Monthly Announcement
Myanmar Tutorials’ Monthly Announcement
- Change Domain Name
- Myanmar Tutorials ရဲ့ Q&A Site ဖြစ်တဲ့ ask.myanmartutorials.com ကို http://qna.myanmartutorials.com လို့ ပြောင်းလဲ ထားပါတယ်။ ask. .. နဲ့စတဲ့ Domain မှာ Upgrade လုပ်တိုင်း ခဏခဏ ပြဿနာ တက်နေတဲ့အတွက် qna. နဲ့စတဲ့ဟာကို လို့ ပြောင်းလိုက်ရတာပါ။ ask. နဲ့ စတဲ့ Domain နဲ့ လင့်ချိတ် ထားသူများ ပြန်ပြောင်းပေးဖို့ မေတ္တာရပ်ခံပါတယ်။
- Interview and Articles
- Interview ကဏ္ဍမှာ ပြည်တွင်းကလူနဲ့ ပြည်ပက လူကို မျှပြီး မေးသွားဖို့ စီစဉ်ထားသလို Knowledge နဲ့ Approach ကို မျှပြီး မေးသွားဖို့ စီစဉ်ထားပါတယ်။ Article ကတော့ ထုံးစံအတိုင်း ဆက်သွားပါ့မယ်။
- Level Approach
- ကျွန်တော်တို့ တင်လာတဲ့ ပို့စ်တွေမှာ Level တွေခွဲဖို့ အစီအစဉ်ရှိပါတယ်။ Beginner, Intermediate, Advanced ဆိုပြီး သုံးခုခွဲဖို့ ရည်ရွယ်ထားပါတယ်။
- Mobile Development
- ခေတ်ရဲ့ ပြောင်းလဲမှုနဲ့ အညီ Mobile Development ကိုလည်း အခြေခံကနေစပြီး ထည့်ဖို့ ရည်ရွယ်ထားပါတယ်။
Myanmar Tutorials ပရိတ်သတ်များရဲ့ အကြံဥာဏ်များကိုလည်း ရယူလိုပါတယ်။ Comments ပေး အကြုံပြုချက်များ ပေးကြပါလို့ ဖိတ်ခေါ် အပ်ပါတယ်။
Myanmar Tutorials Team
Facebook comments:



ကျနော်ကတော့ ပေးပြီးသားဆိုတော့ထပ်မပေးတော့ပါဘူး
Level Approach
ထားတာကိုတော့ အရမ်းသဘောကျပါတယ်
ကျေးဇူးတင်ပါတယ် ရည်ရှည်တည်တံ့နိုင်ပါစေခင်ဗျာ
အစ်ကိုတို့ရေ Mobile Development ကိုအရမ်းစိတ်ဝင်စားတယ် မြန်မြန်လေးတင်ပေးပါနော် ။
ဟုတ် တင်မယ်ခင်ဗျ … လောလောဆယ် PHP အခြေခံပိုင်း၊ SQL အခြေခံပိုင်းနဲ့ ASP.NET MVC, Java iReport စတာတွေကို အဓိကထားပြီး ပုံပေါ်လာအောင် လုပ်နေလို့ခင်ဗျ … အဲဒီအပိုင်းတွေပြီးရင် ဆက်မယ်ခင်ဗျ … စိတ်ဝင်စားလို့ ရေးချင်တဲ့သူတွေ ရှိရင်လည်း ဆက်သွယ်ပါခင်ဗျ ..