My-Collections Version 2.0

အားလုံးဘဲ မင်္ဂလာပါ။
ဒီတစ်ခေါက် ကျွန်တော် အရင်တစ်ခါက ရေးထားတဲ့ ​My-Collections လေးကို Version 2.0 Upgrade လုပ်ထားလိုက်ပါတယ်။
ရေးပြီးတာက  ကြာနေပြီ မတင်ဖြစ်သေးတာ။
အဲ့ဒီ Program လေးကို အခုတင်ပေးလိုက်ပါတယ်။
အရင်တစ်ခေါက်က Design ပိုင်းတော်တော် အားနည်းတဲ့အတွက် အခု Version မှာ Design ပိုင်းကိုတော့ ကျွန်တော် တတ်သိသလောက် ပြင်ထားပါတယ်။
ဝေဖန်အကြံပေးခဲ့တဲ့ ကိုစေတန် ကိုလည်းကျေးဇူးအထူးတင်ပါတယ်။တောင်းလဲတောင်းပန်ပါတယ်။ကျွန်တော် Program လေးကို အကြံပေးလို့ အပြောခံလိုက်ရတဲ့အတွက်ပါ။
ထပ်ပြီးအကြံပေးပါဦးလို့လည်းတောင်းဆိုပါတယ်။ပြင်ပေမဲ့လည်း အရမ်းကြီးတော့ လှသွားတယ်တော့မဟုတ်ပါဘူး။ကြည့်လို့အနည်းငယ်ကောင်းသွားတယ်လို့တော့ ဆိုလို့ရပါတယ်။
ကိုယ်ထည့်ထားတဲ့ Data လေးတွေကိုလည်း အချိန်မြန်မြန် ဆန်ဆန် ရှာလို့ရအောင် UI Design ကိုပြောင်းလဲပေးထားပါတယ်။
ထုံးစံအတိုင်း .Net နဲ့ရေးထားတဲ့အတွက်ကြောင့် .Net Framework 4.0 လေးတော့လိုပါတယ်။
မရှိရင် အောက်ကလင့်ခ်တွေမှာဒေါင်းလုပ် လုပ်နိုင်ပါတယ်။
http://www.softpedia.com/get/Others/Signatures-Updates/NET-Framework.shtml

http://msdn.microsoft.com/en-us/netframework/aa569263

မြန်မာ စာထည့်သွင်းမှတ်လိုသူများကတော့ မြန်မာယူနီကုတ် ကီးဘုတ် တစ်ခုခု ရှိရမှာဖြစ်ပါတယ်။
ဖောင့်ကိုတော့ MyMyanmar ကိုသုံးထားပါတယ်။
ဒီအတွက် ကိုထူးမြင့်နောင် ကို Credit ပေးပါတယ်။အသုံးပြုခွင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
လိုအပ်တဲ့ ဖောင့်တွေကိုတော့ အခု အောက်မှာပေးမဲ့ Download ဖိုင်ထဲမှာ အကုန်ထည့်ပေးထားပြီးဖြစ်ပါတယ်။
ဖောင့် Folder ထဲမှာရှိတဲ့ ဖောင့်လေးတွေ အားလုံးကို မိမိစက်ထဲကို ကူးထည့်ပေးဖို့တော့ လိုပါလိမ့်မယ်။
ဖောင့်ရှိပြီးသားဆိုရင်လည်း Overwrite လုပ်လိုက်ပါ။
မထည့်ရင် ဘယ်လိုဖြစ်သွားမလဲဆိုတော့ ကျွန်တော် ရိုက်ပြီးနေရာချထားတဲ့ မြန်မာဖောင့်တွေက ဖောင့်မတူ Size တွေမတူတဲ့အတွက်ကြောင့် နေရာတွေမှားသွားပြီး မလှမပ ဖြစ်သွားမှာဖြစ်တဲ့အတွက်ကြောင့် လှလှပပဖြစ်အောင် ဖောင့်လေးတွေကို ကူးထည့်လိုက်ပါလို့ ပြောချင်ပါတယ်။
အသုံးပြုပုံပြုနည်းကိုလည်း Program လေးထဲမှာ ဖိုင်လေးနဲ့ဖော်ပြပေးထားပါတယ်။
Free ပါဘဲ။ပိုက်ဆံပေးစရာမလိုပါဘူး။
Testing ပိုင်းကိုတော့ အများကြီးမစမ်းထားတဲ့အတွက်ကြောင့် Error လေးတွေ Bugs လေးတွေရှိရင်လည်း [email protected] မေးလ် ပို့ပြီးတော့ အကြံပေးဝေဖန်နိုင်ပါတယ်။
မလုပ်တတ် လုပ်တတ်နဲ့လုပ်ထားတာ ဆိုတော့ အကောင်းစားကြီး မဟုတ်တဲ့အတွက်ကြောင့် စိတ်တိုင်းကျ မဖြစ်ခဲ့ရင်လည်း တောင်းပန်ပါတယ်လို့ပြောချင်ပါတယ်။
တတ်နိုင်သလောက်တော့ အကောင်းဆုံးဖြစ်အောင် ကြိုးစားပေးထားပါတယ်။

