iTextMM Version 1.0 Release
iTextMM ရဲ႕ version 1.0 ကို ယနေ့ဘဲ Android Market ကနေ release လုပ်လိုက်ပါပြီ။
iTextMM ဟာ Myanmar Syllable တွေကို prediction လုပ်ပေးတဲ့ ကီးဘုတ်တစ်ခု ဖြစ်တယ်ဆိုတာ Myanmar Tutorials က ပြုလုပ်တဲ့ Anniversary တုန်းက မိတ်ဆက်ပေးခဲ့တဲ့ အတွက် ကွန်မြူနတီ မန်ဘာများ အားလုံးလဲ သိပြီးသား ဖြစ်ပါလိမ့်မယ်။ MyanDroid မှာ တုန်းကလို current screen နောက်က character တွေကို Sym & nor နဲ့ Control မလုပ်တော့ပဲ ဒီ ကီးဘုတ်မှာတော့ screen ၃ ခုဘဲ သုံးထားပါတယ်။
ပထမ Layout Screen
ဒုတိယ Screen ကတော့ screen shift နဲ့သွားပါ။
ကျန်တဲ့ character များနဲ့ မြန်မာ ကိန်းတွေ ရိုက်နိုင်ဖို့ အတွက်ပါ။ Latin IME တွေလိုပဲ ?123 ကို ရွေးပါ။
ဇော်ဂျီဖောင့် က “ြ ” ကိုဘဲ ပုံစံ အမျိုးမျိုးနဲ့ သုံးတဲ့အတွက် popup keyboard လေးနဲ့ “ြ ” အမျိုးမျိုး ရွေးနိုင်အောင် ထည့်ထားပါတယ်။
အလားတူဘဲ တစ်ေချာင်းငင်နဲ့ အောက်ကမြစ် တွေလဲ popup keyboard ပါပါတယ်။
ဒီ ပို့စ်လေးကတော့ User Manual ကိုပြောပါမယ်။ Beta Version ကို release မလုပ်ခင် မှာ သူငယ်ချင်း တစ်ချို့ကို ကိုစမ်းပြီးပေးသုံးခိုင်း ဖြစ်ပါတယ်။ User တော်တော်များများက system က prediction ကိုမရွေးပဲ အရင် ကီးဘုတ် သုံးသလို စကားလုံးတိုင်း လိုက်ရိုက်နေတာ တွေ့ရပါတယ်။ အဲဒီတော့ prediction ရဲ့ အကျိုးကို မခံစားရတော့တာ တွေ့ရပါတယ်။ ဥပမာ – မင်းကလဲ နောက်ကျ လိုက်တာကွာ ဆိုတဲ့ sentence ရိုက်ချင်ရင် “မင်း ၊ က ၊ လဲ ၊ နောက်၊ ကျ ၊ လိုက် ၊ တာ ၊ ကွာ” ဆိုပြီး syllable ၈ လုံးရိုက်မယ်လို့ယူဆပါ။
Candidate View ကနေ “မင်း” ဆိုတာကိုရွေးပါ။
နောက်စကားလုံး “က” ကို ရိုက်ရင်တော့ system “က” prediction ဆက်လုပ်နေဦးမှာပါ။ ဒါပေမယ့် ကိုယ်လိုချင်တဲ့ စကားလုံးကလည်း “က” ဘဲဆိုပါတော့ commit မလုပ်ဘဲ နောက်စကားလုံးတွေ ထပ်ရိုက်ကြပါတယ်။ screen မှာ ပေါ်နေတာက လိုင်းတားထားတဲ့ ကကြီးပါ။ commit မဖြစ်သေးပါဘူး။ ဒါကြောင့် Candidate View ကနေ commit လုပ်ရပါမယ်။ အဲဒီလိုမျိုး Candidate View ကနေ Commit လုပ်တိုင်း၊ system ကနေ နောက် syllable တစ်လုံးကို prediction လုပ်ပေး နိုင်အောင် ရေးထားပါတယ်။အောက်မှာ ပြထားတဲ့ screen capture ကတော့ “နောက်” ဆိုတဲ့ စကားလုံး လေးတွေ ရွေးပြီးတဲ့အခါ system က ထပ်ပြီး prediction လုပ်ပေးတဲ့ စကားလုံးတွေပါ။
