Team Building
Myanmar Tutorials အနေနဲ့ မြန်မာနိုင်ငံမှာ အရေးတကြီး လိုအပ်နေတယ်လို့ မြင်တဲ့ Team Building အပိုင်းကို အခန်းကဏ္ဍ တစ်ခုအနေနဲ့ တင်ဆက်ပေးသွားမယ်လို့ ရည်ရွယ်ပြီး Team Building ဆိုတဲ့ အခန်းကို စတင်ဖွင့်လှစ်လိုက်ပါတယ်။ နိုင်ငံတည်ငြိမ်ရေးဆိုတာကို ရှေးရှုနေတဲ့ အချိန်မှာ Public Team Building ဆိုတဲ့ အခန်းကဏ္ဍက အရေးမကြီးပေမယ့် နိုင်ငံတိုးတက်ရေးအတွက်ဆိုရင် Public Team Building ကို လုံးဝ (လုံးဝ) လစ်လျူရှုထားလို့ မရပါဘူး။ Capacity Building အပိုင်းမှာ တစ်ဦးခြင်း တစ်ယောက်ခြင်းစီ စွမ်းဆောင်ရည်ကို မြင့်တက်လာအောင် ဆောင်ရွက်ကြရမှာ ဖြစ်သလို ပူးပေါင်းဆောင်ရွက်တတ်တဲ့ အလေ့အထ စွမ်းဆောင်ရည်ကိုလည်း မြင့်တက်လာအောင် ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။
ဒီကဏ္ဍကို တင်ဆက်တဲ့ နေရာမှာ Team Building အပိုင်းနဲ့ ပတ်သက်ပြီး လိုအပ်မယ့်အရာတွေ အားလုံး သိသင့်တဲ့ အချက်တွေအားလုံးကို တတ်စွမ်း သမျှ ဝေမျှသွားဖို့ ရည်ရွယ်ပါတယ်။ ဘာသာပြန်တွေလည်း ပါသလို၊ Success Story တွေလည်း ပါမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ လုပ်ကိုင် ဆောင်ရွက် နိုင်ခဲ့ကြတဲ့ Team Building Activity တွေကိုလည်း တင်ဆင်ပေးသွားဖို့ ရည်ရွယ်ပါတယ်။ ဒီအစီအစဉ်ကို စိတ်စေတနာအရင်းခံနဲ့ တင်ဆက်ပေးမှာ ဖြစ်ပြီး အခြား ဘယ်လိုအကျိုးအမြတ်မှ မရည်ရွယ်ပါဘူး။ အဓိက အကျဆုံးကတော့ Team Building Activity တွေ ပေါ်ထွန်းလာရေး၊ ပူးပေါင်းဆောင်ရွက်တတ်တဲ့ အလေ့အထများ ဖြစ်ထွန်းအောင်မြင်လာရေး၊ စီးပွားရေးအရ ပူးပေါင်း ဆောင်ရွက်နိုင်သော Entrepreneur ဆန်တဲ့ Team များ ဖြစ်ထွန်းလာရေးဆိုတဲ့ ရည်ရွယ်ချက်တွေကို ဦးတည်ပါတယ်။ ဒီတော့ Team Building ဟာ နိုင်ငံတိုးတက်ရေး အတွက် မရှိမဖြစ်လိုအပ်တယ်။ တည်ဆောက်သင့်တယ်လို့ ယူဆသူ သူငယ်ချင်းများလည်း ပူးပေါင်းဆောင်ရွက်ကြဖို့ ဖိတ်ခေါ်ပါတယ်။
နောက်ဆုံး ဝန်ခံချင်တဲ့အချက်ကတော့ ကျွန်တော်တို့ဟာ ပညာရှင်တွေ မဟုတ်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ ရေးသားတဲ့ အချက်အလက်တွေနဲ့ ပတ်သက်ပြီး အမှားအယွင်းတွေ ပါခဲ့လို့ရှိရင် စေတနာ အမှားပဲဆိုပြီး ခွင့်လွတ်ပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်။ အမှားအယွင်းများကို မှန်ကန်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ စိတ်စေတနာနဲ့ ထောက်ပြ ဝေဖန်လာတာတွေ အားလုံးကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်။ မတူညီတဲ့ အမြင်တွေကိုလည်း လွတ်လွတ်လပ်လပ် ဆွေးနွေးကြပါလို့လည်း ဖိတ်ခေါ်ပါတယ်။
Myanmar Tutorials အဖွဲ့သားများ
Facebook comments:




ဒီလောက် အကျိုးရှိမယ့် ကဏ္ဍကို ဆက်ဖို့ရေးပေး တောင်းဆိုချင်ပါတယ်
ပူးပေါင်းဆောင်ရွက်တတ်သော အလေ့အကျင့်မရှိကြသလို ပူးပေါင်းဆောင်ရွက်ရမည့် နည်းစနစ်များကိုလည်း မကျွမ်းကျင်
သောကြောင့် အဖွဲ့အစည်းတွေဟာ အောင်မြင်သင့်သလောက် မအောင်မြင်ဘဲ အချိန်ကြန့်ကြာနေသည်ဟု ထင်ပါသည်။