CodeIgniter Localization Project နှင့် Open Source စိတ်ဓာတ်
ဟိုတစ်နေ့က ကိုရာဗီနဲ့တွေ့တော့ Open Source နဲ့ ပတ်သက်တဲ့ အကြောင်းတွေ ပြောဖြစ်ပါတယ်။ အဲဒီလို ပြောဖြစ်တဲ့အထဲမှာ Open Source နဲ့ ပတ်သက်ပြီး ကျွန်တော် သတိမပြုမိတဲ့ အချက်တစ်ခုကို ကိုရာဗီပြောလို့ သိခဲ့ရပါတယ်။ အစပိုင်းတုန်းက ကျွန်တော့ အနေနဲ့ Open Source ဆိုရင် သုံးဖို့သက်သက်သာ အသိအမှတ်ပြုရုံသက်သက်သာဟု ထင်ခဲ့ပါတယ်။ ကိုယ့် Open Source တစ်ခုကို သုံးမယ် အဲဒီလို သုံးမယ်ဆိုရင် သုံးထားကြောင်း အသိအမှတ်ပြုမယ်ပေါ့။ ဒီလောက်ဆို လုံလောက်ပြီလို့ စိတ်ထဲမှာ မှတ်ထားတာ ကိုရာဗီပြောမှ Open Source ဆိုတာ အဲဒီလို အခြေခံအဆင့်ထက် ပိုကြောင်း သိလာရပါတယ်။ ကိုရာဗီပြောတဲ့ အချက်က Community Contribution (အဖွဲ့ကို ပြန်လည်ပူးပေါင်း ပါဝင်ထောက်ပံ့ပေးခြင်း) က Open Source ရဲ့ အလွန်အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်တယ်ဆိုတာ သိလာရပါတယ်။
Community Contribution ဆိုတာ တကယ်တန်း ဘယ်နေရာမှာဖြစ်ဖြစ် အရေးပါတယ်လို့ ဆိုနိုင်ပေမယ့် Open Source ဖက်မှာတော့ တကယ့်ကို အသက်သွေးကြောလို့ ဆိုနိုင်ပါတယ်။ ကျွန်တော် လိုက်စင်တွေအကြောင်း ရေးဖူးပါတယ်။ အဲဒီမှာ ဘယ်လိုက်စင်က ဘယ်လိုသဘော၊ ဘယ်လိုက်စင်က ဘယ်လို စသည်ဖြင့်ရေးခဲ့ပြီး ဖြစ်လို့ ထပ်မပြောတော့ပါဘူး။ ဒီနေရာမှာ ပြောချင်တာက Community Contribution လို့ ခေါ်တဲ့အပိုင်းပါ။ ဘယ် Open Source မှ Community Contribution မပါပဲ မအောင်မြင်နိုင်ဘူးလို့ ဆိုနိုင်ပါတယ်။ Community Contribution ရပ်ဆိုင်းသွားတဲ့နေ့ဟာ Open Source Product ပါသေသွားတဲ့နေ့လို့ ဆိုလို့ရအောင် အရေးပါတာ ကျွန်တော် သတိထားမိပါတယ်။ ခုတစ်လော PHP Framework တွေနဲ့ နဘန်းလုံးနေရတဲ့ ကျွန်တော်အတွက် သတိထားမိတာလေးတွေ ရှိလာပါတယ်။ အရင်က ကျွန်တော် ကြိုက်မိတဲ့ Framework က CakePHP ပါ။ ဒါပေမယ့် ခုချိန်မှာ CakePHP အတွက် Community Contribution တွေအရမ်းနည်းသွားတာ တွေ့ရတော့ ကျွန်တော့် စိတ်ထဲ တစ်မျိုးဖြစ်သွားပါတယ်။ အဲဒီတော့ တကယ့်ကို Community Contribution အာကောင်းတဲ့ အခြား Framework တွေကိုသာ အဓိကထား သုံးဖြစ်ပါတော့တယ်။
ဒါပေမယ့် ကျွန်တော် သတိထားမိတာက သုံးသူဖက်ကပါ။ Open Source Product တွေကို အသုံးချတော့မယ်၊ ကိုယ့်လုပ်ငန်းမှာ ပြန်သုံးတော့မယ်ဆိုရင် အရင်ဆုံး လေ့လာသင့်တာတွေကတော့
- အဲဒီ Open Source Product က ဘယ်လိုင်စင်ကို သုံးထားလဲ
