Myanmar Text to Speech App (MTTS)
ကျွန်တော် Myanmar Text to Speech App (MTTS) အကြောင်းမိတ်ဆက်ချင်ပါတယ်။ C# နဲ့ရေးသားထားခြင်း ဖြစ်ပြီးအသုံးပြုရန် .Net Framework 4.0 နဲ့ ဇော်ဂျီဖောင့် လိုအပ်ပါတယ်။ မြန်မာလိုရေးသားပြီးသောစာများကိုအသံဖိုင် အဖြစ် ပြောင်းလဲပေးနိုင်ပါတယ်။ ဒီ App က Testing ပဲရှိပါသေးတယ်။ ကျွန်တော် Discuss လုပ်ချင်လို့ Share လိုက်တာပါ။
ဒီ App ဖန်တီးဖြစ်ရတဲ့ အကြောင်းရင်း ၂ ခုရှိပါတယ်။ တစ်ခုကမျက်မမြင်များအတွက် အသံသင်ခန်းစာများလွယ်လွယ်ကူကူ ပြုလုပ်ပေးနိုင်ရန်ဖြစ်ပါတယ်။ စာအုပ်တစ်အုပ် ကုန်အောင် ဖတ်ပြီးအသံသွင်းရန် အတွက် အချိန်အတော်ကုန်ပါတယ်။ယင်းသို့လုပ်ရန် ဆရာ/ဆရာများ၊ အသံအလှူရှင်များ၊ စေတနာရှင်များလိုအပ်ပါတယ်။ဒီ App ကိုအသုံးပြုပြီးစက္ကန့်၊ မိနစ်ပိုင်းအတွင်းပြောင်းလဲပေးနိုင်မှာပါ။ လူတွေရဲ့ ပင်ကိုယ်အသံ၊ လေယူလေသိမ်း၊ အဖြတ်အတောက် များတွင်မူချို့ယွင်းချက်များရှိနေပါသေးသည်။
နောက်တစ်ခုကစကားမပြောနိုင်တဲ့ လူများအတွက်ပါ။ Sign Language ရှိသော်လည်းအကြောင်းအမျိုးမျိုးကြောင့် Sign Language မသုံးနိုင်သူများ ၊ လေဖြတ်သွားသူများအတွက် စကားပြောဆက်သွယ်နိုင်ရန်ပါ။ Keyboard ဖြင့် ရေးနိုင်သလို Mouse/ Mousepad ဖြင့်လည်း မြန်မာလိုရေးနိုင်ရန်ပြုလုပ်ထားပါတယ်။
ဒီ Program ရေးသားရာမှာစဉ်းစားရမယ့် အချက်တစ်ချို့ကိုဆွေးနွေးလိုပါတယ်။ English စာမှာI love you.လို့ ရေးလျှင် စာလုံးတစ်လုံးချင်းကြားကSpaceကို ကြည့်ပြီးI,love,youလို့ စာလုံးတစ်လုံးချင်းကို လျှင်လျှင်မြန်မြန် ခွဲပစ်နိုင်ပါတယ်။ သို့သော် မင်းကိုချစ်တယ်ဟု မြန်မာလိုရေးလျှင် Spaceသည် စကားလုံးတိုင်းတွင်မပါဝင်ပါ။ ထို့ကြောင့် Consonant (မ,က,ခ,တ) များကို ကြည့်ပြီးခွဲနိုင်ပါတယ်။ တယ်စကားလုံးတွင်မူတ, ယ ပါဝင်ပါတယ်။ သို့သော် “တ” တစ်ခု ၊ “ယ်” တစ်ခုခွဲလျှင် အဓိပ္ပာယ် ပျက်ပေမည်။ ထို့ကြောင့် Myanmar Consonant တို့၏ နောက်တွင် “ငသက်” ပါဝင်လျှင် ယင်းတို့ကိုပေါင်းလိုက်ပြီး “တယ်” ဟုစကားလုံးတစ်ခုစုလိုက်ပါတယ်။
နောက်တစ်ခုကတော့ စာလုံးဆင့်များကိုအတွဲလိုက် ခွဲယူရန်လိုအပ်ပါတယ်။ “သတ္တိ” ဆိုသည့်စာလုံးကိုသတ်/တိဟု ပြန်ပြောင်းမည့် အစားအတွဲလိုက်ယူကာအသံထွက်ပေးလျှင် ပိုမို လျှင်မြန်မည်ဟုထင်ပါသည်။ မြန်မာစာတွင် စကားလုံးများသည် အသုံးပြုသည့် နေရာပေါ်မူတည်ပြီးအသံထွက်ပြောင်းလဲပါသည်။ ဥပမာ “ကနေသည်” , “ကတုန်ကယင်” တို့တွင် ကကြီး၏ အသံထွက်ပုံတို့သည် မတူပါ။ ထို့အတူ “မမ” , “မတူပါ” တို့တွင် “မ” ၏အသံထွက်သည် မတူပါ။ အခြားသောစကားလုံးပေါင်းမြောက်များစွာလည်းရှိပါသည်။ ယင်းတို့ကို Data Collection တွင် စုဆောင်းထားပြီးယင်းစာလုံးတို့ကိုတွေ့သောအခါ အတွဲလိုက် (ကတုန်ကယင်) ခွဲပါသည်။ စကားလုံးပေါင်းများစွာရှိသည့်အတွက် ချို့ယွင်းချက်များရှိပါသည်။ဤပြဿနာကိုData Collection တွင် စုဆောင်းမည့် အစားအခြားနည်းလမ်းကိုမသိသေးပါ။
နောက်တစ်ခုကတော့ Zaw-Gyi Font ၏ စကားလုံးရေးပုံရေးနည်းပါ။
ြ- , ြ- , etcတို့တွင် စာလုံးအရေးအသားပေါ်တွင်သာမူတည်ပြီးအသံထွက် မပြောင်းပါ။ သို့သော် လူတစ်ချို့သည် ြ ကိုသုံးပြီးတစ်ချို့သည် ြ- ကိုသုံးကောင်းသုံးနိုင်ပါသည်။ ထိုအခါ “ကြောင်း၊ ကြောင်း” ဟုအသံထွက်တူစကားလုံး နှစ်လုံးထွက်လာပေမည်။ စကားလုံးများဖောင်းပွလာမည် ဖြစ်သောကြောင့် စာရေးသူက ြ- , ြ- ရေးသောအခါ ြ- ကို ြ- အဖြစ်ပြောင်းပြီး “ကြောင်း” ဟုအသံထွက်လျှင် စကားလုံးများဖောင်းပွခြင်းကိုရှောင်နိုင်မှာပါ။ အထက်တွင် ပြထားသည့် ဇယားအတိုင်းစကားလုံးများကို တစ်ခုထဲအဖြစ် ပြောင်းလိုက်ပါတယ်။
