ICT Business Plan ပြိုင်ပွဲ သတင်းစာရှင်းလင်းပွဲ

ယနေ့ ၂၅ ရက်ကြသပတေးနေ့ နေ့လယ် ၃ နာရီ မှာ MICT Park, လှိုင်နယ်မြေ Main Building, အခန်းအမှတ် (201) တွင်  မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်က ကြီးမှူးပြီး ICT Business Plan Contest ပြိုင်ပွဲနှင့်ဆက်စပ်ကာသတင်းစာရှင်းလင်းပွဲတစ်ရပ်ကိုပြုလုပ်ခဲ့ပါတယ်။

ထိုပြိုင်ပွဲသည် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းနှင့် ဂျပန် နိုင်ငံ CIESF တို့ပူးပေါင်းကာ IT industry ဖွံဖြိုးတိုးတက်လာစေရေးနှင့် Mobile Telecommunication ဆိုင်ရာ ဆန်းသစ်သော နည်းပညာများ ပေါ်ထွက်စေရန် ရည်ရွယ်ချက်ကောင်းများဖြင့် ပြုလုပ်တယ်လို့လဲသိရပါတယ်။ ဆုကြေးအနေနဲ့ ကတော့ အမေရိကန်ဒေါ်လာသုံးထောင်ပါ။ အဆိုပါရှင်းလင်းပွဲသို့   မြန်မာနိုင်ငံမှ အိုင်တီနယ်ပယ်နှင့် ဆက်စပ်သော မီဒီယာ၊ သတင်း၊ဂျာနယ်နှင့် စာနယ်ဇင်းသမားများ ဖိတ်ကြားကာ ပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။ သတင်းစာရှင်းလင်းပွဲ အစီစဉ်အားဖြင့် အပိုင်း ၅ ပိုင်းခွဲပြီးပြုလုပ်ခဲ့ပါတယ်။ ပထမဉီးဆုံးအနေနဲ့ တက်ရောက်လာသူများမှ  မိမိတို့ ဘယ်မီဒီယာမှ ဖြစ်ကြောင်းမိတ်ဆက်ကြရပါတယ်။ ထို့နောက် အစီစဉ်အရ ပြိုင်ပွဲဖြစ်မြောက်ရေးကော်မတီမှ သက်ဆိုင်ရာ ဆရာမကြီးမှ ပြိုင်ပွဲနှင့်ပတ်သက်သည်များကို အခုလို ရှင်းလင်းပြောကြားခဲ့ပါတယ်။

ပြိုင်ပွဲအမျိုးအစား ကတော့ Mobile Application ဖြစ်ပြီး

အဓိက ခေါင်းစဉ်များကတော့

-          Tele-medicine

-          Tele-Education

-          Tele-Social Network ဖြစ်ပါတယ်။

ပြိုင်ပွဲတွင် အဓိက တင်သွင်းရမယ့်အချက်တွေကတော့

၁. မိမိ ရဲ့ထုတ်ကုန်အကြောင်း (စာလုံးရေ ၁၅၀)

၂. ကိုယ်ရည်မှန်းတဲ့ စားသုံးသူပစ်မှတ်

၃. Business အိုင်ဒီယာ model (စာလုံးရေ ၁၅၀)

၄. Social benefits (စာလုံးရေ ၁၅၀)

၅. Unique advantages (စာလုံးရေ ၁၅၀)

စသည်တို့ကို ပဏာမ အနေနဲ့ ၁၅.၉.၂၀၁၁ ရက်နေ့နောက်ဆုံး တင်သွင်းရမှာဖြစ်ပြီး  အဆိုပါတင်သွင်းသူများမှ စကာတင် (၁၀) ဉီးကိုရွေးချယ်ကာ ၂၆.၉၂၀၁၁ မှ ၃၀.၉.၂၀၁၁ ထိ သင်တန်းအခမဲ့တစ်ပတ်တက်ခွင့်ရမယ်လို့ဆိုပါတယ်။ အဲ့ဒီနောက်မှာတော့ မိမိရဲ့ Business Plan ကိုထပ်မံမွမ်းမံခိုင်းမှာ ဖြစ်ပြီး ၁၃.၁၀.၂၀၁၁ မှာပြန်လှယ်တင်ရမှာဖြစ်ပြီး နောက်ဆုံးတစ်ဆုကိုတော့ ၁၆.၁၀.၂၀၁၁ တွင်ရွေးချယ်ချက်များကြေငြာသွားမယ်လို့လဲသိရပါတယ်။

အဲ့ဒီနောက်မွာတော့ CIESF မှဂျပန်ဆရာကြီးတစ်ဉီးက သင်တန်း မှာ သင်ပေးမည့်အကြောင်းအရာများကို ရှင်းလင်းခဲ့ပါတယ်။ တစ်ပတ်တာသင်တန်းမှာ သင်ကြားပေးမှာကတော့

၂၆.၉၂၀၁၁ (မနက်ပိုင်း)- ဆက်သွယ်ရေးစနစ်သမိုင်းကြောင်း၊ ဂျပန်နိုင်ငံမှတယ်လီဖုန်း၀န်ဆောင်မှုစနစ် နဲ့ပတ်သက်တဲ့

                                    overview

၂၆.၉၂၀၁၁ (ညနေပိုင်း) – မိမိ တင်သွင်းထားတဲ့ Plan ကို  တစ်ယောက်ချင်းဆီမှ ၁၀မိနစ်ဆီ ရှင်းလင်းရမှာဖြစ်ပြီး ၊ အမေးအဖြေက ၅ မိနစ်စီ ဖြစ်ကြောင်းလဲသိရပါတယ်။