- အဲဒီ Open Source Product မှာ Community ကောင်းကောင်း ရှိရဲ့လား
- အသုံးပြုရလွယ်အောင် User Guide တွေ အပြည့်အစုံရှိရဲ့လား
- Open Source စစ်ရဲ့လား (ဒါကတော့ တစ်ချို့ Product တွေဟာ Open Source အရေခြုံပြီး Community Contribution ရယူ၊ ပြီးမှ ကိုယ့်စိတ်ကြိုက် လိုက်စင်ပုံစံတတ်ပြီး အသုံးချသွားတာမျိုး တွေ ရှိနေတဲ့အတွက် စစ်ရဲ့လားဆိုတာ သတိထားဖို့လိုတာပါ။)
- Open Source ပေးတဲ့အနေအထားက ဘယ်အတိုင်းအတာအထိ ပေးတာလဲ (တစ်ချို့ Product တွေဟာ LGPL လို့ခေါ်တဲ့ တစ်စိတ်တစ်ပိုင်းကို Open Source ပေး တစ်စိတ်တစ်ပိုင်းကို Closed Source ပေးတာတွေရှိနေတတ်ပါတယ်။)
- Open Source Product ရဲ့ Security နဲ့ ပတ်သက်တဲ့ အနေအထား (ဒါကတော့ CMS လို့ခေါ်တဲ့ Level တွေမှာ အဓိကထား စိစစ်ရမယ့် အပိုင်းဖြစ်ပါတယ်။ Framework အဆင့်မှာတော့ Security ပိုင်းကို မိမိစိတ်ကြိုက်ပုံသွင်းနိုင်တဲ့အတွက် ဘယ်လို Features တွေပါလဲဆိုတာ ကြည့်ရုံနဲ့တင် လုံလောက်ပါတယ်။)
- Open Source Product အပေါ်မှာ Developer အနေနဲ့ ဘယ်လောက်အထိ ဆုတ်ကိုင်နိုင်စွမ်း အသုံးချနိုင်စွမ်းရှိလဲ (ဒါကတော့ ကိုယ်ရဲ့ ကျွမ်းကျင်မှုအပေါ်မှာ မူတည်ပါတယ်။ Framework Level မှာတော့ အားလုံးက အတူတူတွေဖြစ်နေတတ်ပြီး CMS Level မှာတော့ သူဟာနဲ့သူ ကျွမ်းကျင်ရာ လိမ်မာကြပါတယ်။ ကျွန်တော်က OS Level Open Source တွေကို မသိတဲ့အတွက် မပြောတော့ပါဘူး။ နောက်တစ်ခု Open Source တွေမှာ ပါလေ့ရှိတဲ့ Reverse Engineering ဆိုတဲ့ ကိစ္စမှာ အစအဆုံးမြေလှန်ပြီး ကိုယ့်စိတ်ကြိုက် အသစ်ပြန်ရေးတာကိုသာ ကန့်သတ်ထားတာ ဖြစ်ပြီး သူရဲ့ နည်းပညာကျောရိုး တည်ဆောက်ပုံအဆင့်ဆင့်ကို မလေ့လာရဖူးလို့ ဆိုလိုတာ မဟုတ်ပါဘူး)
အဲဒီလို အချက်တွေအပေါ်မှာ အခြေခံပြီး Open Source Product တွေကို ရွေးချယ်ကြရပါတယ်။ ဒါပေမယ့် ဒီအဆင့်ဟာ Open Source သမားတစ်ယောက်လို့ အော်လို့ မရသေးတဲ့ အနေအထားမှာ ရှိနေပါသေးတယ်။ ဒါကလဲ ကိုရာဗီပြောလို့ သိခဲ့ရတာပါ။ ဒီအဆင့်ဟာ Open Source အခွင့်အရေးသမား အဆင့်မှာသာ ရှိနေပါသေးတယ်။ တကယ်တန်း Open Source သမားလို့ ကြွေးကျော်နိုင်တဲ့ အနေအထားကတော့ ကိုယ်အသုံးချလိုက်တဲ့ Open Source အပေါ်မှာ ဘယ်လောက်အထိ Contribute လုပ်နိုင်သလဲဆိုတဲ့ အခြေအနေ အပေါ်မှာ မူတည်နေပါတယ်။