ဒီ Program အကြောင်းအသေးစိတ်သိရှိလိုပါက https://www.facebook.com/MyanmarTTS တွင် ကြည့်ရူနိုင်ပါသည်။ ဝေဖန် အကြံပြု၊ ဆွေးနွေးလိုပါက myanmartexttospeech@gmail.com ကိုဆက်သွယ်နိုင်ပါတယ်။
Myanmar Text To Speech (MTTS) အား Download လုပ်ရန် -
http://www.mediafire.com/?b0jbkrbefhf0u35
http://www.2shared.com/file/Cz86BSPg/MyanmarTextToSpeech.html
http://hotfile.com/dl/126032705/75bf6e0/MyanmarTextToSpeech.rar.html
Facebook comments:






ြ– ပြဿနာ ကို အကောင်းဆုံး ဖြေရှင်းတဲ့ နည်းက unicode ပါ။ လက်ရှိ လုပ်ထားတဲ့ Application ကိုတော့ မစမ်းရသေးပါ။ windows ရှိတဲ့ စက်တစ်ခုမှာ ကျွန်တော် မနက်ဖြန် စမ်းကြည့်ပါမယ်။ ဘာပဲဖြစ်ဖြစ် သဘောကျတယ်။ ဒါနဲ့ ဒါက Myanmar NLP project မဟုတ်ဘူးနဲ့တူတယ်။
ကျွန်တော့် အကြံပေးနိုင်တာကတော့ unicode သုံးရင် ပြဿနာ အချို့ကို ဖြေရှင်းလို့ ရသွားနိုင်တယ်။ ြ– ပြဿနာတွေ နောက်ပြီး –့ ပြဿနာတွေပေါ့။ ဇော်ဂျီ နဲ့လည်း ဖြစ်ပါတယ်။ သဘောကျတာက Myanmar NLP က မဟုတ်ပဲနဲ့ ကိုယ့်ဘာသာကိုယ် စိတ်ဝင်တစားလုပ်ထားတာကတော့ ချီးကျူးပါတယ်ဗျာ။
ဟုတ်..ကျေးဇူးတင်ပါတယ်။ ကျွန်တော် Myanmar NLP ကတော့ မဟုတ်ပါဘူး။ ဝါသနာပါလို့ ရေးကြည့်တာပါ။ ကျွန်တော် Myanmar Font တခုခု အခြေကျသွားပြီး Font တစ်ခုကနေ တစ်ခု လွယ်လွယ်ကူကူပြောင်းလဲနိုင်တဲ့ Font တစ်ခု တွေ့ရင် အဲဒီ Font ကျွန်တော် ယူသုံးမှာပါ။ Zaw-Gyi One ယူသုံးဖြစ်တာက ကျွန်တော် သုံးနေကျဖြစ်နေတာ တစ်ကြောင်း၊ Web တွေပေါ်မှာ လောလောဆယ် အများဆုံး တွေ့နေတာ တစ်ကြောင်း ကြောင့်ပါ၊
Cool !!!! Hope for people with disabilities …
Cheer !!!!!!!!
Also hope to see the reverse program which can convert from voice to text …
Thanks Jia Li…I hope I can get more supports to write this program and to complete. Soon, I will study in NTU EEE and I might be busy with my studies. There are about 65000 Myanmar common words…however, my application now consists of 1000 words only to pronounce. I need to find a better way to solve and try to do like English Text to Speech.
ဇော်ဂျီနဲ့ဆိုရင် အယ်လော်ဂရစ်သမ်က အဆမတန် ဖောင်းပွတယ်။ ယူနီကုဒ်သုံးဖို့သာ တိုက်တွန်းပါတယ်။ နောက် လောဂျစ်တချို့ လွဲနေတယ် ထင်မိတယ်။
၁။ အသတ်နဲ့ ဝိရာမ
အသတ်နဲ့ ဝိရာမက မြန်မာစာမှာ တူတူသုံးပါတယ်။ ယူနီကုဒ်မှာဆို တန်ဖိုးတူပါတယ်။ စက်မှာ Collation မရှိသေးရင်တောင် Replace လုပ်လိုက်တာနဲ့ အတူတူပြန်ရပါတယ်။ သမ္ပယုတ္တ နဲ့ သမ်ပယုတ်တ သံပယုတ်တ အတူတူပါပဲ။ (ပါဠိမှာ သေးသေးတင်နဲ့ မသတ် တူပါတယ်။)
၂။ အသံတွဲပုံ