ဒီ ကီးဘုတ်ကဇော်ဂျီဖောင့် ရိုက်နိုင်အောင် လုပ်ထားတဲ့ ကီးဘုတ်ပါ။ ဒီ ကီးဘုတ်က အပြည့်အ၀ ကောင်းတယ်လို့ မဆိုလိုပါဘူး။ မြန်မာ စကားလုံးတွေကို မိုဘိုင်းဖုန်းမှာ input သွင်းတဲ့အခါ ပိုမိုလွယ်ကူ မြန်ဆန်စေဖို့ မြန်မာ လူငယ်တစ်ယောက် အနေနဲ့ ကြိုးစား ကြည့်မိခြင်းသာ ဖြစ်ပါတယ်။ နောက်နောင် မြန်မာလူငယ်များ ထုတ်လုပ်သော ပိုမိုကောင်းမွန်တဲ့ မြန်မာစာ စနစ်များ ထွက်ပေါ်လာစေရန်သာ ရည်ရွယ်ပါတယ်။ နောက်ပိုင်း release လုပ်မယ့် version များ မှာတော့ user ရိုက်ရတာ ပို အဆင်ပြေစေဖို့ UI ပြောင်းဖို့ နဲ့ တခြားအစီအစဉ်များ embed လုပ်ဖို့ရှိပါတယ်။ အခု စမ်းကြည့်သလောက်တော့ tablet ထက်စာရင် မိုဘိုင်းဖုန်း မှာ ဘဲ UI က အဆင်ပြေပါသေးတယ်။ video file link :http://www.vimeo.com/24910611
အားလုံးဘဲပျော်ရွှင်ပါစေ..
ကျေးဇူးတင်ထိုက်သူများ
ကို zack – publishing in Android Market
Facebook comments:












syllable prediction အကြောင်းကို post တစ်ခုနဲ့ ရေးပေးပါလား။ Data တွေ ဘယ်လို စုထားလဲ။ နောက်ပြီး ဘယ်လိုမျိုး အလုပ်လုပ်ပေးလဲ။ Technology ကို opensource ပေးမယ်ဆိုရင်တော့ အကောင်းဆုံးပဲဗျ။
အဲဒီ predication အတွက် Google App Engine သုံးပြီး Web API တစ်ခုလောက် လုပ်ချင်လို့။ နည်းပညာ မျှဝေလို့ ရရင် တချက်လောက် မျှဝေ ပေးပါ အုံးဗျာ။
MZ+MT ပွဲတုန်းက presentation လုပ်တုန်း ပြောပြီးသားမို႔ပါ ကုိေစတန်
Please send me the original post for me. I need to fix the post
I have just submit it to u Sir
Submit News ကအလုပ်လုပ်ရဲ့ လားမသိဘူး။ တစ်ခေါက်က English-Myanmar Dictionary BlackBerry ဖုန်းအတွက်လမ်းပို့ဖူးတယ်။ မရဘူးထင်တယ်။
ဟုတ် မရဘူးခင်ဗျ ကျွန်တော့်ကို တစ်ချက် ပြန်ပို့ပေးပါဦးခင်ဗျာ …
myanmartutorials@gmail.com ကို ပို့ပေးပါခင်ဗျာ
Nice app. but so sad that you never send me for any testing :p
I want to request you to upload on MMdroid and hope you’ll contact me anyway. and personally I got a lot to tell you too . =D
Cheers.
cheer ! sis
Now, I’m testing it.
Cheers.
[...] ကီးဘုတ္တခုပါ ၊ အေသးစိတ္ကုိ ဒီလင့္မွာ သြားဖတ္ [...]
ကောင်းတယ်ဗျာ. သုံးရတာ အဆင်ပြေပါတယ် UI စဉ်းစားထားတာလဲ ကောင်းတယ်. ခုလိုမျှဝေပေးတာ ကျေးဇူးတင်ပါတယ်ဗျာ ။ Setting တွေ syllable prediction တွေ နဲ့ သပ်သပ်ရပ်ရပ်ဖြစ်ပါတယ်။
Cheers.
