Dev Con 2011 – Yangon အတွက် လိုဂိုဒီဇိုင်းများ ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်အသင်းမှ 2011 Developer Conference (Dev Con 2011 – Yangon) အတွက် Logo Design ပြိုင်ပွဲဝင်ရန် ဖိတ်ခေါ်ခြင်း

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ ကြီးမှူး၍ ပထမအကြိမ် Developer Conference (Dev Con 2011-Yangon) ကို ၂၀၁၁ ခုနှစ် ဩဂုတ်လ (၂၀) ရက်မှ (၂၁) ရက်နေ့အထိ ရန်ကုန်မြို့ မြန်မာ အင်ဖိုတက်ခ်တွင် ကျင်းပမည် ဖြစ်သည်။

Dev Con 2011 – Yangon တွင် အသုံးပြုမည့် Logo Design ကို စိတ်ဝင်စားသူ မည်သူမဆို ဝင်ရောက်ယှဉ်ပြိုင် နိုင်ပါရန် ဖိတ်ခေါ်အပ်ပါသည်။

  • မိမိတို့၏ Logo Design များကို အောက်ဖော်ပြပါ သတ်မှတ်ချက်ဖြင့် ပြုလုပ်ရပါမည်။
  • (Illustrator or Photoshop with layers preserved and PNG format, 300 DPI resolution)
  • မည်သူမဆို Design တစ်ခုထက်ပိုပြီး ပေးပို့ယှဉ်ပြိုင်နိုင်ပါသည်။
  • Design Logo များကို (E-mail: office@mcpamyanmar.org) သို့ မေလ (၉) ရက်နေ့နောက်ဆုံးထားပြီး ပေးပို့ ရမည်ဖြစ်ပြီး မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ Design လက်ခံရရှိကြောင်း E-mail ဖြင့် ပြန်လည် အကြောင်း ပြန်ပါမည်။
  • ရွေးချယ်ခံရသော Logo အသုံးပြုခွင့်ကို မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းသို့ ပေးအပ်ရမည် ဖြစ်ပါသည်။

ရွေးချယ်ခံရသော Logo Designer အား မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ ဂုဏ်ပြုလက်မှတ်နှင့် Logo ပုံစံတူ Trophy   အား မှတ်တမ်းတင် ချီးမြှင့်မည်ဖြစ်ပါသည်။ အသေးစိတ် အချက်အလက်များကို သိရှိလိုပါက မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်အသင်းရုံးခန်း၊ အဆောင် (၄)၊ အခန်း (၄) ၊ မြန်မာအင််ဖိုတက်ခ်၊ ဖုန်း – ၆၅၂၂၇၆၊ ၀၉ ရ၃၀၈၈၃၀၀ သို့ဆက်သွယ် မေးမြန်းနိုင်ပါသည်။

Facebook comments:

Leave a comment


*