အင်္ဂလိပ် Text to Speech တွေကိုကြည့်ရင် ဆော့ဝဲ အပြည့်အစုံမှ 50MB လောက်ပဲ ရှိပါတယ်။ ဆိုလိုတာက ဖြစ်နိုင်ချေရှိတဲ့ ဝဏ္ဏသံတွေ တစ်လုံးချင်းထွက်ရင် အသံ Clip ပေါင်း ၃၀၀၀ ကျော်ရှိပါမယ်။ နိမ့်မြင့် တက်ကျသံတွေပါ ထည့်မယ်ဆိုရင် ငါးဆကနေ ဆယ်ဆ ထပ်တိုးမယ်။ အပေါ်မှာပြောတဲ့ သတ္တိလိုမျိုးဝေါဟာရ အတွဲလိုက်တွေထည့်မယ်ဆိုရင် Text to Speech အသံဖိုင်နဲ့တွင် ဂစ်ဂါဘိုက် ချီသွားလောက်မယ်။ ဖြေရှင်းနည်းက လွယ်ပါတယ်။ ဗျည်းအသံဝက်နဲ့ သရသံတွေကို သတ်သတ်စီ တိတိကျကျ ဖြတ်သွင်းဖို့ပါ။ ဥပမာ မာ့ ဆိုတဲ့အသံဟာ မဗျည်းနဲ့ အာ့သရ ပေါင်းထားတာ။ (အသံဝက်ဆိုတာ ဗည်းမပါဘဲ သရချည်းပါတဲ့အသံ၊ ဥပမာ မသိ မတတ် မှာ ပါတဲ့ မသံမျိုး။)
၃။ အခုဒီမှာ လောဂျစ်နဲ့ Coding တွေကို ကိုယ့်ဟာကိုယ် လုပ်နေပုံရပါတယ်။ နှစ်ကြိမ် ပင်ပန်းပါတယ်။ Myanmar NLP မှာ လုပ်ပြီးသားတွေရှိပါတယ်။ ဝဏ္ဏအဆင့်တင်မက lexicon မှာပါတဲ့ ဝေါဟာရဖြတ်တဲ့အဆင့်ထိ ရောက်နေပါပြီ။ ဝေါဟာရအသံတွဲတွေအတွက် အသံသတ်သတ်တစ်ခုစီ သွင်းတာထက် အသံထွက်သင်္ကေတတွေကို ဝေါဟာရတွေမှာ တွဲစပ်ထားတာက ဒေတာသံခိပ်ပြီးသားဖြစ်မယ်။ Transcription, (Mod)Transliteration နဲ့ Phonetics သင်္ကေတတွေထဲက အဆင်ပြေရာ ရွေးသုံးလို့ ရနိုင်ပါတယ်။
Note: #(ထို့ကြောင့် Myanmar Consonant တို့၏ နောက်တွင် “ငသက်” ပါဝင်လျှင် ယင်းတို့ကိုပေါင်းလိုက်ပြီး “တယ်” ဟုစကားလုံးတစ်ခုစုလိုက်ပါတယ်။) ဒါက ဒီလိုပြောချင်တာဖြစ်မယ်။ (ဗျည်းနောက်တွင် အသတ်ပါလျှင် ယင်းဗျည်းနှစ်လုံးနှင့် အသတ်ကိုပေါင်းပြီး ဝဏ္ဏအဖြစ် ယူလိုက်သည်။) #မြန်မာကျူတိုရီယယ်မှာ စာလုံးပေါင်းမှားတာတွေတွေ့တယ်။ လိုက်ပြင်ပေးရင် စိတ်ဆိုးကြမလား။
ခုလို ဝေဖန်သုံးသပ်ပေးတာ ပေးတာကျေးဇူးတင်ပါတယ်..ကျွန်တော်လည်း အချိန်သိပ်မရတော့ Program ပိုင်းကို Develop ထက်လုပ်ဖို့ အားနည်းနေပါတယ်။ ကျွန်တော် Program စရေးတုန်းက ဘယ် Myanmar Font သုံးဖို့ စဉ်းစားခဲ့ဖူးပါတယ်။ Font တွေက တစ်ခုနဲ့ တစ်ခု ရေးပုံချင်းလည်းမတူ၊ Perfect ဖြစ်အောင် Convert လုပ်ဖို့ကလည်း အရမ်းမလွယ်တော့ စဉ်းစားရခက်ပါတယ်။ ဖြစ်နိုင်ရင် ဘယ်လို Font နဲ့ပဲ ရေးရေး အသံထွက်ပေးနိုင်အောင် လုပ်ချင်လို့ပါ။ Webpage တွေကနေ မြန်မာလို ရေးသမျှကို Copy Paste လုပ်ပြီး တစ်ခါတည်း အသံဖိုင်ပြောင်းလဲရန် Font အကုန် လက်ခံနိုင်ပါက သုံးစွဲရ တော်တော်လွယ်ကူမှာပါ။
အသံတွဲတာနဲ့ ပက်သက်ပြီးတော့ ကျွန်တော့် Program မှာ ချို့ယွင်းချက် များစွာရှိပါတယ်။ မြန်မာလို ဗျည်းအသံဝက်တွေ မလုပ်တတ်လို့ပါ။ ခုလက်ရှိကတော့ မြန်မာလို အသံပီပီသသ ထွက်ဖို့ မတူတဲ့ စကားလုံးတွေ လိုက်စုကြည့်ပါတယ်၊ “ဆေးကု” , “ကုလားထိုင်” မှာ ရှိတဲ့ “ကု” ဆိုတဲ့ စကားလုံးက အသံထွက် ခင်းမတူတဲ့အတွက် “ဆေးကု” မှာရှိတဲ့ “ကု” ကို “ku” လို့ထွက်လိုက်ပြီး “ကုလားထိုင်” ကိုတော့ အသံသုံးခုလုံး ပေါင်းပြီး “ka lar htai” လို့ ပြုလုပ်လိုက်ပါတယ်။
ကျွန်တော် စာလုံးပေါင်းတစ်ချို့ မှားတာရှိလျှင် သည်းခံ ခွင့်လွှတ် ဖတ်ပေးပါလို့ … :XD
ဘယ်ဖောင့်သုံးမှာလဲဆိုတာထက် ဘယ် Encoding သုံးမှာလဲဆိုတာ ပိုသဘာဝကျမယ်ထင်တယ်။ ယူနီကုဒ် ရှေ့ချပြီး အတည်ဖြစ်တဲ့ ဖောင့်ကိုစောင့်နေပါတယ်ဆိုတာက နောက်နေသလိုပဲ။ ကဲ ကြိုက်တဲ့ Encoding ကို Backend ထားပြီးလုပ်တယ်ဆိုလည်း ရပါတယ်။ Encoding ပြောင်းတာက Frontend မှာ Converter တစ်ခုထားပြီး ပြောင်းလိုက်ရင် ရပါတယ်။ ခက်တာက ခုထိ မြန်မာစာ မှာ ဖောင့် အမျိုးအစား ရာချီပြီးရှိသလို Encoding လည်း ၃ ဒါဇင်လောက် ရှိနေတယ်။ အဲဒါတွေ အကုန်လုံးအတွက် Converter ထည့်မှာလား။
