Myanmar Tutorials’ Web Design Contest

ကျွန်တော်တို့ Myanmar Tutorials က ပထမဦးဆုံး ကျင်းပဖြစ်တဲ့ Web Design Contest ကို အခုမှပဲ အွန်လိုင်းပေါ် တင်လို့ ရတော့တယ်။ ပထမဦးဆုံးဆိုတဲ့ အတိုင်း အခက်အခဲတွေကလဲ အတော်လေးကို များပါတယ်။ ဒီကြားထဲ ကွန်နက်ရှင်ကလဲ မကောင်းတော့ ပိုဆိုးပါတယ်။ ဘာပဲ ဖြစ်ဖြစ် စခါစတုန်းက ဝင်ပြိုင်မယ့်သူတောင် မရှိဘူးလို့ ထင်ထားတာ ခုလို အများကြီး ဝင်ပြိုင်ကြတဲ့အတွက် ပြိုင်ပွဲဝင်များ အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်လို့ အရင်ပြောချင်ပါတယ်။ နောက်ပြီး ကျေးဇူးတင်ရမယ့် သူတွေကတော့ ဆုချီးမြှင့်ပေးတဲ့သူတွေပါ။ မဖြူစင်ကျော်၊ မောင်ပြုံးနဲ့ ကိုထူးမြင့်နောင် (technomation) တို့ကို ကျေးဇူးတင်ပါတယ်။

ပြိုင်ပွဲဝင်တွေ အနေနဲ့ အခက်အခဲဆုံး အနေအထားက အွန်လိုင်းကနေ ဖိုင်တွေ ပို့တာ ဖြစ်မယ်ထင်ပါတယ်။ အဲဒီလို အခက်အခဲတွေ ကြားထဲက ရောက်အောင် ပို့ပေးကြတဲ့သူတွေ ရှိသလို ကျွန်တော့်ဆီကို အိမ်တိုင်ရာရောက် လာပို့ကြတဲ့သူတွေလဲ ရှိပါတယ်။ ကျွန်တော့် အနေနဲ့ အီးမေးလ်က တစ်ဆင့် ပို့တဲ့သူရော အိမ်လာပို့တဲ့ သူတွေ အားလုံးကို စိစစ်ပြီး ပြန်တင်ပေးပါ့မယ်။ အဲဒီလို တင်တဲ့နေရာမှာ ပြိုင်ပွဲစည်းကမ်းအတိုင်း ဒီဇိုင်းပါလား၊ ပြီးရင် HTML & CSS ပါလားဆိုပြီး အရင်ဆုံး စိစစ်ထားပါတယ်။ အဲဒီလိုတင်တဲ့အခါမှာ Unique ဒီဇိုင်းကို အသားပေး ယှဉ်ပြိုင်ကြတာ ဖြစ်တဲ့အတွက် တိုက်ရိုက်ပုံတူကူးချတာမျိုး မဖြစ်စေချင်ပါဘူး။ အဲဒီအတွက် ကျွန်တော်ကတော့ မစိစစ်ထားပေမယ့် ပရိသတ်တွေ အနေနဲ့ စိစစ်ပြီး အွန်လိုင်းမှာ တစ်ပုံစံတည်း ရှိနေတယ်ဆိုရင် ထောက်ပြပေးစေချင်ပါတယ်။

(၁) Online Diary

ပေးပို့သူ – Pyae Phyo Thwe

(၂) Training Co

ပေးပို့သူ – Kyaw Moe Htwe

(၃) နေရာသစ်

ပေးပို့သူ – ကိုလင်း

(၄)  Frozencity

ပေးပို့သူ – Thiha Aye Kyaw

(၅)  Shan Pyae Bo

ပေးပို့သူ – Shan Pyaw Bo

(၆)  My Portfolio

ပေးပို့သူ – Aung Myo Hla

(၇) Online Painting

ပေးပို့သူ – Kyaw Kyaw Lin

(၈) World in my Lens

ပေးပို့သူ – Win Sandy Myint

(၉) Mobile Network

ပေးပို့သူ – Hein Zaw Htet

(၁၀) Knowledge Shelf Book Store

ပေးပို့သူ – Pwint Phyu Kyaw

(၁၁) Web Design Studio

ပေးပို့သူ – Aung Kyaw Hein

(Photoshop ဖိုင် ပါမလာပါ)

