Myanmar Tutorials’ Web Design Contest (Updated)
အားလုံးပဲ မင်္ဂလာပါ၊ Myanmar Tutorials’ Web Design Contest နဲ့ ပတ်သက်ပြီး နောက်ဆုံး အခြေအနေများကို သိရှိနိုင်ရန် ဒီပို့စ်ကို တင်လိုက်ရခြင်း ဖြစ်ပါတယ်။ Myanmar Tutorials’ Web Design Contest အကြောင်းကို ဒီနေရာမှာ ကြော်ငြာခဲ့ပြီး ဖြစ်ပါတယ်။ ပြိုင်ပွဲဝင်မယ့်သူတွေရဲ့ တောင်းဆိုချက်အရ ၁၂/၃/၂၀၁၁ အထိ နောက်ဆုံးထားပြီး ပေးပို့နိုင်ဖို့အတွက် တစ်ပတ်တိတိ ရွေ့ပေးခဲ့ပြီး ဖြစ်ပါတယ်။ ပြိုင်ပွဲဝင်မယ့်သူများ အားလုံးကို အချိန်မှီပို့ပေးကြဖို့ ဖိတ်ခေါ်ပါတယ်။ ခု လက်ရှိ လက်ခံရရှိတဲ့ စာရင်းကို အရင်တင်ပေးလိုက်ပါတယ်။ ခုလောလောဆယ် စာရင်းကိုသာ တင်ပေးပါမယ်။ ၁၂/၃/၂၀၁၁ မှာတော့ ပို့လာသမျှ ဖိုင်အားလုံးကို တင်ပြီး ပရိသတ်တွေကို Comment Voting လုပ်ခိုင်းမှာ ဖြစ်ပါတယ်။
၁။ Online Diary
- ပေးပို့သူ – Phyoe Phyoe Thwe
- ပေးပို့သည့် ခေါင်းစဉ် – Online Diary
- ပေးပို့သည့် နေ့ရက် – မတ်လ ၁ ရက်
၂။ Training.Co
- ပေးပို့သူ – Kyaw Moe Htwe
- ပေးပို့သည့် ခေါင်းစဉ် – Training.CO
- ပေးပို့သည့် နေ့ရက် – မတ်လ ၁ ရက်
၃။ နေရာသစ်
- ပေးပို့သူ – ကိုလင်း
- ပေးပို့သည့် ခေါင်းစဉ် – နေရာသစ်
- ပေးပို့သည့် နေ့ရက် – မတ်လ ၂ ရက်
၄။ Frozencity
- ပေးပို့သူ – သီဟအေးကျော်
- ပေးပို့သည့် ခေါင်းစဉ် – Frozencity
- ပေးပို့သည့် နေ့ရက် – မတ်လ ၂ ရက်
၅။ ShanPyaeBo
- ပေးပို့သူ – ShanPyaeBo
- ပေးပို့သည့် ခေါင်းစဉ် – ShanPyae Bo
- ပေးပို့သည့် နေ့ရက် – မတ်လ ၂ ရက်
၆။ My Portfolio
- ပေးပို့သူ – Aung Myo Hla
- ပေးပို့သည့် ခေါင်းစဉ် – My Portfolio
- ပေးပို့သည့် နေ့ရက် – မတ်လ ၂ ရက်
ဒီနေ့အထိ ပြိုင်ပွဲဝင် စုစုပေါင်း ငါး ခြောက်ဦးရှိသွားပါပြီ။ ရှေ့ဆက်ပြီး ပို့ပေးကြဖို့လဲ တိုက်တွန်းပါတယ်။ အားရစရာကောင်းတဲ့ ပြိုင်ပွဲတစ်ပွဲအဖြစ် အသက်ဝင်လာပြီ ဖြစ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။
သီဟ (Myanmar Tutorials)
Facebook comments:



အကိုရေ ဒီပြိုင်ပွဲက ကိုယ်တိုင် plugins ရေးတတ်မှ၊ themes ရေးတတ်မှ ပြိုင်လို ့ရတာလား။ wordpress ကနေ plugins ယူသုံး၊ themes ယူသုံးတဲ့ သူတွေကော ပြိုင်လို ့မရဘူးလား။
wordpress သုံးလို့ ရမှန်းမသိလိုက်ရပါလား
WordPress သုံးလို့မရဘူးခင်ဗျ … WordPress နဲ့ ပြိုင်လို့ မရပါဘူးခင်ဗျ … ရိုးရိုး HTML, CSS နဲ့ JavaScript ပဲ သုံးပြီး ပြိုင်ရမှာပါခင်ဗျာ
How about if we take the frame & css code from wp theme and covert them into normal css for competition? LOL
ဒါနဲ ့myanmartutorials ဆိုဒ်မှာဗျာ tutorials ဆိုတဲ့ page tag ကို ထောက်လိုက်တာနဲ ့ကျန်တဲ့ html,css အစရှိသဖြင့် ရေးထားတဲ့ page tag တွေက အလိုလိုပေါ်လာတယ်။ အဲ့တာဘယ်လိုလုပ်တာလဲဗျ။
အာ ဆော်ရီးဆော်ရီး သိသွားပြီ သိသွားပြီ အိုကေ အိုကေ ဟီးဟီး
ခြောက်ယောက်တောင်ရှိပြီဆိုတော့ ဘာပဲပြောပြော အားရဖို့တော့ကောင်းပါတယ်။ ကျွန်တော်လဲ Class Project တင်ဖို့ရှိတယ်။ အဲ့ File ကိုတော့ အချိန်မှီရင်တင်ပေးချင်တယ်။
p.s. အမည်ရင်းပဲသုံးရမှာလား? Nick တွေကောအကျုံး၀င်သလားမသိဘူး. ကိုသီဟ
ဒီမှာပဲ reply ပြန်ပြီး မေးလိုက်တော့မယ်။
Online ကရှိပြီးသား Templates တွေကောယူသုံးရင် အကြုံး၀င်ပါသလား?
အဲဒီလိုတော့ ပြိုင်လို့ မရပါဘူးခင်ဗျာ
ကျေးဇူးအစ်ကို
Hi bro:
the connection is so bad
where i send this web competition files
answer me
u better compress it to zip or rar .. file size will not more than 8MB i think ..
Hi bro:
I sent website to myanmartutorials@gmail.com.I am sent this mail address,am I?
I already sent my zip file , why don’t any change till this time . Is due date today??
ဆိုဒ်က update မဖြစ်တာကြာပြီနော်
Why don’t you update contest?
” ၁၂/၃/၂၀၁၁ မှာတော့ ပို့လာသမျှ ဖိုင်အားလုံးကို တင်ပြီး ပရိသတ်တွေကို Comment Voting လုပ်ခိုင်းမှာ ဖြစ်ပါတယ်။ ” တဲ့ ဒီနေ့ ၁၃ ရက်နေ့ ဆိုတော့ …………….