ဆေးကု နဲ့ ကုလားထိုင် က လွယ်ပါတယ်။ ဝေါဟာရစာရင်းကို Phonetic tagging လုပ်ထားရင် အမှန်ထွက်နေမှာပါပဲ။ မြန်မာတွေအတွက် အလွယ်ဆုံး Phonetic system ကတော့ မြန်ာအဘိဓာန်မှာပါတဲ့ စနစ်ပဲ ဖြစ်မယ်။ ဥပမာ – ဆေးကု /ဆေးကု/ ကုလားထိုင် /ကလားထိုင်/ အငြိမ့်က /အညိန့်ကာ့/ သတိ /သှဒိ/ အလကား /အလဂါး/ ယေဘုယျ /ယေဗုန်ယာ့/ စသည်။ အသံဝက်လုပ်တာက လွယ်ပါတယ်။ ဥပမာ ‘စား’ ဆိုတဲ့ အသံကို သွင်းလိုက်။ အရှေ့ဆုံးက “s….” အသံက စ အသံဝက်။ အနောက်က ‘arr….’ အသံက အားသရ။ တော်ရုံတန်ရုံ ဘယ် Audio editing ဆော့ဝဲမှာဖြစ်ဖြစ် ဖြတ်လို့ရပါတယ်။ ရှေ့ကအသံဝက်ကို အီး သရနဲ့ပေါင်းရင် ‘စီး’ ဆိုတဲ့ အသံရမယ်။ မ အသံဝက်နဲ့ အား သရပေါင်းရင် မား ဆိုတဲ့ အသံရမယ်။ အင်္ဂလိပ်စာအတွက် Lightweigh text to speech software လေးတွေကြည့်ရင် 2MB မကျော်တာ တွေ့ရလိမ့်မယ်။
အဲဒါကတော့ မသိတဲ့သူတွေ အများကြီးရှိဦးမယ်ဗျ .. သူတို့နေစဉ်မြင်တွေ့နေရတဲ့ အနေအထားတွေ အရ ယူနီကုဒ်ဆိုတာ ဘာမှန်းမသိတာ ရှိနေဦးမှာပါပဲ .. ကျွန်တော်တို့ အနေနဲ့ သူတို့ကို ပူးပေါင်းဆောင်ရွက်ပေးဖို့ လိုမယ်ဗျ တစ်ခြားသူ မသိတာကို ရှင်းမပြတာ ပြဿနာ မရှိပေမယ့် ကိုခန့်သူလင်းတို့လို လူတွေကိုတော့ သေသေချာချာ ရှင်းပြဖို့ လိုမယ်ဗျ …
ကျွန်တော့် အမြင်အရလဲ ခုလို အခက်အခဲတွေ တွေ့လာတဲ့အခါ ြပဿနာတွေ ရင်ဆိုင်လာရတဲ့အခါမှာ ယူနီကုဒ်သုံးလိုက်ရင် တော်တော် အဆင်ပြေသွားမယ်ဆိုတာ သိနေပေမယ့် Developer တစ်ယောက် အနေနဲ့ တီထွင်နိုင်စွမ်းအားကို ရင်းနှီးပြီးသားနဲ့ပဲ သွားစေချင်ပါတယ်။ အဲဒီကတစ်ဆင့် အကောင်းဆုံးပုံစံတစ်ခုကို ပြန်တည်ဆောက်လဲ ဖြစ်နိုင်ပါတယ်။ ဥပမာပေးရမယ်ဆိုရင် ရွှေရိုးကို ဇော်ဂျီနဲ့ ထွက်ပြီးမှ ယူနီကုဒ်နဲ့ ထပ်ထုတ်သလိုပေါ့။
နောက်တစ်ခုက ခုလို အသံတွေဖြတ်တာတွေ အသံထွက်ဖိို့ ကြိုးစားတာတွေကို Myanmar NLP မှာ ရှိနေပြီးသားဆိုတာ လူတိုင်း မသိနိုင်ပါဘူး။ လိုချင်လာ လာယူလေဆိုတာလောက်နဲ့လဲ မလုံလောက်ပါဘူး။ နိုင်ငံခြားမှာ နေတဲ့သူက ဘယ်လိုမှ လာမယူနိုင်ပါဘူး။ ဒီတော့ Myanmar NLP မှာ Resources တွေ ရှိပြီးသားဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။ အဲဒီအတွက် သီးသန့်ကြိုးစားအားထုတ်ရတာ မဆန်းပါဘူး။ တကယ်တန်း ဖြစ်သင့်တာက Collaborative Platform တစ်ခုကို Myanmar NLP အနေနဲ့ ဖွင့်ထားသင့်ပါတယ်။
တကယ်တန်း အခုလို စိတ်ဝင်စားတဲ့ ပညာရှင်ဆိုတာ အင်မတန်ရှားပါတယ်။ အဲဒီလို ရှားတာတွေကို စုဖို့ဆိုတာ ဖွင့်ထားဖို့ လိုပါတယ် …
ယူနီကုဒ်က phonetic based ဖြစ်တဲ့အတွက် Language Specific အဖြစ်ဆုံး Encoding ပဲ။ ယူနီကုဒ်ကနေ MLCTS, IPA စတဲ့ စနစ်တွေကို တိုက်ရိုက်နီးပါး အလွယ်ပြောင်းနိုင်ပါတယ်။ ဆိုလိုတာက တခြား encoding တွေသုံးတာထက်ကို coding တွေလိုက်ထည့်ရတာ အဆပေါင်းများစွာ သက်သာသွားတယ်။ Unicode Encoding ကို နားလည်ဖို့ အများကြီး အချိန်မပေးရပါဘူး။ နောက်တစ်ခုက ကျွန်တော့်အမြင်တော့ Language Development မှာ Resources တွေက ပိုအရေးကြီးတယ်ဆိုတာပါ။ Dictionary ဆိုလည်း Online ဖြစ်ဖြစ် Offline ဖြစ်ဖြစ် အများကြီးပဲ။ Resources ကို ကြည့်လိုက်ရင် Ornagai Data ဖြစ်တာက များနေတယ်။ အဘိဓာန်မည်ရင် အက္ခရာဝလိစဉ်ရမရ ကိစ္စလည်း ရှိသေးတယ်။ Resources ကိစ္စ ဥပမာပြောရရင် ဝေါဟာရ ၃၀၀၀၀ ရှိတဲ့ Database တစ်ခုရှိတယ်ဆိုပါစို့။ ဝေါဟာရ၊ အသံထွက်၊ အနက်၊ ဝါစင်္ဂကပ်ပုံ၊ ကြောင်းတူဝေါဟာရ၊ ဆန့်ကျင်ဘက်ဝေါဟာရ၊ အင်္ဂလိပ်ဘာသာပြန် စတဲ့ Field အပြည့်အစံ့ပါတယ်ဆိုရင် အဲဒီ Database ကို သုံးပြီး လုပ်လို့ရတာတွေ အများကြီးရှိလာမယ်။ မြန်မာအင်္ဂလိပ်၊ အင်္ဂလိပ်မြန်မာ အဘိဓာန်၊ Word segmentation၊ Search engine, tts, OCR, machine translation အားလုံး အဲဒီ Database ပေါ်မှာ အနည်းနဲ့အများ အခြေခံပြီး လုပ်သွားလို့ ရပါတယ်။ မြန်မာ NLP အနေနဲ့လည်း သတင်းထုတ်ပြန်မှု အားနည်းတာ Collaborative Platform လစ်လပ်နေတာတွေ ကျွန်တော် သတိပြမိပါတယ်။ ဒါပေမဲ့ အိုင်တီအသိုင်းအဝိုင်းမှာ This man နဲ့ This man ချည်းပဲဆိုတော့ တစ်ချက်လောက်တီးခေါက်ကြည့်လိုက်ရင် အလွယ်သိနိုင်တဲ့ အရာလို့ ထင်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း myanmar3 font source ရယ် Wiktionary မှာ အခုသုံးနေတဲ့ data တွေကို NLP က တောင်းယူထားတာပါ။
ကိုသီဟရေ၊
ဒီပိုစ်လေးတင်ပေးတာ အရမ်းကောင်းတယ်ဗျာ၊ နောက်ပြီး ကိုသီဟတို့ လိုချင်နေတာတွေ ဘာလဲသိရတယ်။ ဒါပေမယ့်တစ်ခုလောက်မေးပါရစေ။
>>> Myanmar NLP မှာ Resources တွေ ရှိပြီးသားဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။ အဲဒါကြီးကတော့ မမှန်ဘူးနဲ့တူတယ်။ ကျွန်တော်ကိုယ်တိုင် အကိုတို့နဲ့ မိတ်ဆက်ပေးခဲ့တယ်။ အချက်အလက်တွေရယူနိုင်အောင် ဖွင့်ဖို့ ၂ ဖက်လုံးယုံကြည်မှုတွေ တည်ဆောက်ခဲ့တာ အကိုအသိဘဲလေ။ မဖွင့်ပေးလို့ လူတွေလိုက်မလုပ်နိုင်တာထက် စိတ်မဝင်းစားလို့ဆိုရင်ပိုမှန်သလားလို့ စိတ်ဝင်းစားတဲ့ စေတန်တို့၊ ကိုမောင်မောင်ဆန်းတို့ စင်ကာပူမှာ ရှိနေတာတောင် Myanmar NLP က အချက်အလက်တွေရကြောင်းပြောနေတဲ့ အချိန်မှာ ကျွန်တော်တို့က မရဘူးဆိုတာ ထိုင်ပြောနေမယ့်အစား ကိုယ်ဘာလုပ်နေတယ်၊ ဘာတွေတော့လိုချင်တယ်လို့ပြောလို့ Myanmar NLPက မပေးဘူးလို့သာ ဒဲ့ပြောတာမျိုး ကြားချင်လိုက်ပါဘိတောင်း…
စာလုံးပေါင်းမှားတာတွေအတွက် ပြင်ပေးမယ်ဆိုရင် ဝမ်းသာအားရ ကြိုဆိုပါတယ် ခင်ဗျာ editor ယူပြီး ကိုယ်တိုင် ဝင်ပြင်ပေးမယ်ဆိုရင်တော့ တံခွန်နဲ့ ကုက္ကားပေါ့ဗျာ …
Very nice software Bro… Cheers!!
Thanks Bro….
I think that file size is too big for our connection (64MB)
I want to test it , but i can’t download that file size.
Thank you very much! I will test this program
ကျွန်တော် ပြီးခဲ့တဲ့လက မျက်မမြင်ကျောင်းမှာ ဟောပြောပွဲသွားဖူးတယ် ခင်ဗျ အဲဒီမှာ ကျွန်တော်တို့တွေ သူတို့အတွက် အများကြီး ကူညီဖို့ လိုအပ်နေတယ်ဆိုတာ သိခဲ့ရတယ်ခင်ဗျ .. ခုလို Contribution လုပ်ပေးတယ်ဆိုတော့ အများကြီး ဝမ်းသာ ဂူဏ်ယူစရာ ကောင်းပါတယ်ခင်ဗျာ …
File Size ကတော့ တကယ် မဟား တရားကြီးနေတာပါ
အဲဒါ ကျွန်တော် Sound File တွေကို တစ်ခါတည်း Embed လိုက်လို့ပါ။ ကျွန်တော် မြန်မာ အသံထွက်နည်းနဲ့ English Text To Speech System တွေကို ပိုပြီးနားလည်အောင် လုပ်လိုက်ပါဦးမယ်။ ခု App လုပ်ထားတဲ့ ပုံစံက “နေကောင်းလား” ဆိုရင် နေ၊ကောင်း၊လား ဆိုတဲ့ အသံ သုံးခုကိုပေါင်းလိုက်တာပါ။ “ကတုန်ကယင်” ဆိုတဲ့ စာလုံး ဆိုရင်တော့ စာလုံးလေးခုလုံးကို အသံသွင်းပြီး တစ်ခါတည်း အသံထွက်တာပါ။ “Ka-tone-ka-yin” လို့ အသံမထွက်ပဲ “kat-tone-kat-yin” လို့ အသံထွက်အောင်လို့ပါ။ စာလုံးတွေက တူရဲ့သားနဲ့ သုံးတဲ့နေရာကွာလျှင် အသံတွေပြောင်းကုန်တာကို Auto Detect ဖြစ်အောင် တော်တော် လုပ်ယူရပါဦးမယ်။ အသုံးများတဲ့ မြန်မာစာလုံး အရေအတွက်က ၆၅၀၀၀ လောက်ရှိပါတယ်။ ဒီ App မှာတော့ ၁၀၀၀ လောက်ပဲ ရှိနေပါသေးတယ်။ အဲဒီ File ၁၀၀၀ လောက်ရဲ့ File Size က တော်တော်များသွားလို့ပါ။
English Text To Speech မှာတော့ သူတို့တွေ Sound File မသုံးလောက်ဘူးလို့ ထင်ပါတယ်။ ဘယ်လိုလဲဆိုတာ ဆက်ကြည့်လိုက်ပါဦးမယ်။ ခုကျွန်တော် Program မှာ စာလုံးခွဲတာရယ်၊ စာလုံးတွေ ပြန်စုတာရယ် ကတော့ တော်တော် Ok သွားပါပြီ။
အစ်ကိုရေ..ကျွန်တော်မရမရဒေါင်းလို့တော့ရသွားပီ။
ကျွန်တော်နည်းနည်းလောက် အကြံပြုချင်ပါတယ်။
ကျွန်တော့်နာမည်ထည့်ကြည့်လိုက်တော့ ဇော်မင်းစိုး ကို မင်းသိုး ဆိုပြီးတော့ ဇော်ပျောက်နေတယ်…စိုးကို သိုးလို့အသံထွက်နေပါတယ်။
အားလုံးကျန်းမာပါစေ ကိုစမ်းကြည့်တော့ မပြောနိုင်တဲ့စကားလုံးက
အား ကျမ်း မာ စေ ကိုတွေ့ရပါတယ်။
နောက်ပြီးတော့အစ်ကို့ရဲ့ Program ကို Exception လေးတွေဖမ်းထားရင် ပိုအဆင်ပြေမယ်လို့ကျွန်တော်ထင်ပါတယ်။
ဇော်ဂျီဘဲရိုက်ထဲ့ပြီးတော့ Button နှိပ်လိုက်ရင် မှန်ပေမဲ့..ယူနီကုတ် စာကိုထည့်ပြီးတော့ စမ်းလိုက်ရင် Error တက်ပြီးတော့ ပိတ်သွားပါတယ်။
အဲ့ဒီအတွက် သာမက တခြား Exception တွေပါ ဖမ်းပေးထားရင် အစ်ကို Program ကတော်တော်ကောင်းသွားပါလိမ့်မယ်။
နောက်ပြီးတော့ taskbar icon လေးကိုလည်းထည့်လိုက်ပါဦးအစ်ကို..အစ်ကိုမေ့သွားတယ်ထင်တယ်။
အစ်ကို့ အိုင်ဒီယာကိုတော အရမ်းချီးကျူးပါတယ်။
လေးစားစွာဖြင့်
Zaw Min Soe (Initial)
ဟီး..ဟုတ်တယ်ခင်ဗျ…စိုးကို..သိုးလို့ထွက်နေတယ်…အသံနဲ့ စာလုံးနဲ့ Match တာလွဲသွားလို့တူတယ်.. Program မှာ မပြောနိုင်တဲ့ စကားလုံးမှာပေါ်နေရင် နှစ်မျိုးဖြစ်နိုင်ပါတယ်…တစ်ခုက Program မှာ Sound File မရှိလို့ပါ…နောက်တစ်ခုက ကျွန်တော့် Program ထဲက စာလုံးပေါင်းနဲ့ အသုံးပြုသူ စာလုံးပေါင်း မတူလို့ပါ…Program မှာ Crush မဖြစ်အောင် Exception လိုက်ဖြည့်လိုက်ပါဦးမယ်..
ကျွန်တော် ဒီနေ့ စမ်းကြည့်ဖြစ်တယ်ဗျ၊ ကျွန်တော်တို့ အဖွဲ့အနေနဲ့ ပူးပေါင်းဆောင်ရွက်လိုပါတယ်။ ဘယ်လို ပူးပေါင်းလို့ ရနိုင်မယ်ဆိုတာ သိချင်ပါတယ် အသံသွင်းတဲ့ဖက်မှာရော Program ဖက်မှာပါ ပါဝင်ကူညီပေးလိုပါတယ်
ကျေးဇူးတင်ပါတယ် ဦးသီဟ ခင်ဗျာ။ ကျွန်တော် ဒီ Program ကို Poly ပြီးလို့ Uni ထက် မတက်ခင် ၂ လလောက် အားနေလို့ ရေးဖြစ်သွားတာပါ။ ဝါသနာလည်း ပါလို့ပါ။ TTS Program တွေ စသိလာတာက ကျွန်တော် ကျောင်းမှာ Unmanned Solar Powered Boat Project ( http://www.facebook.com/unmanned.s.boat )လုပ် ဖြစ်သွားလို့ပါ။ အဲဒီအတွက် ကျွန်တော် လှေကို Computer သုံးပြီး အင်တာနက်ကနေ TCP/IP နဲ့ လှေပေါ်က Wago PLC ကို Information လှမ်းပေးပြီး မောင်းဖို့ C# Program ဆွဲရပါတယ်။ ကျွန်တော်က လှေကို အရှေ့ကို Speed 1 မောင်းမယ်လို့ Command ပေးလိုက်ရင် Forward Speed 1 Activated လို့ အသံထွက်အောင် ရေးခဲ့ပါတယ်။ Microsoft က TTS တော့ မသုံးမိလိုက်ပါ။ အင်တာနက်က အသံနည်းနည်းပိုကောင်းတာ သုံးခဲ့ပါတယ်။ မြန်မာလို TTS မတွေ့မိတော့ ကျွန်တော် အဲလိုမျိုးလုပ်ချင်လာပါတယ်။ ဒါကြောင့် လုပ်ဖြစ်သွားတာပါ။