ဒီနေ့ keyboard အသစ် တွေ့လို့ စမ်းပြီး လိုအပ်မယ်ထင်တာလေးတွေ ရေးပေးပါလိုက်ပါတယ်။
1. Syllable တွေ နေရာမှာအတုံးတွေ ဖြစ်နေတယ် မြင်ရအောင်ဘာများ လုပ်ဖို့လိုပါသလဲ။
2. Key တွေ နှိပ်တဲ့အခါ VIBRATE % ကို နည်းနည်း လျှော့လိုက်ရင် ပိုကောင်းမလားလို့ (Vibrate ထည့်ရင် အသံကိုမထည့်သင့်ဘူးထင်တယ်)
3. enter key ကို နှိပ်တာ (ဠ) ပေါ်နေတယ် keycode တွေ မှားနေတယ်နဲ့တူတယ်။ (( က ခ င စ တ ) screen နဲ့ ( ဝ ၁ ၂ ၄ ၅ ) screen တွေမှာပါ)
4. မလိုအပ်ပဲ key တိုင်းမှာ popup တွေ ပေါ်နေတယ် long press နှိပ်တိုင်းလဲ blank popup တွေ မလိုအပ်တဲ့ key တိုင်း လိုလိုမှာ ပေါ်ပေါ်နေတယ်။ လိုအပ်တဲ့ key မှာပဲ ပေါ်ရင် user အနေနဲ့ ထူးခြားတဲ့ key တွေကို သတိထားမိမယ်လို့ထင်တယ်။
5. ( ဿ ) ရိုက်တာ လေးထောင့်တုံးဖြစ်နေတယ် keycode အမှန်က “0×1084″ ပါ “0×1086″ မဟုတ်ပါဘူး။
6. + – * = အစား v b n m တွေဖြစ်နေတယ် (( / ) အစား )လဲ မပါဘူး ဖြစ်နေတယ်။ တကယ်လို့ မလိုအပ်ဘူးထင်ရင်လဲ (၎င်း) နဲ့ ( ဿ) ကို နေရာပေးလိုက်ပါ။
7. နောက် version တွေမှာ English key တွေ အတွက်ပါ တခါတည်းထည့်မယ်လို့ မျှော်လင့်ပါတယ်။
8. MyanDroid soft keyboard တုံးကလို့ keyboard disabled key လေးထည့်ပေးသင့်တယ်ထင်ပါတယ်။ မလိုချင်တဲ့အခါ screen မှာ မရှုပ်တော့ဘူးပေါ့။
9. Characters တွေ တော်တော်များများ ကျန်သေးတယ်ထင်တယ် ( ဝိဇ္ဇာ ) တို့ (မန္တလေး) တို့ရိုက်ဖို့ မလွယ်ဘူးဖြစ်နေတယ်။
နောက် version တွေကို မျှော်နေပါ့မယ်။
အခုလို bug report ကိုမျှော်နေတာ ကျေးဇူးတင်ပါတယ်။ ဒါမှလဲ ပြင်သင့်တာ ပြင်ပြီး လက်တစ်လောမှာ (ယူနီကုတ်မရသေးတဲ့အခြေနေမှာ )အသုံးဝင်တဲ့ ကီးဘုတ်တစ်ခုဖြစ်မှာပါ။ မအားသေးတဲ့ကြားက အမြန်ဆုံးပြန်ပြင်ပြီးတင်နိုင်အောင်ကြိုးစားပါအုံးမယ်
This app is incompatible with your StarHub Samsung GT-I9000.
StarHub Samsung GT-I9000
This item is not compatible with your device.
–
I got this error message from android market, how should I do?
I think you should use mirror site to get apk instead of installing via Android Market
Great sister
Dear sis,
When I type by using this keyboard, I got only square. Help me.