၂၇.၉.၂၀၁၁ – မိုဘိုင်းသမိုင်းရာဇ၀င်နဲ့ ဂျပန်နိုင်ငံမှ မိုဘိုင်းဖုန်းဘေလ်ကုန်ကျစရိတ်တွက်ချက်မှု စနစ်များ

၂၈.၉.၂၀၁၁ – ဂျပန်နိုင်ငံမှ လူကြိုက်အများဆုံးဖုန်းများ အကြောင်း

၂၉.၉.၂၀၁၁ – data transmission အကြောင်း

၃၀. ၉.၂၀၁၁ – မိုဘိုင်းဖုန်း အများဆုံးသုံးနေတဲ့နိုင်ငံတွေရဲ့ အနာဂါတ်လမ်းကြောင်းအစီစဉ်စတာတွေကို တစ်ပတ်တာ သင်ကြားခွင့်ရမယ်လို့သိရပါတယ်။

အဆိုပါပြိုင်ပွဲတွင် ရွေးချယ်ခံရသူ အနေဖြင့်လည်း သက်ဆိုင်ရာအကြီးကဲကိုယ်တိုင် ဆုကြေးငွေကို ချီးမြင့်ခြင်းကို ခံရမည့်အပြင် ဂျပန်နိုင်ငံတွင် ပုံနှိပ်ထုတ်ဝေမည့် စာနယ်ဇင်းများတွင် ဖော်ပြခြင်းခံရမည်ဖြစ်သောကြောင့် အဆိုပါရွေးချယ်ခံရသူ၏ Business Plan အားကြိုက်နှစ်သက်ကာ လာရောက်ရင်းနှီးမြုပ်နှံမည့်စီးပွားရေးလုပ်ငန်းရှင်များဖြင့် အချိတ်ဆက်မိကာ စီးပွားရေးအခွင့်အလမ်းပွင့်လာနိုင်မည့် အခွင့်အရေးတစ်ခုဖြစ်ကြောင်း အသိပေးလိုက်ရပါသည်။

p.s အဆိုပါစာမူအားကူးယူဖော်ပြလိုပါက မြန်မာကျူတိုရီရယ် လင့်အား refer လုပ်ပေးစေလိုပါတယ်။ :D

Facebook comments:

7 Responses

  1. Business plan ကြီးပဲပြိုင်ရမှာပဲ သတင်းစာရှင်းလင်းပွဲလုပ်မှာပဲ စာလုံးအရေအတွက်အမှန်သိရတော့တယ်

  2. m0rRis says:

    so many controversial things in this plan . When Ko Hphone Myint Khing asked U Thein Oo “Who owned after pawned first prize” , He doesn’t give a satifying answer and just told us idea are priceless item , you can manipulate enermous and even they pillaged yours you have a chance to contest against them . I don’t think it will make a good sense . Whatever he said like that , how can a merely normally person contest against big organzation . I also wanna know about how they take responsibility (i mean in order to prevent misused of idea who aren’t pawned) . I also pray it wasn’t harvesting idea for their sake . hope so

  3. ကို morris ပြောသလိုဆိုရင် ကိုယ့်ဆီကနေ အိုင်ဒီယာ လာတူးတယ်လို့ သဘောလုိ့ သက်ေရာက်တယ်လို့ ခံစားရပါတယ်။ press conference မှာတုန်းက လည်း reporter တွေက အဲ့ဒီအချက်ကုိ ဂရုတစိုက်မေးမြန်းခဲ့တာ တေွ႔ရပါတယ်။ ဘာလုိ့လဲဆုိတော Business Plan ကုိ ပိုက်ဆံနဲ့ေပးပြီး ၀ယ်ရတာေတွ ဖြစ်နေတော့ အဲ့ဒီအချက်ကုိ ဘယ်လုိဖြေပေးသွားလဲဆိုေတာ့ တကယ်လုိ့ ဆုရတဲ့ သူက သူ့ရဲ့ business plan ကုိ ဆုရပြီးနောက်ပိုင်း ကြိုက်တဲ့ စီးပွားရေးသမားက လာ၀ယ်တယ်ဆုိရင် သူ့သဘောပါတဲ့။ ဒီပြိုင်ပွဲ ရည်ရွယ်ချက်က အိုင်ဒီယာ သမားနဲ့ နုိင်ငံခြားစီးပွားေရးသမားတွေကြား ဆက်ဟပ်ပေးမယ့် ေပါင်းကူးလေးသဘောပါလို့ ဆုိပါတယ်။

  4. m0rRis says:

    ကျွန်တော်က ကျွန်တော်ကြားမိသလောက် အချက်အလက်နဲ ့တွေးကြည့်တာပါ အဲဒီလိုဆိုရင်တော့ အတိုင်းထက်အလွန်ပါပဲဗျာ။ :) ပြောပြပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။

  5. sHa92 says:

    အချိန်တွေတိုက်ပြီး ဘယ်လိုမှ မသွားနိုင်ဖြစ်လို့၊ ဒီရှင်းလင်းပွဲနဲ့ပတ်သက်တဲ့ information ဘယ်ကများရမလဲကြည့်နေတာ။ အခုတော့ ရေကန်အသင့်ကြာအသင့်၊ မအဲမွန်ရေ၊ ကျေးဇူးဘဲဗျ။ :)

  6. ဒီထက်ပိုသိချင်ရင်လဲပြောပါ အစ်မ သိလာသလောက်ပြန်ပြောပြပေးပါမယ် :D

  7. kyaw kyaw zin says:

    dear sis,

    can one person submit one or more project-plans?

Leave a comment


*