MZ + MT Anniversary & Award Winning Ceremony
အားလုံးပဲ မင်္ဂလာပါခင်ဗျာ …. Myanmar Tutorials ဟာ ၂၅ ရက်နေ့ကတည်းက အဆက်အသွယ် ပြတ်သွားလိုက်တာ အခုတော့ Temporary Hosting တစ်ခုမှာ ပြောင်းတင်ပြီး ပြန်လည် လည်ပတ်ပြီ ဖြစ်ပါတယ်။ အခုလို အဆက်အသွယ် ပြတ်တောက်သွားခဲ့ရတဲ့အတွက် အားလုံးကို အနှူးအညွတ် တောင်းပန်ပါတယ်။ အထူးသဖြင့် Myanmar Tutorials’ Web Design Contest မှာ ပါဝင်ယှဉ်ပြိုင် ကြတဲ့သူတွေ အားလုံးကိုလဲ အထူးပဲ တောင်းပန်အပ်ပါတယ်။ ခု Hosting က ရိုးရိုး Hosting ဖြစ်တဲ့အတွက် Myanmar Tutorials နဲ့ အဆင်ပြေချင်မှ ပြေပါလိမ့်မယ်။ အဲဒီလို အဆင်မပြေတာတွေ ရှိခဲ့ရင် ကြိုတင် တောင်းပန်အပ်ပါတယ်။
ကျွန်တော်တို့ Mystery Zillion နဲ့ Myanmar Tutorials ပေါင်းပြီး နှစ်ပတ်လည် အစီအစဉ်တစ်ခုကို ICT Park (Conference Hall) မှာ ကျင်းပဖို့ ရှိပါတယ်။ Myanmar Tutorials Web Design Contest အတွက်လည်း ဆုပေးပွဲ အနေနဲ့ ကျင်းပဖို့ ရှိပါတယ်။ အားလုံး လာခဲ့ကြပါလို့ ဖိတ်ခေါ်ချင်ပါတယ်။ အထူးသဖြင့် ပြိုင်ပွဲဝင်များကို အထူးဧည့်သည်တော် အနေနဲ့ ဖိတ်ကြားလိုပါတယ်။
ကျင်းပမည့် နေရာ – ICT Park (Conference)
ကျင်းပမည့် အချိန် - 9:00 – 5:00
ကျင်းပမည့် နေ့ရက် – 10th April 2011
လောလောဆယ် အစီအစဉ်များ -
Brief Talk about MZ + MT
ကိုသီဟ – နည်းပညာသမား တစ်ယောက်၏ ဒိုင်ယာရီ
ကိုအိမောင် – Professional Web Developer တစ်ဦးအနေဖြင့် တတ်သိထားသင့်သည့် ပညာရပ်များ +Open Source အကြောင်း
အဲမွန် – Android နှင့် မြန်မာစာ စနစ်
Panel Discussion – Corporate IT Business Vs Consumer IT Business
Web Design Award Winning Ceremony
Facebook comments:



I think you should be back to MT. Dreamhost is totally slow since it oversold their resources. I’m not sure why you moved hosting but just as a suggestion, sell ads and vest with a CDN. just my 2 penny..