Shweyoe Dictionary
အားလုံးဘဲ မင်္ဂလာပါ။
ကျွန်တော်လည်းအလုပ်ရှုပ်နေလို့စာမရေးတာ တော်တော် တောင်ကြာသွားပြီ။
အခု ကစပြီးတော့ ပြန်ရေးပေးပါတော့မယ်။
အခု ကျွန်တော် မိတ်ဆက်ချင်တာ ကတော့ ကျွန်တော် ဖန်တီးထားတဲ့ အင်္ဂလိပ်-မြန်မာ , မြန်မာ-အင်္ဂလိပ် အဘိဓာန်လေးဘဲဖြစ်ပါတယ်။
အစကတော့ ကျွန်တော် က Windows မှာဘာ အဘိဓာန်သုံးရမလဲမသိတာနဲ့ မထူးပါဘူးကွာ ကိုယ့်ဘာသာကိုယ်ရေးသုံးမယ်ဆိုပြီးတော့ .Net Framework 4.0 ပေါ်မှာအခြေခံပြီးတော့ ရေးသားလိုက်တာပါ။
နောက်တစ်ခုက ဘယ်အဘိဓာန်မဆို စာလုံးအသစ်တွေ ကိုယ့်ဘာသာကိုယ်စိတ်ကြိုက်ထည့်လို့မရတာတွေကိုပါစိတ်တိုင်းမကျတဲ့အတွက်ကြောင့် စာလုံးအသစ်တွေပါထည့်လို့ရအောင် ရေးထားပါတယ်။
ကျွန်တော့် အဘိဓာန်ကို သုံးမယ်ဆိုရင်တော့ .Net Framework 4.0 ရှိရမှာဖြစ်ပါသည်။
နောက်ပြီးတော့ ဇော်ဂျီ ဖောင့်နဲ့ ကီးဘုတ်ရှိရမှာဖြစ်ပါတယ်။
Requirement များမြင့်နေလားမသိဘူး။
.Net Framework 4.0 မရှိဘူးဆိုရင်တော့ အောက်က လင့်ခ်တွေမှာ ဒေါင်းလို့ရပါတယ်။
http://www.softpedia.com/get/Others/Signatures-Updates/NET-Framework.shtml
http://msdn.microsoft.com/en-us/netframework/aa569263
ရှိတယ်ဆိုရင်တော့ ဒေါင်းစရာမလိုပါဘူး။
.Net ဆိုတဲ့အတွက်ကြောင့် Windows OS မှာဘဲ Run လို့ရမှာဖြစ်ပါတယ်။
အခုခေတ် Application တွေထဲမှာလည်း .Net နဲ့ရေးတဲ့ Application တွေကလည်း နေရာယူလာကိုတွေ့ရတဲ့အတွက်ကြောင့် ကိုယ့်စက်ထဲမှာ .Net Framework 4.0 လောက်ရှိထားဖို့လိုပါတယ်။
မရှိလို့ဒေါင်းပြီးသွားရင်တော့ .Net Framework 4.0 ကိုအရင်သွင်းလိုက်ပါ။
သွင်းနည်းကလည်း အင်မတန် လွယ်ပါတယ်။အားလုံးသွင်းပြီးသွားရင် စက်ကို Restart ချလိုက်ပါ။
ပြီးရင် ကျွန်တော့် အဘိဓာန်လေးကို သွင်းလိုက်ပါ။
သွင်းပုံသွင်းနည်းကို PDF ဖိုင်လေးနဲ့ကျွန်တော် ရှင်းပေးထားပါတယ်။
Requirement မြင့်နေတယ်လို့တော့ မမြင်စေချင်ပါဘူး။
တော်တော်များများက .Net Framework 4.0 ဆိုရင် နှာခေါင်း ရှုံ့လေ့ရှိလို့ပါ။
အစက ထုတ်ဖို့ရည်ရွယ်ချက်မရှိပါဘူး။ကိုယ့်ဘာသာကိုယ်သုံးဖို့ရေးလိုက်တာပါ။
ဆရာ သီဟက မင်းဟာ မဆိုးဘူး ထုတ်လိုက်ပါလို့ တိုက်တွန်းလို့ အသုံးပြုချင်သူတွေပါ သုံးလို့ရအောင် ထုတ်ပေးလိုက်တာပါ။
ကျွန်တော့် ဒီအဘိဓာန် လေးပြီးမြောက်ရေးအတွက် အဘက်ဘက် ကဝိုင်းဝန်းကူညီပေးခဲ့ကြသူများအားလုံးကို အထူးဘဲကျေးဇူးတင်ပါတယ်ခင်ဗျာ။
ဒီအဘိဓာန်လေးက Ornagai Database ကိုသုံးထားပါတယ်။
ဒီအတွက် Ornagai Database နဲ့သက်ဆိုင်သူများအားလုံးကို အသုံးပြုခွင့်ပေးပါရန် တောင်းခံအပ်ပါတယ်ခင်ဗျာ။
