးရမည် ဖြစ်သည်။ စီးပွားဖြစ် ရောင်းချသော Resources များကို သုံးစွဲလိုပါက ဝယ်ယူထားကြောင်း သက်သေ အထောက်အထား ပေးရမည် ဖြစ်သည်။
- ယှဉ်ပြိုင်မည့်သူများ၏ Web Design နှင့် Website များသည် ယှဉ်ပြိုင်သူ၏ မူပိုင်သာ ဖြစ်ပြီး Myanmar Tutorials နှင့် မသက်ဆိုင်ပါ။
- အသေးစိတ် ဆက်လက်သိရှိလိုပါက myanmartutorials@gmail.com ကို စုံစမ်းမေးမြန်းနိုင်သည်။
ယှဉ်ပြိုင်ရမည့်ကာလ – ၂/၂/၂၀၁၁ မှ ၂/၃/၂၀၁၁ အထိ
ရွေးချယ်မည့်ပုံစံ – ပေးပို့လာသော Website များကို Comment Voting System ဖြင့် Myanmar Tutorials ပရိသတ်များက ရွေးချယ်ပေး ပြီး Myanmar Tutorials ၏ Contributor အဖွဲ့က အတည်ပြုရွေးချယ်ပေးမည် ဖြစ်သည်။
ချီးမြင့်မည့်ဆု -
@Best Award
- ဒိုမိန်းတစ်ခုနှင့် Hosting တစ်နှစ်စာ (သို့) ၆၀၀၀၀ ကျပ်တိတိ (Sponsored by Ma Phyu Sin Kyaw)
- HTML5 & CSS3 Paper Book (Sponsored by Mg Pyone)
- Adobe Photoshop Classroom in a Book (Original Quality Reprinted)
(Sponsored by Ko Htoo Myint Naung (Technomation Studio))
- Learning Web Design (Sponsored by Ko Htoo Myint Naung)
- DEFINED Dictionary (Sponsored by Ko Htoo Myint Naung)@Second Best Award
- ဆုငွေ ၂၅၀၀၀ ကျပ်တိတိ
- Adobe Dreamweaver CS3 Classroom in a Book (Original Quality Reprinted)
(Sponsored by Ko Htoo Myint Naung)
- Adobe Flash CS3 Classroom in a Book (Original Quality Reprinted) (Sponsored by Ko Htoo Myint Naung)
- Yellow Mobile Directory (Sponsored by Ko Htoo Myint Naung)@Best Design Award
- Adobe Illustrator Classroom in a Book (Original Quality Reprinted) (Sponsored by Ko Htoo Myint Naung)
@Best Technology Award
- .NET Magazine Issue (Paper Book) (Sponsored by Mg Pyone)
@Special Award
- iHost Myanmar Starter Hosting နှင့် ဒိုမိန်း တစ်ခု (Sponsored by Ko Htoo Myint Naung)
(ပြိုင်ပွဲဝင်များတွင် ယှဉ်ပြိုင်ခွင့်ရှိကြောင်း သတ်မှတ်ထားပြီး Best Award မှအပ ကျန်ဆုရသူများအားလုံး၊ ဆုမရသူများအားလုံး မဲနှိုက်ပြီး ရွေးချယ် ချီးမြှင့်မည် ဖြစ်သည်။ နှစ်ပတ်လည် တွေ့ဆုံပွဲတွင် ပါဝင် မဲနှိုက်သူများကိုသာ ရွေးချယ်မည် ဖြစ်ကြောင်း ကြိုတင် အသိပေးအပ်ပါသည်။)
ဆုချီးမြှင့်မည့်နေ့ – Myanmar Tutorials နှစ်ပတ်လည် တွေ့ဆုံပွဲနေ့ (နေ့စွဲ အတိအကျကို ထပ်မံ ကြေငြာပါမည်)
Myanmar Tutorials မှာ ဆုချီးမြှင့်မှုကို Ma Phyu Sin Kyaw, Mg Pyone, Ko Htoo Myint Naung (Technomation Studio) တို့မှ ပါဝင် ကူညီပေးထားခြင်း ဖြစ်ပါသည်။ ဆုချီးမြှင့်ခြင်း အစီအစဉ်တွက် ဆုတစ်ခုခြင်းစီအလိုက် (သို့မဟုတ်) အားလုံးအတွက် ထောက်ပံပါဝင် ကူညီလိုပါက ကူညီနိုင်ပါကြောင်း ကြေငြာ အပ်ပါသည်။ နှစ်ပတ်လည် အစီအစဉ်အတွက် ကူညီလိုသူများ ရှိရင်လည်း ဆက်သွယ်နိုင်ပါတယ်။ နှစ်ပတ်လည် အစီအစဉ်အတွက် စပွန်ဆာပေးလိုသူများ၊ အခြား အကူအညီများ ပေးလိုပါကလဲ ဆက်သွယ်နိုင်ပါသည်။
ဤသတင်းကိုလည်း လူအများ သိရှိနိုင်ရန် ဖြန့်ဝေပေးကြပါလို့ တိုက်တွန်းလိုပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်
သီဟ (Myanmar Tutorials)
Facebook comments:



How many people can participate for a website? Can a website be competed with team? Can the competitors use “Flash”, “jQuery”?