(၁၂) The Graphic Designer’s Portfolio

ပေးပို့သူ – Pauk Pauk, CZaw

(၁၃) Music for living

ပေးပို့သူ – Force

(၁၄) Romantic Wedding Planner

ပေးပို့သူ – မောင်ကျော်ဇင်သန့်

(၁၅) Colorful Myanmar

ပေးပို့သူ – Nyunt Win Aung

ပြိုင်ပွဲဝင်အားလုံး ၁၅ ယောက်ရှိပါတယ်။ Myanmar Tutorials ပရိသတ်ကြီး အနေနဲ့ Comment တွေပေးပြီး အကောင်းဆုံးတွေကို ရွေးချယ်နိုင်ပါတယ်ခင်ဗျာ။ ပရိသတ်အကြိုက်နဲ့ ကျွန်​​တော်တို့ Myanmar Tutorials အဖွဲ့သားတွေ အကြိုက်ကို တိုက်ဆိုင်ကြည့်လိုက်ရအောင်ခင်ဗျ။ ဆုချီးမြှင့်လိုသူများလဲ ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ …

Facebook comments:

104 Responses

  1. FATY says:

    I voted Mobile Network & Online Painting.

  2. Wint Ei Phyu says:

    I like knowledge shelf book store’s design.
    I vote for knowledge shelf book store……..

  3. yin nwe win says:

    Vote for Music For Living..

  4. Einstein. says:

    I Like Online Painting Design.

  5. myat min thu says:

    1)Mobile Network
    2)Web Design Studio

  6. Naing Lin Thet says:

    1. Knowledge Shelf Book Store
    2. Music For Living
    3. Romantic Wedding Planner

    and all of web designers are good.

  7. Sammy says:

    I vote
    1.Romantic Wedding Planner
    2. Knowledge Shelf Book

  8. thinzarhling says:

    I like Romantic Wedding Planner

  9. DL says:

    1.Romantic wedding Planner
    2.Music for living
    3.colorful myanmar

  10. Fre@k says:

    Fre@k လဲ vote ပေးချင်ပါတယ် ။
    အားလုံးကောင်းကြတယ်…
    ဒါပေမယ့် Web Design Contest ဆိုတဲ့ နာမည်လေးနဲ့ လိုက်ဖက်တဲ့ ဆိုဒ်လေးဖြစ် ဖို့ ကတော့
    @Best Award ….ပြိုင်ပွဲဝင်အမှတ် (၁၄) Romantic Wedding Planner ကို vote ပေးချင်ပါတယ် … ကာလာသုံးထားတာလေးလဲ စိတ်ဝင်စားဖို့ကောင်းပါတယ် .. တကယ်အသုံးပြုမည့် သူများဘက်မှကြည့် လျှင်လည်း ကဏ္ဍစုံစုံလင်လင် ဖော်ပြနိုင်တယ် လို့ မြင်မိပါတယ် ..
    နောက်… @Second Best Award…..ပြိုင်ပွဲဝင်အမှတ် (၁၃) Music For Living… ကောင်းပါတယ် jquery တွေ သုံးထားတာ လေး က အလန်း ဆိုဒ်လေး ပေါ့ .. ဒါပေမယ့် ကာလာတွေက မှောင်လွန်းနေတယ် လို့ ထင်မိပါ တယ် ..
    နောက် .. @Best Design Award …. ပြိုင်ပွဲဝင်အမှတ် (၂)Training Co… ရိုးရိုးရှင်းရှင်းလေးနဲ့ contact တွေကိုသပ်သပ်ရပ်ရပ် ချနိုင်တဲ့ ဆိုဒ်လေး လို့ မြင်မိပါတယ်
    @Best Technology Award … ကိုပြိုင်ပွဲဝင်အမှတ် (၁၀) knowledge Shelf Book Store … technology ကို အဓိကထားပြိုင်မယ် ဆိုရင် တော့ .. ဒီလို ဆိုဒ် မျိုးလေး ဖြစ် မယ်..ဒါပေမယ့် အကုန်မပါလာတာခတ်တယ် …
    @Special Award …ကိုတော့ ပြိုင်ပွဲဝင်အမှတ်(၅) Shan Pyae Bo ..ကိုရစေချင်တယ် ..ဆိုဒ် ၁ခု လုံးကျစ်ကျစ်လစ်လစ်တင်ပြနိုင်တယ် လို့ ထင်မိပါ တယ် … ကဲပြောချင်တာတွေတော့ ရေးပြီးသွား လို့ တင်လိုက် ပြီး …

