MysteryZillion Online Discussion
၂၈/၁၁/၂၀၁၀ မှာ MysteryZillion ရဲ့ Online Discussion အစီအစဉ်ကို ကျင်းပမယ်လို့ သိရပါတယ်။ အဓိက ဦးဆောင် ဆွေးနွေးပေးမယ့် သူကတော့ ကျွန်တော်တို့ Myanmar Tutorials ရဲ့ Contributor တစ်ဦးဖြစ်တဲ့ ကိုအောင်စည်သူကျော် ပဲဖြစ်ပါတယ်။ စင်္ကာပူနိုင်ငံမှာ Game Developer တစ်ဦးအဖြစ် တာဝန်ထမ်းဆောင် နေသူတစ်ဦးဖြစ်ပြီး စာအရေးအသား ကောင်းသူတစ်ဦးလည်း ဖြစ်ပါတယ်။ ကိုစည်သူနဲ့ Myanmar Tutorials အင်တာဗျူးထားတာကို ဖတ်ချင်တယ် ဆိုရင် ဒီနေရာမှာ ဖတ်နိုင်ပါတယ်။
MysteryZillion အနေနဲ့ Online Discussion ကို စီစဉ်ကျင်းပလာတာ လေးပွဲရှိပါပြီ။ စီစဉ်သူကတော့ ကိုဂျစ်ပစီပါ။ အရင်တုန်းက ကျင်းပခဲ့တဲ့ Online Discussion က အချက်အလက်တွေကို လိုချင်တယ်ဆိုရင်တော့ gipsyhnh(at)gmail.com မှာ ဆက်သွယ်ပြီး တောင်းလို့ရတယ်လို့ သိရပါတယ်။ Online Discussion မှာ ပါဝင်ဆွေးနွေးလိုပါက mysteryzillion@partychapp.appspotchat.com ကို မိမိ Gtalk မှာ Invite လုပ်ရမယ်လို့ သိရပါတယ်။
- ဆွေးနွေးမည့် အကြောင်းအရာ – ဂိမ်းတီထွင်ဖန်တီးခြင်းနှင့် အလုပ်အကိုင် အခွင့်အလမ်းများ
- အချိန် – မနက် ၉ း ၃၀ မှ မွန်းတည့် ၁၂ နာရီအထိ
- နေ့ရက် – ၂၈/၁၁/၂၀၁၀
- လိပ်စာ – mysteryzillion@partychapp.appspotchat.com
Facebook comments:



