Shweyoe Unicode Dictionary V:1.1

အားလုံးဘဲမင်္ဂလာပါ။
အရင်တစ်ခေါက်က ကျွန်တော် ရွှေရိုး ဇော်ဂျီ အဘိဓာန်လေးနဲ့မိတ်ဆက်ပေးခဲ့ပါတယ်။
အခု ကျွန်တော် မိတ်ဆက်ပေးမှာကတော့ ရွှေရိုး Unicode Dictionary ဘဲဖြစ်ပါတယ်။
ရေးပြီးတာနဲ့တင်မယ်တင်မယ်နဲ့ မတင်ဖြစ်သေးတာ အခုတော့တင်ဖြစ်သွားပါပြီ။
ကြားထဲမှာ Testing လုပ်ရတဲ့အကြိမ်ကလည်း မနည်းပါဘူး။

တတ်နိုင်သလောက်တော့ စမ်းထားတယ်။

Unicode Keyborad  တွေထဲမှာတော့ keymagic နဲ့ NHM နဲ့တော့်စမ်းပီးပါပြီ။

keymagic ကတော့အဆင်တော်တော်ပြေတယ်။ NHM ကတော့ဘာကြောင့်လဲတော့မသိဘူး။

သူကြောင့် တော်တော်တောင် ပြန်ပြင်လိုက်ရတယ်။
ဘာဖြစ်လို့ Unicode Version ကိုထပ်ရေးလဲဆိုတော့ Unicode Dictionary လေးတစ်ခုလောက်ရှိရင်ကောင်းမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ရေးလိုက်တာပါ။
ပြောမဲ့သာပြောရတယ်..မြန်မာနိုင်ငံမှာ အဘိဓာန် တွေက မှိုလိုပေါက်နေပြီ..။
တစ်ခုနဲ့တစ်ခု ကမတူညီသလို အားသာချက် အားနည်းချက်တွေလည်း ရှိကြတယ်။

တော်တော်များများကလည်း အခကြေးငွေမယူဘဲ လုပ်ပေးနေကြတာတွေပါကျွန်တော်လည်းအပါအဝင်ပေါ့။
ဒီတစ်ခုပြီးရင်တော့ အဘိဓာန် ကိုဆက်မရေးတော့ဘူး။
တခြား အသုံးပြုသူတွေအတွက် အဆင်ပြေလွယ်ကူစေမဲ့ အကြောင်းအရာတွေကိုဘဲဆက်ရေးတော့မယ်။
လောလာဆယ်ကတော့ ခေါင်းထဲမှာတော့ အိုင်ဒီယာတော့ ရှိတယ်။
အဲ့ဒါလေးသာပြီးသွားရင် အသုံးပြုသူတွေအတွက် တော်တော်လေး အဆင်ပြေသွားမယ်လို့မျှော်လင့်တယ်။
ဒါပေမဲ့ အချိန်ကကြာဦးမယ်နဲ့တူတယ်။စတော့မစဖြစ်သေးဘူး။

အရင်ကျွန်တော်ရေးခဲ့တဲ့ ဇော်ဂျီနဲ့ ရွှေရိုးက အတက်မှာနှေးတယ်။

အဲ့ဒါလည်း ဘယ်သူမှမပြောကြဘူး။
အခု ရွှေရိုး Unicode Version ကအဲ့ဒါကိုပြင်ထားတဲ့အတွက်ကြောင့် အတက်မှာမနှေးတော့ဘူး။

ဇော်ဂျီတုန်းက အားနည်းချက်တွေကိုတော်တော်လေး ပြုပြင်ထားတယ်။
ပြောရရင် ကျွန်တော် ကိုယ်တိုင်လည်း Unicode Version ကိုပိုကြိုက်တယ်။

သုံးချင်တဲ့သူတွေ သုံးနိုင်အောင် ပါဘဲ။
Database ကတော့ Ornagai Unicode ပါဘဲ။
ဒါရေးတုန်းကတော့ တော်တော်အခက်တွေ့တယ်။
ကိုစေတန်ဆီက Unicode ကိုတောင်းလိုက်မှအဆင်ပြေသွားတယ်။
အဲ့ဒီအတွက် ကူညီပေးတဲ့ ကိုစေတန် ကိုအထူးဘဲကျေးဇူးတင်ပါတယ်။

Unicode ဆိုတဲ့အတွက်ကြောင့် Unicode Keyboard နဲ့ Myanmar3 Font ကိုသုံးထားပါတယ်။
.Net ဆိုတဲ့အတွက်ကြောင့် .Net Framework 4.0 တော့ရှိမှရပါမယ်။
မရှိဘူးဆိုရင်တော့ အောက်ကလင့်တွေမှာ ဒေါင်းနိုင်ပါတယ်။

http://www.softpedia.com/get/Others/Signatures-Updates/NET-Framework.shtml

http://msdn.microsoft.com/en-us/netframework/aa569263

ပထမ ကယွန်းချို သုံးထားပေမဲ့ အသတ် တွေမှာအဆင်မပြေတဲ့အတွက်ကြောင့် အားလုံးပြန်ပြောင်းလိုက်ရတယ်။
ကျွန်တော့် Unicode Version ကိုစမ်းပေးတဲ့ MyanmarLinks က အဖွဲ့သားအားလုံးကို ကျေးဇူးတင်ပါတယ်။