  11. tda says:

    I think Romantic Wedding Planner is perfect for web design in contest….

  12. creativefox21 says:

    Training Co
    Knowledge Shelf
    Music for Living

  13. Yam Yam says:

    ဒီဇိုင်းပြိုင်ပွဲဖြစ်တဲ့အတွက် အလှဆုံးဒီဇိုင်းပေးရမယ်ဆိုရင်တော့ romatic wedding planner ပါ အခြားဟာတွေလဲကောင်းပါတယ် …..

  14. Eain says:

    ermm i guess i aldy vote this???did i?

  15. Mia says:

    i vote for knowledge shelfbook store it’s pretty awesome!!cool

  16. Hnin Lae says:

    vote for knowledge shelf book store

  17. Minima says:

    ဘယ်ဆိုဒ်မှမကောင်းပါဘူးဗျာ အားလုံးကလိုအပ်ချက်တွေအများကြီးဘဲ
    ကြာကြာကြည့်လေစိတ်ညစ်စရာတွေဖြစ်လေဘဲ

    • THIHA says:

      အပျော်တန်း အဆင့်ဆိုတော့ လိုအပ်ချက်တွေ အများကြီးရှိနေမှာ သေချာပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ယှဉ်ပြိုင်ရဲတဲ့ သတ္တိရယ်၊ အားလုံး အစအဆုံးပြီးအောင် စွမ်းဆောင်နိုင်ကြတာကို ချီးကျူးပါတယ်

    • Macg5 says:

      ဟုတ်ပါပြီဗျာ။ အဲ့ဒီကြည့်မကောင်းတဲ့ လိုအပ်ချက်တွေကို ကြာကြာပြန်မကြည့်ပဲ အမှတ်စဉ်ဘယ်လောက်က ဘာတွေလိုအပ်လဲဆိုတာတွေကို ပြောပြပါလားဗျာ

    • saturngod says:

      can you write more detail ? Why is it suck ? Can you write review post like me ?

      http://www.saturngod.net/knowledgebase/myanmar-tutorials%e2%80%99-web-design-contest-review

      http://www.saturngod.net/knowledgebase/myanmar-tutorials%e2%80%99-web-design-contest-review-2

      If you can’t write everything detail , you shouldn’t tell like this. You need fact why it is worse.

    • YAR ZAR AUNG says:

      @Minima : Show up your portfolio and analytic page impression. If you dare to say it, you are out of the business slot. They are trying to encourage those novice and amateur wed designers to show up their skills and take it to the next level. What do you expect? If you dare to compete in professional design, reply to my comment. Do not ever shoot other person if you are not even capable to show your own assert. One more thing, next time try to show up your gravata for better recognizable figure.