သုံးရတာတော့ အဆင်ပြေတယ်ဗျာ ကျေးဇူးလဲတင်ပါတယ် ဓ ရှာမတွေ့ဘူးဖြစ်နေလို့တဆိတ်လောက်ပြောပြပေးပါလားခင်ဗျာ
ဟုတ်ပ ဓ ကျန်ခဲ့တာဘဲ နောက် version ကျရင် ပြင်ပေးပါ့မယ် ဒီလို bug သိရတာ တကယ်ကျေးဇူးတင်တယ်
Onscreen keyboard doesn’t show up in Huawei C8500
@ Zen
Onscreen keyboard ပေါ်ဖို့ အနည်းငယ်စောင့်ရပါမယ် Huawei C8500 တို့ဘာတို့တွေဆိုတဲ့ device နဲ့မဆိုင်ပါဘူး။ ကျေးဇူးတင်ပါတယ်
Syllable တွေ နေရာမှာအတုံးတွေ ဖြစ်နေတယ် မြင်ရအောင်ဘာများ လုပ်ဖို့လိုပါသလဲ။
@ luyo: you need to install zawgyi font. ttf to your mobile phone at first
Thanks for your using iTextmm
Please take off Vibrate and Sound when pressing keys..
How to use Android Market for HTC Desire S ?
How to make My Android Market Account ? ( I already have gmail account)
How to make two step verification of google account to use google application ???
Please Let Me Know if anybody know about it !!!
When will Android 2.3 Gingerbread be supported by this application? I am still looking forward to using this application.
အဲမွန်ရေ..
iTextMM Version 1.0 Release က “ဓ” ပျောက်နေတယ်။
ဘယ်လို သုံးရတယ်ဆိုတာ ပြန်ပြောပါအုံး။
သူငယ်ချင်းတစ်ယောက်ကို ညွှန်လိုက်တာ သူကပြန်ပြောလို ့ပါ။
ကျေးဇူးပါ။
How can I use myanmarkeyboard on blackberry.
မြန်မာလိုမှာ space bar က လေးထောင့်တုံးပေါ်ပါတယ်။ အင်္ဂလိပ်လိုမှာတော့ J အကြီးက I (အိုင်) အကြီးလို ပေါ်ပါတယ်။ လောလောဆယ်တော့ ဒီ ၂ခုပဲတွေ့ပါသေးတယ်
ကျွန်တော့်ဖုန်းက huawei c8500 ပါ root လုပ်ပြီးသား ဇော်ဂျီဖောင့်ထည့်ပြိးသားပါ..(version 2.1 ပါ) ကျွန်တော် iွွှှTextMM ကိုဒေါင်းလုပ်လုပ်ပြီး သုံးကြည့်တာ keyboard မပေါ်ပါဘူး.. keyboard ကသပ်သပ် download ုလုပ်ရမှာလား. လုပ်ရမယ်ဆို Link လေးပေးစေချင်ပါတယ်.. အရမ်းသုံးကြ်ည့ချင်လို့ပါ. နောက်ပြိး ဇော်ဂျီ ဖောင့်မထည့်ရသေးတဲ့ root မလုပ်ရသေးတဲ့ ဖုန်းတွေမှာအသုံးပြုလို့ ရသလား သိချင်ပါတယ်.. ကျေးဇူးတင်ပါတယ် အဲလို မြန်မာ app တွေရေးပေးတဲ့အတွက်ပါ
ရပြီဗျ အိုကေသွားပြီ Menu ကို အကြာကြီးနှိပ်ထားရင် ပေါ်လာတယ်.. နောက်တစ်ခုရေးမယ်ဆိုမစောင့်ရတော့ဘူး.. စာရေးမယ့်နေရာကိုထောက်လိုက် တာနဲ့တန်းပေါ်တာလာတယ် input method ပြောင်းပြီးမှ ပြန်ရေးချင်ရင်တော့ Menu ကိုအကြာကြိးပြန်နှိပ် ထားရတယ် သုံးကြည့်တာအဆင်တော်တော် ပြေပါတယ်. ဒါပေမယ့်ကျွန်တော့ဖုန်း ကြောင့်လားမသိဘူး တော်တေ်ာ ကြာတယ်ဗျ ဒီတိုင်းရေးရင် ပြီးလောက်တဲ့အချိန် ကျမှ တက်တက်လာ တော့ နှေးတာတော့နှေးတုန်းပဲ တော်ာတော် ကြိုးစားပြီးရေးထားတဲ့အတွက်.. ကျေးဇူးတင်ပါတယ်
Itextmm does not work on my t-mobile mytouch 4G. Ko Reh (Kayah state)
ဟယ္လိုု
မဂၤလာပါ
samsung galaxy sII မွာတင္မရပါဘူး။
custom download ကတင်ရင်လည်း စက်ဟမ်းသွားပါတယ်။