အဲဒီအပြင် Open Source သိုက်တူးသမားလို့ ဆိုနိုင်တဲ့ သူတွေလဲရှိနေတယ်လို့ ဆိုပါတယ်။ ဘယ်လိုမျိုးလဲဆိုတော့ Open Source ကိုတော့သုံးတယ်။ ဒါပေမယ့် သုံးထားမှန်းသိမှာ စိုးတဲ့အတွက် နေရာတကာမှာ Open Source အရိပ်အရောင်တွေ အားလုံး လိုက်ဖျက်ထားတယ်။ အဲဒီအပြင် Open Source Product တွေကို သုံးထားပါတယ်လို့ ဝန်မခံထားဘူး။ ကိုယ်ယူသုံးထားတဲ့ Source Code တွေအပေါ်မှာ ဘယ်ကယူတယ်၊ ဘယ်ကနေ ပြုပြင် အသုံးချတယ် ဆိုတာ မပြောဘူး စသည်ဖြင့် Ethics ပိုင်းအရ ချိုးဖောက်မှုတွေ ရှိနေတဲ့သူတွေကိုတော့ Open Source သိုက်တူးသမားတွေလို့ ဆိုပါတယ်။
ကိုရာဗီပြောတဲ့ Open Source ဆိုတဲ့ ကိစ္စမှာ ကျွန်တော်အတွက် တကယ့်ကို သတိထားစရာ မှတ်သားစရာတွေ အများကြီး ရခဲ့ပါတယ်။ Open Source သမားကောင်း တစ်ယောက်ဖြစ်ဖို့ Community Contribute ရဲ့ အရေးပါပုံကိုလဲ သိခဲ့ရသလို၊ Open Source ပေးတဲ့သူတွေ အနေနဲ့လဲ ခုတစ်မျိုးတော်ကြာတစ်မျိုး မဖြစ်ဖို့ လိုအပ်ကြောင်း အဲဒီလို Open Source တွေကို ခုပေးလိုက်၊ နောက်တော့ မပေးပဲနေလိုက် လုပ်နေရင် Open Soure တွေရဲ့ တကယ့် အနှစ်သာရကို ထိခိုက်ကြောင်းလဲ သိခဲ့ရပါတယ်။
ကျွန်တော်လဲ အစကတော့ Open Source သိုက်တူးသမား၊ နောက်တော့ Open Source အခွင့်အရေးသမား။ အဲဒီကနေတစ်ဆင့် Open Source သမားတစ်ယောက်ဖြစ်ဖို့ ကြိုးစားမယ်လို့ တွေးမိတော့ ကိုယ်သုံးနေတာ Code Igniter၊ သင်တန်းမှာလဲ သင်နေတယ်။ အဲဒီထက် စောတာက PHP။ အဲဒီတော့ ငါဘယ်လိုများ Community Contribution လုပ်ရပါ့ဆိုပြီး ကိုရာဗီနဲ့ တိုင်ပင်ကြည့်တော့ Localization လုပ်လို့ရကြောင်း၊ User Guide တွေကို မြန်မာလို ဖတ်လို့ရအောင် လုပ်ပေးနိုင်ကြောင်း အကြံကောင်းတွေ ပေးပါတယ်။ အဲဒီတော့မှ ငါလဲ နောက်ဆို Open Source သမားလို့ အော်နိုင်အောင် ဒါတွေတော့ လုပ်ဦးမှပဲဆိုပြီး တပည့်တွေနဲ့ တိုင်ပင် CI Localization အတွက် အဖွဲ့ဖွဲ့ပြီးစဖို့ လုပ်ဖြစ်ခဲ့ပါတယ်။ Open Source တွေရဲ့ ထုံးစံအတိုင်း မည်သူမဆို ပူးပေါင်း ပါဝင်ဆောင်ရွက်နိုင်ပါတယ်။ ဒါပေမယ့် တစ်ခုတော့ ရှိပါတယ်။ Code Igniter ဆိုတာ Framework Level ဖြစ်တဲ့အတွက် Developer တွေသာ အဓိကထား ပါဝင်မှ ဖြစ်ပါလိမ့်မယ်။ ကိုယ်တိုင်လဲ တကယ်သုံးနေမှ တကယ်လက်တွေ့ နားလည်ထားမှ လုပ်လို့ရမယ့် အနေအထားမှာ ရှိနေပါတယ်။ အဲဒီအပြင် လုပ်နေလက်စ ရှိနေသူများ အနေနဲ့ သူတို့ ခရီးရောက်တဲ့ အပေါ်မှာ မူတည်ပြီး ကျွန်တော်တို့ ပူးပေါင်း ဆောင်ရွက်လိုတယ် ဆိုတာလဲ တစ်ခါတည်း ပြောလိုရင်း ဖြစ်ပါတယ်။ ကျွန်တော်အခု လုပ်မယ့် အစီအစဉ်ကို အနည်းငယ်ပြောချင်ပါတယ်။
Project Name – Code Igniter Localization Project