  18. Zawmin says:

    အဲ့ဒီလိုကြီးတော့မပြောသင့်ဘူးလို့ထင်ပါတယ်ခင်ဗျာ…။အပျော်တမ်းပြိုင်ပွဲဖြစ်တာ
    ကြောင့်မကောင်းခဲ့ဘူးဆိုရင်တောင် ကြိုးစားထားတဲ့ ဇွဲကိုတော့ ချီးကျူးရမှာပါ…။

  19. Su Wai says:

    I Vote for below Sites …

    13 Music For Living
    11 Web Design Studio
    10 Knowledge Shelf Book Store

  20. LEGOLAS says:

    I vote
    1.Music For Living
    2.Colorful Myanmar

  21. SU says:

    Mobile Network
    Training Co
    Online Painting

  22. MIn Maung says:

    Minima ဆိုတဲ့ကောင် ရေးသွားတာမရေးသင့်တာရေးတာပဲ သိပ်တော်နေရင်လဲ ပြိုင်ကြတဲ့လူငယ်တွေကို သင်ပေးခဲ့ပါလား
    အခုတော့အဆင့်အတန်းမရှိတဲ့စာေ၇းသွားတယ် မင်းအစားတော့ငါရှက်တယ် သူငယ်ချင်း မင်းလဲရှက်တတ်ပါစေ

  23. fighter says:

    I Vote for below Sites …
    1.Romatic Wedding
    2.Web Design Studio

  24. Aung Gyi says:

    @Minima

    ဘာဖြစ်လို့များသူများကိုလိုက်ပြောနေရတာတုံး…ခင်ဗျားသိပ်တော်နေတယ်ဆိုရင်လည်း တစ်ခါတည်း၀င်ပြိုင်လိုက်ပါလား…(ဒါမဟုတ်) Macg5 ပြောသလိုတစ်ခါတည်း သင်ပေးသွားပါလား။
    Myanmartutorials ပရိသတ်တွေလည်း အဆင်ပြေတာပေါ့။
    ခင်ဗျားက အပြုသဘော မဆောင်ဘဲနဲ့ အပျက်သဘောဆောင်နေတာဘဲ။
    ဘယ်လိုလူတွေလဲ…. :(

  25. @Minima
    လိုအပ်ချက်တွေရှိတယ်ဆိုတာ ဆိုက်ဆွဲတဲ့ ရေးတဲ့သူတွေကိုယ်တိုင်တောင် သိပါတယ်၊ ဒါလေးကိုတောင်မသိတဲ့ ခင်ဗျားက ပိုစိတ်ညစ်ဖို့ကောင်းတယ်

  26. kalay says:

    Romantic Wedding Planner Design is very nice.

  27. Zero says:

    ပြီးပြည့်စုံနေပြီ … အကုန်လုံးကောင်းတယ် … လိုအပ်ချက်တွေမရှိဘူး … perfect ဖြစ်တဲ့ site ရှိရင် ပြပါလား … တွေ့ဖူးချင်လို့ပါ ။ ကျွန်တော်က တော့ professionals တွေရေးတဲ့ site တွေတောင် အနည်းနဲ့ အများလိုအပ်တာတွေ ရှိနေတယ်လို့ထင်တယ် .. ပြီးတော့ လူ၁ ယောက်နဲ့ ၁ ယောက် အကြိုက်ချင်း/ အမြင်ချင်း လည်း တူတာမှမဟုတ်တာ …မရှုံ့ချသင့်ပါဘူး … ပြိုင်ပွဲ၀င်တဲ့ သူတွေအားလုံးကို ချီးကျူးပါတယ် ….