အကူအညီပေးမယ်လို့ပြောတဲ့ အတွက်ဝမ််းသာမိပါတယ်။ ကျွန်တော် တကယ် ရေးဖြစ်မယ်ဆိုရင် ပြောပါ့မယ်။ ခုလက်ရှိတော့ ကျွန်တော် Electronic နဲ့ပက်သက်ပြီး ကျောင်းပြန်စပြီဆိုတော့ ကျွန်တော် ဆက်မရေးဖြစ်လောက်သေးပါ။
Syllable အဆင့်နဲ့ စာလုံးတွေဖြတ်ပြီး အသံတွေပေါင်းပြတာကို TTS လို့နံမည်ပေးရင် ဒါမျိုးပြီးခဲ့တာ ကြာပေါ့၊ မဟုတ်ဘူး၊ ဒါကိုသာ မျက်မမြင်တွေသုံးဖို့ ပေးလိုက်ရင် နားတောင်လည်မှာ မဟုတ်ဘူး။ အဆိုးမြင်တယ်လို့ထင်လည်း မတတ်နိုင်ဘူး၊ ဒါမျိုးက မြန်မာမှာ စထားတာ မမှားပါဘူး။ TTS တော့ နံမည်မတပ်နဲ့ဦး စောသေးတယ်။ ကျေးဇူး
အကိုရေ ကျွန်တော်ဆိုလိုတဲ့ သဘောက ကျွန်တော်တို့ သိတာမှန်တယ်ဗျ သူများတွေ သိဖို့ကတော့ အများကြီးလိုဦးမယ်ဗျ ဒါကို မသိရကောင်းလားလို့ အပြစ်တင်လို့ မဖြစ်ဘူးလို့ ကျွန်တော်ထင်တယ် အကိုက မိတ်ဆက်ပေးခဲ့တယ်ဗျာ ဒီတော့ ကျွန်တော်က အကို့လိုပဲ ဆက်မိတ်ဆက်ပေးဖို့တာဝန် ရှိပါတယ် အကိုတုန်းကလဲ မသိရကောင်းလားလို့ ကျွန်တော့်ကို အပြစ် မတင်ခဲ့ပါဘူးဗျာ
ဟုတ်ကဲ့..ကျွန်တော် Post ထဲ ထည့်ရေးဖို့ကျန်သွားပါတယ်…ဒီ App က Testing ပါ။ Myanmar Tutorial မှာ ကျွန်တော် တင်ရတဲ့ အကြောင်းရင်းက ဒီလို Program တွေဘယ်သူရေးနေလဲ၊ ဘယ်သူတွေစိတ်ဝင်စားလဲ၊ ပြီးတော့ ဘယ်သူတွေနဲ့ ဆွေးနွေးနိုင်မလဲ လို့ပါ။ အသံဝက် မသုံးရသေးတာကလည်း သုံးဖို့ သိပ်မသိတာရယ်၊ သုံးဖို့ ကျွန်တော် တစ်ယောက်ထဲ လက်မနိုင်တဲ့ အတွက်ပါ။
_____________________
ယူနီကုဒ်ကတော့ ကျွန်တော် သုံးဖြစ်ဖို့ သေချာပါတယ်။ မသုံးဖြစ်သေးတာပါ
_____________________
အသံဝက် အတွက် အသံဖြတ်နည်းပြောပြတာ ကျေးဇူးတင်ပါတယ်။ စမ်းကြည့်လိုက်ပါဦးမယ်။
______________________
File Size ကြီးရတဲ့ နောက်တစ်ချက်က ကျွန်တော် Sound File ကြောင့်ရယ်၊ နောက်တစ်ခုက logic စဉ်းစားနည်းမမှန်လို့ပါ။ ဥပမာ “မကြည့်နဲ့” / “မ” ကြည့်လေ ၊ “လက်မ” ၊ “လက် မနိုင်ဘူး” တို့မှာ
) Micro Level (စာလုံးတွဲတွေအစား အသံဝက်တွေ၊စာလုံးတစ်လုံးချင်းစီ သုံးတဲ့နည်း, etc) ကနေ သွားဖို့ Program ဆွဲခဲ့ဖူးပါတယ်။ တော်တော်လက်ဝင်တော့ ရပ်ထားပါတယ်။ မြန်မာစာပိုင်းလည်း မရလို့ပါ။
အသံ မတူပါ။ “(က)ရော(က)မယ်” ၊”(က)တုန်(က)ရင်”၊ “ချာ(လ)ပတ်လည်”၊ “ဇွတ်(တ)ရွတ်” အသံတွေက က၊လ၊တ မဟုတ်ပါ။ အဲတော့ ကျွန်တော်က စာလုံးတွဲလိုက်ကြီး အသံဖမ်းလိုက်ပါတယ်။ တစ်ကယ်ဖြစ်သင့်တာက အဲဒီ ထဲက စာလုံးတစ်လုံးချင်စီက အသံသွင်းပြီးသားတွေ ရှိပါတယ်။ အဲဒါတွေကို ယူသုံးရင် စာလုံးတွဲကြီးတွေအတွက် File Size တွေ အများကြီး လျော့သွားမှာပါ။ “က” တို့ ၊ “ခ” တို့ ၊etc တို့ရဲ့ ရှေ့မှာ၊နောက်မှာ၊ ဘာရှိမလဲ ဆိုတာတွေသိပြီး သူ့နေရာနဲ့သူ အသံထွက်အောင် Intelligence သွင်းပေးနိုင်ရင် ရပါပြီ။ “လက်မ” ၊ “လက်မနိုင်ဘူး” ဆိုရင် ရှေ့စာလုံး(လက်)တူပါတယ်။ တစ်ချို့စာလုံးတွေ ဆိုရင် ရှေ့ရော၊ နောက်ရော တူနေတာတွေ ရှိပါတယ်။ စာကြောင်း တစ်ကြောင်းလုံး (or) ရှေ့၊ နောက် စာလုံး သုံးလေးလုံးလောက် ဖတ်ရမလို ဆိုတော့ Logic က တော်တော် “ကား” သွားတာပါ။ နောက်ဆုံး ကျွန်တော် စာလုံးတွဲတွေစု၊ အဲဒီ အတိုင်း အသံသွင်းလိုက်ရတာပါ။ ဒါပေမယ့် လက်မ၊လက်မနိုင်၊ မကြည့်၊ “မ”ကြည့်လေ ၊ တို့အတွက် ဘယ်လိုလုပ်သင့်လဲဆိုတာ မသိသေးပါ။ အဲလို Logic မနိုင်သေးတော့ Macro Level ဖြစ်တဲ့ စာလုံးတိုင်း၊ စာလုံးတွဲတိုင်း သွားကြည့်တာပါ (File Size ကတော့ မဟားတရားကြီးသွားပါတယ်..