Project Mission – Code Igniter နဲ့ ပတ်သက်ပြီး User Guide များနှင့် Language Library များကို မြန်မာမှုပြုရန်
Project Objectives -
- အပိုင်းအလိုက် မြန်မာမှုပြုနိုင်သော သူများကို စုစည်းရန်
- အပိုင်းအလိုက် မြန်မာမှုပြုကြရန်
- မြန်မာမှုပြုပြီးသော အပိုင်းများကို စုစည်းပြီး ပြန်လည်ပြင်ဆင်တည်းဖြတ်ရန်
- Localization Library အဖြစ် ပြန်လည် Community Contribute ပြုလုပ်နိုင်ရန်
လက်ရှိပါဝင်မည့်သူများ – ကျွန်တော့ တပည့်တွေ အကုန်ပါကြမယ် ထင်ပါတယ်။
ကဲ ဒီနေ့ကစပြီး Open Source သမားလို့ ကြွေးကျော်နိုင်အောင် စလိုက်ကြပါစို့လားဗျာ။
Facebook comments:




CI ဆိုတော့ ကျွန်တော်ပါလို့မရတော့ဘူးပေါ့…
ဆရာ
နိုင်လင်းအောင်က လွယ်တယ်ပြောပါတယ်။
ဘယ်နှယ် ပါလို့ရတာပေါ့ဗျာ .. နိုင်လင်းအောင်က လွယ်တယ်ဆိုရင် သူ့ပဲ အကုန်ပေးပြန်ခိုင်းလိုက်ဗျာ
လူပျိုကြီး နဲ့ ကျွန်တော် လုပ်နေတဲ့ vanilla ကိုလည်း github မှာ fork လုပ်လို့ရပါတယ်။ ပြီးရင် ကျွန်တော် pull ပြန်လုပ်လိုက်မယ်။
https://github.com/saturngod/Vanilla-Myanmar-Locale
btw ဆရာ Lesser GPL က GPL ထက်ပိုချောင်တာမဟုတ်ဘူးလားဗျ။ ဆရာတစ်ယောက် ပြောဖူးတာကြားဖူးလို ့
http://www.gnu.org/licenses/lgpl.html
>> တစ်ချို့ Product တွေဟာ LGPL လို့ခေါ်တဲ့ တစ်စိတ်တစ်ပိုင်းကို
>> Open Source ပေး တစ်စိတ်တစ်ပိုင်းကို Closed Source ပေးတာတွေရှိနေတတ်ပါတယ်။
ကိုသီဟ နဲ့ ကိုရာဗီ ဘာပြောလဲတော့ ကျွန်တော်မသိပါဘူး။ ဒါပေမယ့် ကိုရာဗီပြောပြတာကို နားလည်မှုလွဲသွားတယ်ထင်တယ်။ LGPL လို့ပြောပြီး တစ်စိတ်တစ်ပိုင်းပဲ Open Source ပေးတယ်ဆိုတဲ့စကားက အတော်လွဲနေပါတယ်။
FSF ရဲ့ မူလခံယူချက်က ပြင်းထန်တဲ့ Software အားလုံး Free ဖြစ်ရမယ် ဆိုတဲ့ ခံယူချက်ဖြစတယ်။ ဒါကြောင့် GPL လိုင်စင်ကို ဖန်တီးတယ်။ GPL အရ သူ့ကိုအသုံးပြုထားတဲ့ ဆင့်ပွား Software အားလုံး GPL (သို့မဟုတ် အလားတူလိုင်စင်) ဖြစ်ရမယ်လို့ သတ်မှတ်ထားတယ်။ အကယ်၍ jQuery သာ GPL စစ်စစ်ဆိုရင် jQuery သုံးထားတဲ့ ဘယ် Software/Website မဆို Open Source ပဲဖြစ်ရတော့မယ်။
စဉ်းစားကြည့်ရင် သိနိုင်ပါတယ်။ FSF ရဲ့ရည်ရွယ်ချက်ကောင်းပေမယ့် ဒါ နေရာတိုင်းအတွက်တော့ အဆင်ပြေမှာမဟုတ်ပါဘူး။ ဒါကြောင့် LGPL ကို ဖန်တီးပါတယ်။