  28. Min Gyi says:

    zero ရေးသွားတာလေး ကောင်းပါတယ် တကယ်လဲအဲလိုဖြစ်သင့်ပါတယ် တစ်ယောက်နဲ့တစ်ယောက်မတူနိုင်ပါဘူး
    အားလုံးကိုအားပေးပါတယ် အခုလိုပြိုင်ပွဲ လေးဖြစ်လာတာကိုက အားတက်စရာပါ နောက်တစ်ခါကျရင် ဒီထက်ကောင်း
    တဲ့ဆိုက်တွေ ဖြစ်လာမှာသေချာပါတယ် ဘယ်ဘက်က ကြည့်ကြည့်ကောင်းဖို့ဖြစ်လာပါ myanmartutorials ကို
    အားပေးပါတယ် ဒါမျိုးပြိုင်ပွဲတွေ ကျင်းပပေးတာ တကယ်အကျိုုးရှိပါတယ် မကောင်းပြောသွားတဲ့ @minama လို
    လူမျိုးကတော့ ကိုယ်နိုင်ငံသားဖြစ်နေတာတောင်ရှက်မိတယ်

  29. Pho Phyu says:

    1.romatic wedding planner design is very nice……
    2.Shan pyae bo

  30. devils says:

    Minima
    ဝေဖန်တာ သိပ်တော်တယ်ထင်တယ်
    အဲဒါဆိုရင် site တစ်ခုလောက်လုပ်ပြပါလား
    လှတာမလှတာ အရေးမကြီးပါဘူး
    လုပ်ကောလုပ်တတ်ရဲ့လား
    သူများတွေ ၀င်ပြိုင်တာကို အကောင်းမြင်စမ်းပါ
    ကိုယ်တောင်မလုပ်နိုင်ဘဲနဲ့

  31. Harry says:

    i voted colorful myanmar

  32. moethoutkyal says:

    Mobile Network ကို Vote ပေးပါတယ်၊ Mobile Phone အကြောင်းကိုသိချင်တဲ့လူတစ်ယောက်အတွက် အချက်အလက်တွေ စုံလင်စွာနဲ့ ရှင်းလင်းရေးသားဖော်ပြထားတာပါ၊ Themes ကိုရွေးချယ်သုံးစွဲတဲ့အခါ မျက်စိရှုတ်တာတွေမရှိစေဘဲ ရိုးရှင်းသောအရောင်များ ပုံများနဲ့ ရွေးချယ်အသုံးပြုခဲ့တာကြောင့် ဆွဲဆောင်မှုလည်းရှိပါတယ်၊ ဆက်လက်ပြီးတော့လည်း ကြိုးစားပါ၊ ယခုပြိုင်ပွဲလေးမှာ ပါ၀င်ယှဉ်ပြိုင်ကြတဲ့ ညီအကိုမောင်နှမတွေအားလုံးက အရည်အချင်းရှိကြတဲ့ သူတွွေချည်းပါပဲ အားလည်းရပါတယ် တော်လည်းတော်ကြပါတယ် နောက်လည်း ယခုထက်ပိုပြိး ပိုပြိးတော့ ဆန်းသစ်တဲ့စိတ်ကူးတွေနဲ့ နောက်ထပ်နောက်ထပ် ဒီဇိုင်းများကိုလည်း ဖန်တီးရေးဆွဲနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်…

  33. Honey says:

    I like this.

    ” Web Design Studio”.

  34. aung myo says:

    ဟုတ်ကဲ့ပါ ကျွန်တော်တို့လို အပျော်တမ်းအဆင့် ပြိုင်ပွဲဝင်တွေအတွက်တော့ ဘာပဲဖြစ်ဖြစ် ဘယ်လို အဖြေပဲထွက်ထွက် ကိုယ့်ဘာသာပြိုင်ချင်လို့ပြိုင်ကြတာပါပဲ
    ကျွန်တော့်အနေနဲ့ကတော့ ဒီလိုပြိုင်ပွဲမျိုးတွေဖြစ်ပေါ်လာတာကို လက်ခံကြိုဆိုပါတယ်
    ကျွန်တော်လည်း ပြိုင်ပွဲဝင် တစ်ယာက်ပါပဲ သူများတွေအကြာင်းတော့သိပ်မသိပါဘူး ဒါပေမယ့် ကျွန်တော်ဆိုရင် ဒီပြိုင်ပွဲကိုပြိုင်ချင်လို့ အလုပ်တွေမအားတဲ့ကြားထဲက မရမကပြိုင်ခဲ့ရတာပါ။ ပြိုင်ပွဲက ရက်ထပ်မံတိုးမြှင့်ပေးတာကိုကျေးဇူးတင်ရပါတယ်။
    ဒါပေမယ့်ပေါ့လေ ရက်တိုးပေးပေမယ့် ကိုယ်တိုင်က အလုပ်တွေရှုပ်နေတာနှင့်ပဲ ဒီအတိုင်းပဲ မြန်မြန်ပို့လိုက်တဲ့ ဒီဇိုင်းအတိုင်းပဲ ထားလိုက်ရတော့တာပါ။ စိတ်ကတော့ မကျေနပ်နိုင်ဘူးပေါ့။ ကွန်နက်ရှင်ကလည်း သိကြတဲ့အတိုင်းဆိုတော့ ရသလောက်ပဲပေါ့။ အားလုံးပြီးသွားလို့ ဆိုဒ်ပေါ်ကို ပြိုင်ပွဲဝင်တွေရဲ့ ဒီဇိုင်းတွေ တင်ပေးလိုက်တဲ့အခါ သူများတွေအတွက်တော့မသိဘူး ကျွန်တော့်အတွက်တော့အဖြေထွက်သွားပါပြီ။ ဒီပွဲမှာ အောင်မြင်ဖို့ဆိုတာ မဖြစ်နိုင်သေးဘူးဆိုတာကိုပေါ့။ ကျွန်တော်ပြောချင်တာက နိုင်တာ မနိုင်တာထက်ပေါ့ ယှဉ်ပြိုင်ခြင်းတစ်ခုကသာ အဓိကလို့မြင်မိပါတယ်။ မှန်ပါတယ် ကျွန်တော့်တို့ဖန်တီးတဲ့ ဆိုဒ်တွေက လိုအပ်ချက်တွေတစ်ပုံတစ်ပင်ရှိနေမှာပါ။ ဒါပေမယ့် ခေါင်းစဉ်ကိုက အပျော်တမ်းအဆင့် ပြိုင်ပွဲ ပါ။ အပျော်တမ်းဆိုပေမယ့် ဒီပြိုင်ပွဲထဲမှာ တကယ်ကောင်းတဲ့သူတွေလည်းပါနေပါတယ်။ သူ့ဟာနဲ့သူပေါ့လေ။အဲဒီတော့ အကောင်းမြင်ပေးကြပါလို့ အားလုံးကိုယ်စားတိုက်တွန်းပါတယ်။ အပေါ်ကတစ်ယောက်ရေးထားသလို ဘယ်ဆိုဒ်မှ မကောင်းဘူးဆိုတာတော့မဟုတ်သေးပါဘူး လို့မြင်ပါတယ် ဝေဖန်တာကိုလက်ခံပါတယ် ဒါပေမယ့် ကျွန်တော်တို့တွေဟာ ပြိုင်ချင်စိတ်တစ်ခုထဲနှင့် မအားတဲ့ကြားကပြိုင်ခဲ့ကြရတာပါ။တစ်ချို့ဆို့ပြိုင်ချင်လွန်းလို့ ကွန်နက်ရှင်မကောင်းလို့မပြိုင်လိုက်ရတာတွေ ကိုသီဟဆီအရောက်သွားပို့တာတွေတောင်ရှိပါတယ်။
    ပြိုင်ပွဲဝင်အားလုံးကိုလေးစားလျက်
    အောင်မျိုး
    ကျွန်တော်မဲပေးလို့ရမယ်ဆိုရင်တော့ ၃၊၉၊၁၀၊၁၄ ပါပဲခင်ဗျား

  35. Ning Lin says:

    လေးစားပါတယ် ကိုအောင်မျိုး ဒီလိုလူကြိးလူကောင်းဆန်တဲ့ စိတ်ဓာတ်မျိုးကို လေးစားပါတယ်

  36. AMTT says:

    I vote 1. Online Diary and 2. Shan Pyae Bo.