How about the prize’s judgment? Does it depend just on technology or the content also included?
ကြိုက်တဲ့သူ ဝင်ပြိုင်နိုင်ပါတယ်ခင်ဗျာ။ ဘယ်နှစ်ယောက်ဖြစ်ဖြစ်ပါ။ Team အနေနဲ့ လဲ ဝင်ပြိုင်နိုင်ပါတယ်။ HTML, CSS, javascript သုံးနိုင်တယ်ဆိုတော့ jQuery လည်း သုံးနိင်ပါတယ်။ Flash ကတော့ ထည့်ချင် ထည့်လို့ရပါတယ်။ ဒါပေမယ့် ဆုပေးဖို့ ထည့်သွင်း စဉ်းစားတဲ့နေရာမှာတော့ ပါမှာ မဟုတ်ပါဘူး။ နည်းပညာပိုင်းမှာ HTML & CSS အပေါ်မှာသာ အဓိက စဉ်းစား ဆုံးဖြတ်မှာ ဖြစ်ပါတယ်။ Design ကိုတော့ သေသေချာချာ စိစစ်ရွေးချယ်မှာ ဖြစ်ပါတယ်။ Content အနေနဲ့ နမူနာများ အဖြစ်သာထည့်သွင်းရေးဆွဲနိုင်ပြီး Content စီစဉ်တင်ဆက်ပုံကိုတော့ ကြည့်မှာ ဖြစ်ပါတယ်။ ခုလို စိတ်ဝင်တစား မေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
psd file က page တိုင်းအတွက်ပြရမှာလား … home အတွက်ပဲလား
page တိုင်းအတွက် ပြရမှာ ဖြစ်ပါတယ်
ဒါတော့ လွန်တာပေါ့။…….
ပြိုင်တော့ပြိုင်ချင်တယ် ………. အာူး……….. ၀ူး……:(
How much the marks depends on Technology we used?
Is Browser Compatible matter? Can we use HTML 5 & CSS 3, which are not much supported by all browsers? Will you check with IE 6.0 ?
Can we use large image for better visualization?
Or
Everything is only depends on how beautiful the website is?
How many Templates can we submit?
How long will you allow the users to “Vote” the templates?
Regards,
NoName
Technology အနေနဲ့ အဓိက အကျဆုံး အပိုင်းကတော့ ဒီဇိုင်းနဲ့ လိုက်ဖက်တဲ့ ဒီဇိုင်းကို သုံးဖို့ပါပဲ။ Web Design Contest ဆိုတဲ့အတိုင်း ဒီဇိုင်းကို အဓိက ထားပါတယ်။ ဒါပေမယ့် ဆုတွေမှာ Best Award, Second Best Award, Best Design Award, Best Technology Award ဆိုပြီး လေးခုပေးဖို့ ရှိပါတယ်။ HTML5 & CSS3 လည်း သုံးနိုင်ပါတယ်။ Image တွေကိုသုံးတဲ့ နေရာမှာ ပုံထွက်ကောင်းဖို့လဲ လိုသလို Size သေးဖို့လဲ လိုပါတယ်။ တစ်ဦးခြင်း တစ်ယောက်ခြင်း၊ အဖွဲ့လိုက် မိမိကိုယ်တိုင် ရေးဆွဲထားပြီး မိမိစိတ်ကြိုက်တစ်ခု တည်းနှင့်သာ ဝင်ရောက် ယှဉ်ပြိုင်နိုင်မှာ ဖြစ်ပါတယ်။ အကောင်းဆုံး ပြိုင်ပွဲအတွက် အသင့်တော်ဆုံးကို ရွေးချယ်ပြီး ယှဉ်ပြိုင်ရမှာပါ။ ကျေးဇူးတင်ပါတယ်။
ပြိုင်တော့ ပြိုင်ချင်သား . . . ကျူတိုရီရယ်လ်တွေ လိုက်လုပ်တာ မပြီးသေးဘူးဗျ . . .
နောက်နှစ်မှပဲ ဝင် ပြိုင်တော့မယ်
ဘယ် လိုပို့ရ မှာ လဲ ..ဘယ် ကိုပို့ရ မှာ လဲ သိ ချင် ပါ တယ်
myanmartutorials@gmail.com ကို ပေးပို့နိုင်ပါတယ် ခင်ဗျာ ….
I want to know about the title more.
Only design not so much in the Production mood and functions!
Not CMS organizing and only tune essential codes?
please
We can use our page (menu) as Home, About, Portfolio, Contact Us ?? Evenif portfolio menu is not match with our website content?
Portfolio ဆိုတဲ့ Menu က Content နဲ့ မကိုက်ဘူးဆိုရင် ချန်ထားခဲ့လို့ရပါတယ်ခင်ဗျ။
Contact form နဲ့ register form တွေ က အလုပ်မလုပ်လည်းဖြစ်တယ်မဟုတ်လား။
And what is Portfolio?