LGPL အရ – မူလ Software ကို Modify လုပ်ရင် Modified Version လည်းပဲ LGPL (သို့မဟုတ် အလားတူ) လိုင်စင်ပဲဆက်ခံရပါမယ်။ ဒါပေမယ့် LGPL လိုင်စင်ခံထားတဲ့ Software ကို ယူသုံးယုံနဲ့တော့ ကိုယ့်ရဲ့ Product က LGPL လိုက်ဖြစ်စရာမလိုတော့ပါဘူး။ အဓိပ္ပါယ်က jQuery သာ LGPL ဆိုရင် jQuery သုံးထားယုံနဲ့ ကိုယ့် Software/Website က LGPL လိုက်ဖြစ်ပေးဖို့ မလိုအပ်ပါဘူး။ jQuery ကို ပြင်ပြီး xQuery လို့လုပ်မယ်ဆိုရင်တော့ အဲ့ဒီ xQuery က LGPL ပဲဖြစ်ရမှာပါ။ ဒါကြောင့် jQuery က MIT နဲ့ GPL ဆိုပြီး Duel License ဖြစ်နေတာပါ။
ဒါကို သဘောပေါက်ဖို့ သိပ်အရေးကြီးပါတယ်။
“Open Source” ရယ်လို့ဖြစ်လာတာလည်း ဒီ Issue ကြောင့်ပဲဖြစ်လာတာပါ။
“Open Source” နဲ့ “Free Software” အကြောင်းကို ကျွန်တော်ခဏခဏပြောနေတာလည်း ဒါကြောင့်ပါပဲ။ ဒီသဘောတရားကို ခုထိသိပ်မကွဲပြားသေးဘူးဆိုရင် ကျွန်တော်ရေးထားတဲ့ Article ကို ထပ်ဖတ်ဖို့ အကြံပြုလိုပါတယ်။ အဲ့ဒီ Article ကို ရေးရတဲ့အကြောင်းရင်းကိုက ဒီလိုနားလည်မှုလွဲနေတာလေးတွေကို ရှင်းပြချင်လို့ ရေးဖြစ်ခဲ့တာပါ။
http://fairwayweb.com/open-source-history-license-model
Localization လုပ်ပြီး Contribute လုပ်ကြမယ့်အစီအစဉ်ကိုတော့ ကြိုဆိုပါတယ်။ Extension / Module တွေရေးပြီးတော့ပါ Open Source လုပ်ပေးနိုင်မယ်ဆိုရင်တော့ အကောင်းဆုံးပါပဲ။
welcome for CI လိုကယ်လိုက်ဇေးရှင်း……..
LGPL ဆိုတာ GPL လိုင်စင်အတိုင်း မပေးချင်တဲ့သူတွေ အဓိကထားသုံးကြပါတယ်။ ဥပမာ MIT လိုင်စင်နဲ့ တွဲသုံးတာမျိုး အဲဒီအပြင် Propriety Software တွေနဲ့လဲ တွဲပေးလို့ရပါတယ်။ အဲဒီလို တွဲပေးတဲ့အခါမှာ Open Source ကို Closed Source နဲ့ တွဲပေးလိုက်သလိုပါပဲ။ Wikipedia မှာ ဒီလိုရေးထားပါတယ်
The main difference between the GPL and the LGPL is that the latter allows the work to be linked with (in the case of a library, ‘used by’) a non-(L)GPLed program, regardless of whether it is free software or proprietary software.
ဘယ်လိုအရာမျိုးနဲ့မဆိုတွဲစပ်ပြီး GPL ကို ဆက်ခံထားတာကို GPL အတိုင်းသွား အဲဒါကိုမှ တစ်ခြားအရာတစ်ခုနဲ့ တွဲပြီး Dual License သွားတာကို LGPL လို့ခေါ်ပါတယ်။ GPL ကို LGPL တပ်ရုံနဲ့ လိုင်စင်တွေ လိုက်နာစရာမလိုတော့ဘူးဆိုတာ မဟုတ်ပါဘူး။
ကိုသီဟကတော့ လုပ်ပြီ။
>> GPL ကို LGPL တပ်ရုံနဲ့ လိုင်စင်တွေ လိုက်နာစရာမလိုတော့ဘူးဆိုတာ မဟုတ်ပါဘူး။
ကျွန်တော်ပြောသွားတဲ့ထဲမှာ LGPL ပေးလိုက်ယုံနဲ့ လိုင်စင်တွေလိုက်နာစရာမလိုတော့ဘူးလို့ “တစ်လုံး ” လောက်များ ပါသွားမိလို့လား? ဒါမှမဟုတ် အလားတူသဘောသက်ရောက်တာ တစ်ခုခုများ ပါသွားမိလို့လား?