_________________________
မျက်မမြင်တွေ နားလည်မှာ မဟုတ်ဘူး ဆိုတာကတော့ လက်ခံပါတယ်။ ကျွန်တော် App ကလည်း ပြီးသေးတာ မဟုတ်ပါ။ ပြောရမယ် ဆိုရင် စတောင် မစရသေးပါဘူး။ Prototype သဘောပါ။ Myanmar Tutorial မှာ တင်ရတဲ့ အကြောင်းရင်းကို လည်း အထက်မှာ ပြောပြပြီးပါပြီ။ Program ပြီးပြီ ထင်သွားလျှင် တောင်းပန်ပါတယ်။
။ CopyRight နဲ့ ညှိရင် ပြောင်းပေးပါ့မယ်။
ဒါပေမယ့် TTS လို့ နာမည် ပေးတာ မပေးတာ အရေးမကြီးပါဘူး။ စာရေးဆရာတစ်ချို့လို ကျွန်တော်က ခေါင်းစဉ် စရေးပြီးမှ ကိုယ်ထည် ရေးတတ်လို့ပါ။ Prototype အဆင့်မှာ ပေးချင်တဲ့ နာမည်လေး ပေးပရစေ
__________________________
ဒီ Program မရေးခင်ကတည်းက ကျွန်တာ် NLP ကလုပ်နေတယ်ဆိုတာ သိပါတယ်။
nlp.researchlab@gmail.com ကို မေလ ၁၂ ရက်နေ့မှာ Email ပို့ပြီး သိချင်တာ တစ်ချို့ကို myanmartexttospeech@gmail.com နဲ့ မေးခဲ့ဖူးပါတယ်။ ကျွန်တော့်အပေါ် ဖော်ဖော်ရွေရွေပါပဲ။ ကျွန်တော် အကူအညီ မတောင်းဖြစ်သေးတာက ဒီ Program ကို ရေရှည် မလုပ်နိုင်လို့ပါ။ ဝါသနာပါလို့ ရေးကြည့်တာဖြစ်ပြီး ကိုယ်ဘာသာ ကိုယ်လည်း စမ်းကြည့်ချင်လို့ပါ။
__________________________
ဇော်ဂျီ နဲ့ ယူနီကုဒ် တိုက်ပွဲထဲ ကျွန်တော် ဝင်ပါနေသလို ဖြစ်သွားတယ်။
ကျွန်တော် အကုန်သုံးပါတယ်။ ဇော်ဂျီက ရင်းနှီးနေလို့ပါ။ ယူနီကုဒ်လည်း သုံးပါတယ်။
__________________________
ဘာသာစကားမှာ တစ်ခါတလေ ဘယ်လိုမှ လုပ်မရတဲ့ ခြွင်းချက်တွေရှိတယ်။ အဲဒီ ဝါကျရဲ့ အရှေ့အနောက်ဝါကျ ဆိုလိုရင်းတွေကို မသိရင် ဘယ်လိုမှ အမှန်မဖတ်နိုင်တဲ့ ဝါကျမျိုး။
ဈေးသည်ချောင်ထဲမှာရှိသည်။ (ဇေးသယ်လား ဇေးသီလား)
မသွားလေကောင်းလေ။ (မာ့သွားလား မသွားလား)
>>> ဇော်ဂျီ နဲ့ ယူနီကုဒ် တိုက်ပွဲထဲ ကျွန်တော် ဝင်ပါနေသလို ဖြစ်သွားတယ်။
နည်းလမ်းမှားတာကြီး ဆက်သွားမှာ စိုးရိမ်လို့ပြောတိုင်း ဒီတိုက်ပွဲကို စတယ်လို့ထင်တာတော့ မှားနေတယ်ဟေ့၊ ကိုယ်လည်း မျက်ကန်းမဟုတ်တော့ တစ္ဆေကြောက်တတ်တာ ခွင့်လွတ်စေချင်ပါတယ်။
ဟုတ်ကဲ့ပါ
အစ်ကို့ရဲ့ အသံဖိုင်ကို ဘာ Format နဲ့ Save လုပ်ထားတာလဲမသိဘူး။
wma နဲ့တော့မလုပ်ပါနဲ့အစ်ကို..ဖိုင်အရမ်းကြီးသွားပါလိမ့်မယ်။
နောက်ပြီးတော့ ကျွန်တော် စမ်းလိုက်တော့ Save မှတ်လို့ကိုမရပါဘူး။
မှတ်လို့ရရင်လည်း ပြန်ဖွင့်လို့မရဘူး။
အသံဖိုင်နဲ့ပက်သက်တာကို ဦးသီဟ ကသူကူညီမယ်လို့ပြောပါတယ်။
သူ့မှာ Recorder ကောင်းကောင်းကြီးရှိတယ်။
အသံလည်းကောင်းတယ်။
ကျွန်တော် wav နဲ့ အသံဖမ်းထားတာပါ။ တစ်နိုင်တစ်ပိုင် Laptop နဲ့ပဲ ဖမ်းထားတာပါ။ ကိုဇော်မင်းပြောတဲ့ Save မှတ်လို့မရဘူးဆိုတာက နေရာပြောင်းပြီး Save မှတ်လို့ မရတာကိုပြောတာလား
cool project but large! need to invite many participant to make training and testing
အားကျတယ်.. လေးလည်းလေးစားတယ်အစ်ကို..
ဆက်ကြိဳးစားပေးစေချင်ပါတယ်..
လိုအပ်ရင်ကျနော်ပါကူညီချင်ပါတယ်..
ကျနော့် mail က “channyeinoo.cool@gmail.com” ပါ
ဒါပေမဲ့ .. တစ်လ ၂ ခါလောက်ပဲသုံးဖြစ်လို႔ reply အတွက်ကနည်းနည်းကြာတာကို
သီးခံပေးစေချင်ပါတယ်
Chan Nyein Oo
ခုလို စိတ်ဝင်စားတာ ကျေးဇူးတင်ပါတယ်။ ကျွန်တော် အကူအညီလိုရင် တောင်းပါ့မယ်။ အစ်ကို့ Email ကိုလည်း ကျွန်တော် မှတ်ထားလိုက်ပါပြီ
ဟုတ်ကဲ့ပါဗျာ.. လိုအပ်ရင်ပြောပါ။ ကျနော်တတ်နိုင်တဲ့ဘက်ကကူညီတာပေါ့။
Audio ပိုင်းနဲ့ပတ်သက်ပြီး နည်းနည်းလေ့လာဖူးပါတယ်။
Dear Khant Thu Linn ,
According your coding, It is not real TTS. See example your coding below. Very funny!
eg.
private string[] myanmar_verb_q = new string[] { “ထ”, “ထား”, “ထုတ်”, “ထု”, “ထွက်”, “ထိုး”, “ထည့်”, “ထိုင်”, “ထိန်း”, “ထင်”, “ထွန်း”, “ထိုက်”, “ထန်” };
if (tospeak == “ဘုရား”)
{
this.stringlocationofsound = this.stringlocationofsound + “MyanmarTextToSpeech.Noun.SC1.wav/”;
this.stringforlabel2 = this.stringforlabel2 + beforechangetheword + “/”;
}
Yes. It is not real TTS system.I am just using simple concatenative approach (usually used in old days).
Thanks for the advice. I need to study in depth first.
Ko Khant Thu Linn,
I’m blind person. Thanks advance, your creating this software. I’m also developer. So, I try the best. I created Myanmar phonetic software. Don’t afraid! Could you able to help me? I want to know some C# language. Let’s we try, shall we?
Hi Bro,
I can help and advise for your software. I am also still learning C# and planning to take audio processing subject. I am now preparing for my exams which will be finished on second week of May. Let discuss together for that.