ဟုတ် အလုပ်မဖြစ်လည်းရပါတယ်
I sent mail to myanmartutorials@gmail.com for questions I want to know.please,Check it!
What is Portfolio page?
Portfolios are a great way for web designers to show off their work and present to prospective employers what they can do.
you can see http://www.htootayzar.com
I AM REPORTER Huo Shang from it weekly.i want to your news for public.
၂/၃/၂၀၁၁ ည ၁၂ နာရီ အထိရပါသလား?
ကွန်ကမကောင်းတော့ ဘယ်လိုပို့ရမလဲ ပြီးတော့ ဖိုင်က အရမ်းများနေတယ်
ဟုတ်ပါတယ်။ နောက် ဆုံးတင်ရမယ့်ရက် နောက်ကို ရွှေ့ ပေးပါလား။ အခုတလောကွန်နက်ရှင်မကောင်းလို့။
@sha92ရေ ကိုသီဟက ဘားကမ့်ပွဲတုနး်က ပြောသွားတယ်လေ တစ်လပိုင်း ပထမအပတ်အထိရတယ်လို့
Page တိုင်းရဲံ Psd ဖိုင်တွေကိုပို့ရမယ်ဆိုရင် ဘယ်လိုမှအဆင်မပြေဘူး
အဲ့လိုနဲ့ ပို့လို့မရရင် ဘယ်လိုများပို့ပေးရမလဲမသိဘူး
စာမျက်နှာတိုင်းက ဒီဇိုင်းတစ်ခုတည်းပဲဆိုရင် PSD ဖိုင်တစ်ခုတည်းနဲ့တင်ရမယ်ထင်တယ်။
နောက် ဆုံးတင်ရမယ့်ရက် နောက်ကို ရွှေ့ ပေးပါလား။ အခုတလောကွန်နက်ရှင်မကောင်းလို့
နောက်ဆုံး တင်ရမယ့် ရက်ကို တစ်ပတ်တိတိ ရွေ့ပေးလိုက်ပါတယ်၊ PSD တွေကို အွန်လိုင်းက ပို့လို့ အဆင်မပြေရင် လူကိုယ်တိုင်လဲ လာပို့နိုင်ပါတယ်ခင်ဗျာ၊ myanmartutorials@gmail.com ကို မေးလ်ပို့ပြီး ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ ….
အခုလို နောက်တစ်ပါတ်ရွှေ့ပေးလိုက်လို့ကျေးဇူးဘဲကိုသီဟရေ
ဒီ page ကိုထက် ၀င်မကြည့် ဖြစ်လိုက်ဘူး ..
deadline တစ်ပတ်နောက်ဆုတ်လိုက်တာမသိလိုက်ဘူး …
ကောင်းကောင်းမအိပ်ရတာနှစ်ညရှိပြီ ..
…
ဒီနေ့တောင်မှနောက်ဆုံးနေ့ဆိုပြီး ကျူရှင်ရှိတာတောင်သွားမတက်ဘူး .. မပြီးသေးလို့ ..
ခုလေးတင်ပဲပြီးသွားလို့ .. ဘာတွေလိုအုံးမလဲဆိုပြီး၀င်ကြည့်မှ ..
.. ၀မ်းနည်းလိုက်တာ ..
ရက်နောက်ဆုတ်သွားတာသိတယ် ..
တပတ်နောက်ဆုတ်သွားတယ်ဆိုတော့ .. ၉ ရက်နေ့နောက်ဆုံးပေါ့ ?????
ဇွဲကောင်းတယ်နော်။
ko thi ha
ကွျန်တော် လုံး၀မသိလိုက်ဘူး အကို ရက်ရွေတာ။ ကွန်နက်ရှင်မကောင်းတာကြောင့်ြပေါ့ အကို ။
ကွျန်တော် ကမန်းကတန်းနဲ့ ပို့လိုက်မိပြီ
ပို့ပြီးသားသူတွေလဲ ပြန်ပို့လို့ရပါတယ်ခင်ဗျာ ၁၂/၃/၂၀၁၁ အထိ ပြန်ပို့လို့ရပါသေးတယ်ခင်ဗျာ ကျွန်တော်ကတော့ စာရင်း တင်ထားလိုက်မယ်ခင်ဗျ
mail နဲ့မပို့ပဲ ကိုယ်တိုင်လာပေးမယ်ဆိုဘယ်ကိုလာပေးရမှာလဲ .. ခုနောက်ပိုင်း connection ကသိပ်မကောင်းတော့ .. လူကိုယ်တိုင်လာပို့လိုက်ရင်ပိုမြန်မယ်ထင်တယ် …
အစတုန်းက ဒီနေ့နောက်ဆုံးဆိုတော့ညလောက်မှပဲပို့မလို့ .. ရက်တိုးသွားပြီဆိုတော့ကိုယ်တိုင်ပဲလာပေးလိုက်တော့မယ် ..