ကြိုးစားပြီးတော့ ထပ်ပြောကြည့် ဦးမယ်ဗျာ -
LGPL လိုင်စင်ခံထားတဲ့ Software တစ်ခုကိုအသုံးပြုပြီး Open Source မဟုတ်တဲ့ Software တစ်ခုတည်ဆောက်လို့ရတယ်။ GPL ဆိုရင် မရဘူး။ GPL သုံးရင် သုံးထားတဲ့ Software လည်း GPL ပဲဖြစ်ရတယ်။
ယူသုံးမယ့်သူအတွက်ဆိုရင် LGPL က GPL ထက် ပိုလွပ်လပ်တယ်။
ကိုသီဟပြောထားတာက တစ်စိတ်တစ်ပိုင်းပဲ Open Source ပေးရင် LGPL လို့ခေါ်တယ်ဆိုတဲ့ သဘောကြီးဖြစ်နေလို့ အများနားလည်မှုလွဲမှာစိုးလို့ ကျွန်တော်က ပြောတာပါ။
>> “LGPL လို့ခေါ်” တဲ့ တစ်စိတ်တစ်ပိုင်းကို Open Source ပေး
>> တစ်စိတ်တစ်ပိုင်းကို Closed Source ပေးတာတွေရှိနေတတ်ပါတယ်။
>> LGPL လိုင်စင်ခံထားတဲ့ Software တစ်ခုကိုအသုံးပြုပြီး Open Source မဟုတ်တဲ့ Software တစ်ခုတည်ဆောက်လို့ရတယ်။
အဲဒါ လုံးဝ မဟုတ်ပါဘူး။ LGPL လိုင်စင်ဆိုတာ သုံးသူတွေအတွက် ဖန်တီးထားတဲ့ လိုင်စင် မဟုတ်ပါဘူး။ ပေးတဲ့သူကသာ သတ်မှတ်ထားတဲ့ လိုင်စင်ဖြစ်ပါတယ်။ ပေးသူ အနေနဲ့ လိုင်စင်ကို Dual သုံးချင်တဲ့အခါ LGPL ကိုသုံးကြပါတယ်။ တကယ်တော့ LGPL ဆိုတာ GPL နဲ့ လုံးဝကို ပတ်သက်နေလို့ LGPL လို့ ပေးရတာပါ။ မဟုတ်ရင် MIT, Apache, အခြား Commercial License တစ်ခုခု တပ်လိုက်ရုံပါပဲ။
နောက် LGPL ဆိုတာ Software Library တွေအတွက် အဓိကထားတဲ့ လိုင်စင်တစ်ခု ဖြစ်ပါတယ်။ ကိုယ်က LGPL ကိုသုံးမယ်ဆိုရင် ပိုပြီး မလွတ်လပ်တဲ့ အနေအထားကို ရောက်သွားနိုင်ပါတယ်။ ဥပမာ GPL + Commercial (LGPL) ဖြစ်နေရင်ပေါ့။ အဲဒီလို မဟုတ်ပဲ MIT လို Apache လို လိုင်စင်နဲ့ တွဲထားရင်တော့ တစ်မျိုးပေါ့။
>> ကျွန်တော်ပြောသွားတဲ့ထဲမှာ LGPL ပေးလိုက်ယုံနဲ့ လိုင်စင်တွေလိုက်နာစရာမလိုတော့ဘူးလို့ “တစ်လုံး ” လောက်များ ပါသွားမိလို့လား? ဒါမှမဟုတ် အလားတူသဘောသက်ရောက်တာ တစ်ခုခုများ ပါသွားမိလို့လား?