ဒီ Application လေးအတွက်မည်သည့်အခကြေးငွေမှ ပေးစရာမလိုပါဘူး။
အဆင်မပြေတာရှိရင် အောက်မှာ Comment ပေးပြီးမေးမြန်းနိုင်ပါတယ်ခင်ဗျာ။
လိုအပ်ချက်တွေရှိနေရင်လည်း ဝေဖန် ထောက်ပြပေးနိုင်ပါတယ်။
ကျေးဇူးတင်ပါတယ်ခင်ဗျာ။
Download Links
http://www.mediafire.com/?u8elvpr0y27b36l#1
http://www.ziddu.com/download/15482023/ShweyoeDictionary.zip.html
http://www.zshare.net/download/919360678bcd9221/
http://hotfile.com/dl/122343141/a174cdd/Shweyoe_Dictionary.zip.html
Facebook comments:







ကောင်းပါတယ်ဗျာ။ အားပေးနေပါမယ်
How’s about unicode version?
ဟုတ်ကဲ့ပါ။မကြာခင်မှာ ထုတ်လုပ်နိုင်မယ်လို့မျှော်လင့်ပါတယ်။
I think, the source from ornagai. Is it ?
I think, the dictionary data source from ornagai. Is it ?
We can collaborate for that! it’s much difficult for that.
I mean it’s not much difficult for that.
ဟုတ်ပါတယ်ကိုစေတန်..။
Ornagai Dictionary Data Source ပါ။
Ornagai Dictionary Data Source ကSource Code ကိုဘယ်လိုယူရမလဲဟင်..သိချင်လို့ပါ…
ကိုစေတန်ံဆီက တောင်းယူနိုင်ပါတယ်
Yes sir , we’ll collaborate for that.
I would like to request you to add credit to ornagai for that.
SELECT *, CASE WHEN `Word` = ‘sim’ THEN 1 WHEN `Word` LIKE ‘sim%’ THEN 2 WHEN `Word` LIKE ‘%sim’ THEN 4 ELSE 3 END `sort` FROM `dblist` WHERE `Word` LIKE ‘%sim%’ ORDER BY `sort` , `Word`
is a search query in Ornagai. It will sort results like following
sim
sim%
%sim%
%sim
But I don’t know how to port to access or mssql
Ornagai Dictionary Data Source ကSource Code ကို..ကိုစေတန်ဆီကတောင်းယူလို့ရတယ်လို့ပြောလို့ပါ..ဘယ်လိုယူရမလဲဟင်…အဆင်ပြေရင်ပေးစေချင်ပါတယ်.။ကျေးဇူးပြုပြီး..
@ThuZar , check https://github.com/saturngod/ornagai-V2/downloads
ကျေးဇူးတင်ပါတယ်.ကိုစေတန်
menu bar က view change ကို မြန်မာ fount ပြောင်းတော့ အတုံးဖြစ်နေတယ် ကျန်တာ ok …thank u
ဟုတ်လားဗျ။ကျွန်တော့် ဆီမှာကတော့ ဘာမှမဖြစ်ဘူးဗျ။
ကျွန်တော် အကုန်စမ်းကြည့်တာတော့ ဘာမှမဖြစ်ဘူး။
ကျေဇူးတင်ပါတယ်။
ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျ။
Thanks a lot Brother…..
But I couldn’t download it in china.
Please give me by ifile link if you ok.