  37. romaticlover77@gmail.com says:

    i vote Mobile Network. Simple, nice, attract and get information for Mobile users.

  38. lynnlynn says:

    I vote (၅) Shan Pyae Bo

  39. kyawnyein says:

    i voted online Diary design.

  40. Dark Lover says:

    I like all site.But I vote Mobile Network.

  41. CGyi says:

    i like online Diary design’s layout.

  42. Myo Thet Tun says:

    I like Knowledge Shelf Book Store’s Design. It’s really a virtual book store. I vote for it !!!

  43. junemoe says:

    ၀င်ပြိုင်တဲ့သူငယ်ချင်းတွေအားလုံးကို လေးစားတယ် – ချီးကျူးတယ် –
    ပြိုင်ပွဲဝင်ခဲ့ချင်ပေမယ့် မအားတာရယ် – နောက်တစ်ချက်က ပြိုင်ရမှာ နည်းနည်းလေးမရဲတာရယ် (သတ္တိမရှိတာပေါ့လေ) ကြောင့် မပြိုင်ဖြစ်ခဲ့ဘူး – ခုကျမှ နောင်တရမိသလိုပဲ –
    နောက်တစ်ခါတော့ ၀င်ပြိုင်ဖြစ်အောင် ပြိုင်မယ် – ဆိုက်အားလုံးကောင်းတယ် – တကယ်တော့ ဆိုက်လေးတစ်ခုဖြစ်အောင်ရေးဖို့ဆိုတာ ပြောသလောက် မလွယ်ပါဘူး – တကယ်ရေးတဲ့သူတွေ အသိဆုံးပါ – အားလုံးကို တကယ်လေးစားပါတယ် –

    Congratulations to All!………

    Junemoe

  44. YeMin says:

    Only my opinion!
    I like music for living …. Usage of Color: red & dark (modern music color)) best
    Title text: very good. It is very strong.
    Layout : good.
    Idea : Best.
    Tech: good usage in right place.
    I like Knowledge self … Usage of Color : good
    Title Text: It is not strong.
    Layout : good.
    Idea : good.
    Tech: I think she should use jquery than scroll bar , usage of scroll bar reduces beauty of web.

    I like Mobiles Networks Usage of color : blue (good)
    Title text: good & strong.
    Layout : good.Menu & other Composition is not strong.
    Idea: good.
    Tech: good.

  45. loverweb says:

    Oh!
    All are verygood. but My Likes

    1 – Romantic Wedding Planner ,

    2 – Knowledge Shelf Book Store ,

    3 – World in my Lens

  46. Kaype says:

    ပြသနာဘဲ။ ကျွန်တော်တို့ဆီမှာ ခုမှ စတဲ့ ဇာတ်လမ်းကို ဘာလို့ အညွန့်ချိုးချင်ကြတာလဲဗျာ။ တကယ်တတ်တဲ့လူကတော့ သိပ်မဝေဖန်ဘူးနော်…..
    ကျွန်တော်ကတော့ ဒီလိုမျိုးပြိုင်ပွဲတွေကို သိပ်ကြိုဆိုတယ်ဗျာ။ ပြိုင်ပွဲကျင်းပသူတွေကိုလဲ အထူးကျေးဇူးတင်တယ်။
    သိပ်ကောင်းတယ်။
    ဒါနဲ့…. ပြိုင်ပွဲဝင် ဒီဇိုင်းတွေလဲ ကောင်းကြပါတယ်။
    ဒီလိုပဲ လုပ်ယူရမှာပေါ့။

    Cheersssssssssssss!
    Kaype

Leave a comment


*