အပေါ်မှာ ပြောသွားတဲ့ စကားမှာကိုက အဲဒီလို သဘောတွေ ပါနေပါတယ်။ ကျွန်တော်လဲ နားလည်မှုလွဲမှာ စိုးတဲ့အတွက် ပြောနေရခြင်းပါပဲ။LGPL ဆိုတာ GPL နဲ့ တစ်နည်းနည်းနဲ့ ပတ်ကို ပတ်သက်တယ်လို့ ကျွန်တော်ပြောထားပါတယ်။ အဲဒီအတွက် GPL နဲ့ ယူထားတာကို GPL အတိုင်းသာ ဆက်ပေးရပါတယ်။ အဲဒါကို Open Source လို့ နာမည်ပေးနိုင်ပါတယ်။ အဲဒါကို ကျွန်တော်က Commercial Release တစ်ခုဖြစ်တဲ့ Software Library တစ်ခုနဲ့ တွဲလိုက်မယ်ဆိုရင် အဲဒါ Closed Source ပါပဲ။ ကျွန်တော် ပြောတာ တစ်ခုမှ မမှားပါဘူး။
အဲဒီလိုမှမဟုတ်ပဲ LGPL ဆိုတာ ဒီလိုမျိုးပါဆိုပြီး ကျွန်တော့ကို နမူနာပေးပါဦး။ LGPL တွေထဲမှာ Mozilla လို OpenOffice လို နာမည်ကြီးတွေ ရှိနေပါတယ်။ အဲဒါတွေ ဥပမာပေးမယ်ဆိုရင်တော့ အကောင်းဆုံးပေါ့ဗျာ။
ကျွန်တော်ပြောတဲ့ စကားက ကျွန်တော်ကိုယ်တိုင်တောင် မသိလိုက်ပဲ “LGPL လိုင်စင်ခံထားတဲ့ Software တွေကို အခြေခံပြီး Open Source မဟုတ်တဲ့ Software တွေ ဖန်တီးလို့ရတယ်” ကနေ “LGPL ပေးလိုက်ယုံနဲ့ လိုင်စင်တွေလိုက်နာစရာမလိုတော့ဘူး” လို့ အလိုအလျှောက် ပြောင်းလဲသွားတာကို ကျွန် တော်ကိုယ်တိုင်တောင် နားမလည်နိုင်တော့ဘူး…
>> ကျွန်တော် ပြောတာ တစ်ခုမှ မမှားပါဘူး။
ကိုသီဟရေ ကျွန်တော်တော့ အဲ့ဒီလို မပြောရဲသေးလို့ ထားလိုက်ပါတော့ဗျာ။ အပြင်မှာတွေ့မှပဲ ဆက်ဆွေးနွေးတာပေါ့…
By the way, to meet the tone of the content, the title should be “Free Software စိတ်ဓါတ်” rather than “Open Source စိတ်ဓါတ်”.
And, I still can’t digest the statement ” ***LGPL လို့ခေါ်တဲ့*** တစ်စိတ်တစ်ပိုင်းကို Open Source ပေး တစ်စိတ်တစ်ပိုင်းကို Closed Source ပေး ”
Cheers…
စကားမစပ် ကိုအိမောင် ကိုရာဗီ ကခင်ဗျား ဆရာမဟုတ်လား။
ဟုတ်တယ်ဆိုရင် ခင်ဗျား ဆရာထည့်ခေါ်သင့်တယ်လို့ထင်တယ်။
@someone,
First, use real name to talk to me if you have enough confident in yourself.
Second, Ko Ravi never demanded to call him “sir” and we (not only me) never use that formal word. We all have great respect with is more than words and we all use the more friendlier word “အစျကို”.
Third, thank you…
Software license definitions, EULA’s and all associated statement are written as very clearly defined, precise and non-ambiguous way so that no confusion or misinterpretation can take place or at least they are intended for. It’s tech sphere’s ‘legalese’.
Why would anyone go great length in arguing over well defined matter, one possible explanation is that he or she might be taking advantages or find loophole (actually if one can do that it’s remarkable)
So that he can use it according to his own purposes, intentions and motives.
When somebody or something comes up in a way which could expose or interfere with these motives he or she will put an effort and defend.
You cannot or in this matter anyone cannot possibly bent, reinterpret and define things in a way they are not supposed to be. It is mere an understood fact that no kind of excuse would serve otherwise.
Come-on IT fellows, let’s be straight, honest and do the right things, because it is only for your own good and if you don’t,well,someone eventually will find out no matter what. It is unhealthy for your personality, reputation and your business.
@mk
Yeah.. yeah.. you are right somehow. I’d just trapped with the “Someone is wronging on internet” syndrome…
But hey, there’s nothing wrong with arguments and this is not that serious too. And I also don’t see something like dishonest and didn’t believe this small arguments could effect the reputation.
Since I (we?) like to share something I know, I can’t take the “someone eventually will find out no matter what”.
Thanks…
Congratulation.
You can also contribute like By
1. Writing Tutorial, Tip & Trick
2. Writing Plugins, Modules etc
3. Test & submit bug , issue & feature request
4. join community ( like forum ) and solve other person problem
5. try to solve open issue
Carry on cheer.