အကြံပေးခဲ့တဲ့ ဆရာသီဟ ကိုလည်းကျေးဇူးတင်ပါတယ်။
ဒီ အဘိဓာန် လေးဖြစ်မြောက်ရေးအတွက် ကူညီပေးခဲ့သူတွေအားလုံး ကိုလည်း အထူးဘဲကျေးဇူးတင်ပါတယ်။
ဒီအဘိဓာန် က Free ဖြစ်တဲ့အတွက်ကြောင့် မည်သည့် အခကြေးငွေမှပေးစရာမလိုပါဘူး။
Unicode Version သုံးချင်တယ်ဆိုတဲ့ သူတွေအတွက်ကတော့ အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်။
အဆင်မပြေတာများရှိခဲ့ရင် ကျွန်တော့် ထံကို မေးမြန်းအကြံပေးနိုင်ပါတယ်။

ဒီ  ဆော့ဖ်ဝဲလေးမှာ တက်တဲ့ Error ​တွေရှိရင်လည်း ပြောပါ။ဒါမှသာ ကျွန်တော်ပြင်ပေးလို့ရမှာဖြစ်ပါတယ်။

Download မရဘူးဆိုရင်လည်း အောက်မှာသာ ကွန်မင့်ကို Email နဲ့ပေးထားလိုက်ပါ။ကျွန်တော်ပို့ပေးလိုက်ပါ့မယ် အဆင်ပြေရင်။
အားလုံးကို ကျေးဇူးအထူးဘဲတင်ရှိပါတယ်။

Download Links

http://www.ziddu.com/download/15609569/ShweyoeUnicodeDictionary1.1.zip.html

http://www.mediafire.com/?df0prhgdlsfdo08

http://hotfile.com/dl/123387274/58603cd/Shweyoe_Unicode_Dictionary_1.1.zip.html

 

အဲ့ဒီအထဲမှာ တစ်ခါတည်း keymagic ကိုပါထည့်ပေးထားပါတယ်။

Install လုပ်နည်းကိုလည်း တစ်ခါတည်း ထည့်ပေးထားပါတယ်။

အားလုံးကျန်းမာ ချမ်းသာကြပါစေ။

Facebook comments:

24 Responses

  1. K says:

    Unicode ကအခုထိ သွင်းလို့မရသေးဘူး။ .NET Framework မှာတင် ကွိုင်တတ်နေတုန်း။ ကြည့်ရတာ ဒေါ့နတ်နဲ့ ကံမပါဘူးထင်တယ်။ ^^

  2. Yangonese! says:

    Microsoft .NET Framework 4 (Standalone Installer)
    http://www.microsoft.com/download/en/details.aspx?id=17718

  3. Zawmin says:

    ကျွန်တော် တနင်္လာ နေ့ကျရင် ကြည့်ပေးမယ်ဗျ။

  4. Thet Aung says:

    ကိုဇော်မင်းရေ facebook LIKE Button အလုပ်မလုပ်ဘူးနဲ့တူတယ်။
    ကျွန်တော် LIKE လုပ်တာမရလို့။
    ပြန်စစ်ကြည့်ပါဦးဗျ။
    ကျေးဇူးတင်ပါတယ်။
    ဒေါင်းသွားပါပြီ။

  5. Zawmin says:

    @Thet Aung
    Yes,I think so.
    When i clicked LIKE Button,its just like you said.
    i don’t know why its happening.
    so sorry for that.

  6. yeyint says:

    thanks bro. love it.

  7. si thu lwin says:

    .net ​​​ေတာ့ဆွဲြီးသွားြီ
    ​​ေနာက် အဘိာန်ကိုဆွဲမရဘူး

  8. Zawmin says:

    ဘယ်လိုဆွဲလို့မရတာတုန်းဗျ…လင့်ပျက်တာလား…ဘယ်လိုဖြစ်တာလဲဆိုတာလေး အပြည့်အစုံပြောပေးပါလား။

  9. ack says:

    Hi! Bro,

    you should sell your product to develop and appreciate Myanmar software products.