အင်းဗျာ…အဲ့ဒါကလည်း ပြဿနာတစ်ခုဘဲ…ကျွန်တော် ဦးသီဟကိုတော့ပြောထားပါတယ်။
သူလည်းအဆင်မပြေသေးလို့တဲ့။
ဒီကြားထဲမှာ အဆင်မပြေတဲ့သူတွေအတွက် ကျွန်တော် နောက်ထပ်လင့်ခ်လေးထပ်ပေးလိုက်ပါမယ်။
ကျွန်တော် ဖိုင်ကို နောက်ထပ် ဘယ်လိုမှကို Upload ထပ်တင်လို့ကိုမရဘူးဖြစ်နေတယ်။
ဘယ်ဆိုဒ်ကိုမဆို ဝင်ပြီး တင်လိုက်ရင် ပြန်ပြန် ကျသွားတာချည်းဘဲ။
လိုင်းကရှယ်ကောင်းဆိုတာ သိတဲ့အတိုင်းဘဲဗျာ..။
ကြိုစားကြည့်နေတာ အခါနှစ်ဆယ်မကတော့ဘူး။
ဘယ်လိုမှကိုတင်လို့မရဘူးဖြစ်နေတယ်။
ဒါကအစ်ကိုတစ်ယောက် တင်ပေးတဲ့လင်ခ့်လေးတစ်ခုပါ။
တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ…။
တခြားဒေါင်းပြီးသူများ အဆင်ပြေရင် ထပ်တင်ပေးပါခင်ဗျာ။
အဆင်မပြေတဲ့အတွက် တောင်းပန်ပါတယ်။
http://www.ziddu.com/download/15482023/ShweyoeDictionary.zip.html
ကျွန်တော် လင့်ခ်လေးတွေ အသစ်ထပ်ထည့်ပေးထားပါတယ်။
နိုင်ငံခြားက သူငယ်ချင်းတစ်ယောက်ကို တင်ခိုင်းလိုက်မှဘဲရတော့တယ်။
တင်ပေးတဲ့သူငယ်ချင်းကို ကျေးဇူးတင်ပါတယ်။
ifile.it link
http://ifile.it/amiwpb5/Shweyoe%20Dictionary.zip
And Thanks a lot , Zaw Min
Thanks a lot for your upload my application.
Have a nice day
Cheer bro
Deeply happy to hear about the developer of mm youth
Thanks sis.
How to make dictionary
Can u tell me please
hi
ဟုတ်ကဲ့…အဘိဓာန်ဘယ်လိုလုပ်သလဲဆိုတာက မခက်ပါဘူးခင်ဗျာ။
အဲ့ဒီ အဘိဓာန် ကို ဘယ်လိုကောင်းမွန်အောင် လုပ်ရမလဲဆိုတာ ကိုတွေးမိဖို့သာခက်တာပါ။
အစ်ကိုက ဘယ်လိုလုပ်ချင်တာလဲမသိဘူး။
အဘိဓာန်လုပ်ချင်ရင်တော့ ကြိုက်တဲ့ Programming Language နဲ့လုပ်လို့ရပါတယ်။
အဓိကပြောရရင် Database ထဲကဒေတာတွေကို မြန်မြန် ဆွဲထုတ်နိုင်ရင်တော့ အကောင်းဆုံးပါ။:D
ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျ။
I want to make like your dictionary
Where Can i gat Database tell me PL……………………..
Database က Ornagai Database ကိုသုံးနိုင်ပါတယ်။
Dictionary ကိုထပ်မလုပ်စေချင်တော့ဘူး များနေလို့။
တခြားဟာလေးတွေကို ကိုယ့်ဘာသာကို အိုင်ဒီယာ ထုတ်ပြီးတော့ ရေးကြည့်ပါလား။
အဲ့ဒီလိုဟာမျိုးတွေဆိုရင်တော့ ပိုအားပေးတယ်။
အဘိဓာန် တွေကကျွန်တော်ပြောသလိုဘဲ များနေပြီ။
လုပ်သာလုပ် ကျွန်တော်တို့မြန်မာနိုင်ငံမှာ ပြည်တွင်းဖြစ် ဆော့ဖ်ဝဲတွေတော်တော်နည်းနေသေးတယ်။
ဒါကြောင့် တခြားဟာလေးတွေ ရေးစေချင်တယ်။
အဆင်ပြေပါစေဗျား…။
Not Myanmar dictionary
I will make Chin to Myanmar
ThankQ
thank