ရှင်းပြပေးတဲ့အတွက် ကျေးဇူးပါ ကိုသီဟရေ
@someone
ကိုရာဗီဟာ ကျွှန်တော့်ဆရာဖြစ်တဲ့အတွက် programming နဲ့ပတ်သက်လာရင် ဆရာလို. သုံးပါတယ် ။
ပုံမှန်ကတော့ အကို လို.ပဲခေါ်ပါတယ် ။
ကျေးဇူးပါ ။
(every one FYI : someone ဆိုတာ ကျွှန်တော်မဟုတ်ပါ )
အင်း … ကိုအိမောင် ပြောထားသလိုပါပဲ … LGPL လို့ လိုင်စင်ခံထားတဲ့ Software တစ်ခုကိုအသုံးပြုပြီး Open Source မဟုတ်တဲ့ Software တစ်ခုတည်ဆောက်လို့ရတယ်။
ဥပမာပေးရရင် – လင်းနက်စ်စနစ်တွေ့ရဲ့ အခြေခံအကျဆုံး လိုက်ဘရီဖြစ်တဲ့ glibc (http://en.wikipedia.org/wiki/GNU_C_Library) က LGPL ပါ။ သူ့ကိုသုံးပြီး ရေးထားတဲ့ closed-source, commercial အပ္ပလီကေးရှင်းတွေ အများကြီးရှိပါတယ်။ NVidia Linux Drivers တွေက glibc ကို သုံးထားပါတယ်။ အဲ… OpenOffice ကလည်း LGPL မို့လို့ သူ့အပေါ်မှာမူတည်ပြီး ကိုယ်က commercial extension, plug-ins တွေ ရေးလို့ ရပါတယ်။
ပြီးတော့ LGPL ကို Dual (License) သုံးချင်မှ သုံးတယ်လို့လည်း ပြောလို့ မရပါဘူး။ LGPLလိုင်စင် သီးသန့်သုံးတဲ့ လိုက်ဘရီတွေ အများကြီး ရှိပါတယ်။
အေးဗျ ကျွန်တော် သေသေချာချာ လိုက်ဖတ်ကြည့်တော့ ကျွန်တော် လွဲနေတာတွေ တွေ့ရတယ်ဗျ။ LGPL လိုင်စင်အကြောင်းကို trh ပြောမှပဲ ကျွန်တော် ရှင်းသွားတော့တယ်။ ကျွန်တော် အရင်က ဖတ်ဖူးတဲ့ လိုင်စင် အကြောင်းစာတွေမှာ LGPL နဲ့ ပတ်သက်ရင် နားလည်မှုလွဲစရာတွေ များသွားတာလဲပါတယ်။
တကယ်တော့ LGPL ဆိုတာ GPL ကို ထွက်ပေါက်အနေနဲ့ ဖန်တီးထားတဲ့ လိုင်စင်တစ်ခုပဲ။ GPL မှာဆိုရင် နောက် ကိုယ်လိုက်လုပ်လဲ GPL ပဲဖြစ်ရမယ်။ LGPL ဆိုရင်တော့ ကိုယ့်စိတ်ကြိုက် လိုင်စင်နဲ့ ထုတ်လို့ရတဲ့ သဘောရှိတယ်။ ဒါပေမယ့် LGPL ကိုတော့ အဲဒီအတိုင်း ဆက်ခံရမယ့် သဘောပဲ။
အားလုံးဆွေးနွေးပေးတာ ကျေးဇူးတင်ပါတယ်။ ကျွန်တော့ အယူအဆ လွဲမှားမှုအတွက်လဲ တောင်းပန်ပါတယ်ဗျို့ …
(တစ်ချို့ Product တွေဟာ LGPL လို့ခေါ်တဲ့ တစ်စိတ်တစ်ပိုင်းကို Open Source ပေး တစ်စိတ်တစ်ပိုင်းကို Closed Source ပေးတာတွေရှိနေတတ်ပါတယ်။)
ဒီနေရာမှာ ကျွန်တော်မှားသွားတဲ့ အပိုင်းက Dual License လို့ခေါ်တဲ့ဆိုပြီး ပြင်ဖို့ လိုပါမယ်။ အပေါ်မှာ မှားထာတော့ မပြင်တော့ဘူးဗျ။ နောက်လူတွေ အမှတ်တရ ဖြစ်အောင် ဒီအတိုင်း ထားလိုက်တော့မယ်။
ပြင်လိုက်တာ ပိုကောင်းမယ်။ စေတနာနဲ့ရေးပြတာပဲ။ ထောက်ပြတဲ့လူတွေလည်း စေတနာနဲ့ပဲ။