    Thanks

  10. akn says:

    System.InvalidOperationException: The ‘Microsoft.ACE.OLEDB.12.0′ provider is not registered on the local machine.
    win 7 မှာအဲ့ဒီလိုဖြစ်နေလို့ဘယ်လိုလုပ်ရမလဲ။

  11. Zawmin says:

    အဲ့ဒါက ဆော့ဖ်ဝဲက တက်တဲ့ Error မဟုတ်ဘူးဗျ…။
    အစ်ကို သုံးနေတဲ့ Windows 7 က 64bit လား..ဒါမှမဟုတ် မူလ Microsoft ကထုတ်တဲ့ Windows7 မဟုတ်ဘဲနဲ့ တခြား Third Party ကပြောင်းထုတ်ထားတဲ့ Windows ​တွေကိုသုံးနေတာလား..အဲ့ဒီလိုသုံးနေတယ်ဆိုရင်တော့ ဟုတ်တယ်…မရဘူးခင်ဗျ…ပြင်ထားတဲ့ Windows ​ပေါ်မှာလည်း မ Run နိုင်ပါဘူး။
    ကျွန်တော်စမ်းပြီးသွားပါပြီ။
    နောက်တစ်ခုက Microsoft Access က Windows 32bit အတွက်ဘဲ Support လုပ်တာပါ..64bit အတွက်မလုပ်ပါ။
    ကျွန်တော် တခြားစက်တွေတော်တော်များများ မှာစမ်းကြည့်တာတော့ အားလုံးအိုကေလို့..တင်ပေးလိုက်တာပါ။
    အဆင်မပြေမှုဖြစ်စေတဲ့အတွက်တောင်းပန်ပါတယ်။

  12. akn says:

    ko zaw min
    ပြန်လည်ဖြေကြားပေးတာကျေးဇူးပါ။
    သုံးနေတာက macbook ပါ။ Shweyoe က win xp (3) တင်ထားတုံးက အလုပ်လုပ်ပါတယ်။
    win 7 တင်တော့မှ အဲ့ဒီပြဿနာတက်လာတာ။
    win 7 က original မဟုတ်ပါ။ .net ကတော့ အသင့်ဆွဲပြီးရောင်းတဲ့အခွေထဲကပါ။
    anyway
    thanks a lot

  13. [...] လုပ်ပါတယ်။ NHM နဲ့ပါရိုက်နိုင်ပါတယ်။ ဒီမှာဒေါင်းနိုင်ပါတယ်။ သူလည်းဟိုတလောက [...]

  14. ZARNI says:

    တစ်ခုလောက်မေးလို့ရမလား Dictionary မှာ ဘာ DataBase ကို သုံးထားသလဲဆိုတာ သိချင်လို့

  15. Zawmin says:

    @Zarni
    You can use Ornagai database.

  16. learnerboy says:

    Hello Ko Zaw Min,

    I want to make myanmar version programs.
    But, I don’t know how to do.
    I can make english versions only.
    Please help me.
    Both Zawgyi and unicode.
    :)
    Help me.
    Please send me some sample code.
    linnlattboy(at)gmail.com
    Thanks.

  17. Zawmin says:

    @learnerboy

    အစ်ကို​ရေ
    Eng-Myan ရ​ရင် Myan-Eng ပါ​ရ​တာ​ဘဲ​မဟုတ်​ဘူး​လား။
    ကျွန်တော့်​အထင်​အစ်ကို Keyboard ပြောင်း​ဖို့​ဘဲ​လို​တာ​ပါ။
    အရင် Eng Keyboard နဲ့​ရိုက်​ထား​တဲ့​ဟာ​ကို မြန်မာ Keyboard ပြောင်း​ပေးလိုက်​ရင် ကျန်​တဲ့ Searching အပိုင်း​တွေ​က အတူတူ​ပါ​ဘဲ​ခင်​ဗျ။
    မြန်မာ​စာ​ကို လက်ခံ​ပြီး​တော့ သူ​နဲ့​တူ​တဲ့ English စာ​ကို​ပြန်​ထုတ်ပေး​တာ​က အင်္ဂလိပ်​စာ​ကို​လက်ခံ​ပြီး မြန်မာ​စာ​ထုတ်ပေး​တာ​နဲ့​အတူတူ​ပါ​ဘဲ။
    အစ်ကို​က ဘာ Language နဲ့​ရေး​တာ​လည်း​မ​သိ​ဘူး။

  18. ZARNi says:

    ဖရန့် ဒေတာဘေ့ပြန်စီရန်ဆိုတဲ့ သဘောတရားကို နားမလည်ဘူး၊ ဘာလို့ပြန်စီရန်လိုအပ်သလဲ၊ နောက်ဘယ်လိုပြန်စီတာလဲ

  19. learnerboy says:

    I want to make the calculator(myanmar font version) in c sharp.
    I got the errors when i tried zawgyi-font. (format errors).
    I got the errors also when i tried unicode mm3 fonts.
    How to do it please give me the hints.
    please help me.

    • Zawmin says:

      ဘယ်လို Error တက်လာတာ တုန်းဗျ…ကျွန်တော် အရင်က လုပ်ဖူးပါတယ်..ရပါတယ်…
      သေသေချာချာ လေး ပြည့်ပြည့်စုံစုံ ပြောပေးပါလားဗျ…ကျွန်တော် ရှင်းပေးပါ့မယ်

  20. learnerboy says:

    I want to use password protected access database.(mdb) (2003)

    how to write connection string?

    When i tried, I got the errors.

    Please help me this too.
    :D

  21. [...] ကိုဇော်မင်းစိုး ရဲ့ ရွှေရိုး ဒေါ်မိုးလည်းဝေးပဲ။ :S [...]

Leave a comment


*