အောက်မှာကတော့ Sample ပုံလေးတွေနဲ့ Download လင့်ခ်လေးတွေပါ။

Download links

http://dl.dropbox.com/u/50045129/MyCollections%20Version%202.0.zip

http://goo.gl/fZd9A

အဆင်ပြေကြပါစေခင်ဗျာ။
အဆင်မပြေတာရှိ Error တက် (သို့) ဒေါင်းမရတာတွေရှိရင်လည်းအောက်မှာ ပြောကြားနိုင်ပါတယ်။

အားလုံးကိုကျေးဇူးတင်စွာဖြင့်

Zaw Min Soe (Initial)

Facebook comments:

12 Responses

  1. Thiha says:

    အခုလို အများအသုံးပြုနိုင်အောင် စီစဉ်ဖန်တီးပေးတဲ့ ကိုဇော်မင်းစိုးကို ကျေးဇူးတင်ပါတယ်ဗျာ … ဒါနဲ့ ကျွန်တော်တို့ဆီ လာခဲ့ပါဦးဗျ ….

  2. ဟိန်းသက်အောင် says:

    အခုလိုအသုံးပြုခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်

  3. ကျွန်တော့်ရဲ့ http://www.cyberw4rl0ck.com တွင် Share လုပ်လိုက်ပါသည်။
    နောက်နောင်လည်း ဒီထက်မက တိုးတက်အောင်မြင်ပါစေ ကိုဇော်မင်းစိုးခင်ဗျာ။

  4. Army says:

    Thank you for your effort.
    It’s very useful for us.

  5. ဘအောင် says:

    How about Mac Version?

  6. mgmg says:

    i can’t read ur myanmar font. which font ur website using? zawgyi font or other?

    pls help me!

  7. ko zay says:

    ဒေါင်းသွားပါပြီ…ခင်ဗျာ..
    အရမ်းကျေးဇူးတင်ပါတယ်…

  8. aungminnyunt says:

    Thank you KO ZAW MIN SOE

  9. Wai Gyee says:

    ဒိုင်ယာရီထဲမှာ မြန်မာစာရေးပြီး ထည့်ချင်ရင် ဘယ်လိုလုပ်ရမလဲ..
    ကျနော်သုံးတဲ့ ကီးဘုတ်က keymagic 1.5.0.0 ပါ။
    မြန်မာလိုတွေကတော့ မြင်ရပါတယ်။

  10. Wai Gyee says:

    မြန်မာယူနီကုဒ်နဲ့ ရေးလို့မှတ်လို့ရနိုင်မယ့် ဒိုင်ယာရီဆော့ဖ်ဝဲ မရှိဘူးလားဗျာ။
    ကျနော်ရှာတာ မတွေ့လို့ပါ။ ကျေးဇူးတင်ပါတယ်။

  11. gurulay says:

    Myanmar Font doesn’t appear properly in some articles including this one in this web site.
    Please let me know which fonts you guys are using.
    Thanks in advanced

Leave a comment


*