တစ်ဂဏန်းတွေ ဆုံတဲ့နှစ် ၂ဝ၁၁
မင်္ဂလာပါခင်ဗျာ။
၂ဝ၁၁ ခုနှစ်ဟာ (၁) ဂဏန်းတွေ အများဆုံးဆုံတဲ့ နှစ်ဆိုရင်လည်း မမှားပါဘူး။ ၁-၁-၁၁ နောက် ဆယ်ရက်အတွင်းမှာ ၁၁-၁-၁၁ နောက် ၁၁ လပိုင်းမှာ ၁၁-၁၁-၁၁ ဆိုပြီး တစ်ဂဏန်းတွေ ဆက်တိုက်ဆုံသွားဖို့ ရှိပါတယ်။ အဲဒီအပြင် ၂ဝ၁၂ ခုနှစ်မှာလည်း ထူးထူးခြားခြား ၁၂-၁၂-၁၂ ဆိုပြီး ဆုံဦးမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနှစ်လောက်တော့ ဆုံမှာမဟုတ်ပါဘူး။
ဒါကြောင့် ၂ဝ၁၁ ခုနှစ်ကို တစ်ဂဏန်းတွေ ဆုံတဲ့ နှစ်လို့ နာမည်ပေးလိုက်ရခြင်း ဖြစ်ပါတယ်။ တစ်ဂဏန်းတွေ ဆုံတဲ့နှစ်မှာ Myanmar Tutorials ပရိတ်သတ်တွေ အားလုံး စိတ်၏ ချမ်းသားခြင်း ကိုယ်၏ ချမ်းသာခြင်းနဲ့ ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်း အပ်ပါတယ်။ တစ်ဂဏန်းတွေ ဆုံတယ် ဆိုတဲ့သဘောဟာ ကျွန်တော့် အမြင်အရ အရာရာ တစ်က ပြန်စတယ်ဆိုတဲ့ သဘောလည်း ဆောင်တဲ့အတွက် အစပြုခြင်း၊ အပြောင်းအလဲဖြစ်ခြင်း၊ ပြောင်းလဲခြင်း သဘောတွေကိုလည်း ဆောင်နေပါတယ်။ အဲဒီအတွက် Myanmar Tutorials ပရိသတ်အားလုံး ကောင်းသော ပြောင်းလဲခြင်းတွေ၊ အစပြုခြင်းတွေနဲ့ ပြည့်စုံကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်။ အဲဒီအပြင် တစ်ဆိုတဲ့ ဂဏန်းဟာ ပထမ၊ ထိပ်ဆုံးဆိုတဲ့ သဘောလည်း ဆောင်နေတဲ့အတွက် အားလုံးပဲ ထိပ်ဆုံး၊ အမြင့်ဆုံးကို တက်လှမ်းနိုင်ပါစေလို့ ဆုတောင်းလိုက်ရပါတယ်။
ဒီလိုပါပဲ။ Myanmar Tutorials ရဲ့ တစ်နှစ်တာဖြတ်သန်းလာခဲ့တဲ့ သက်တမ်းမှာ စာကောင်းပေမွန်တွေနဲ့ ပူးပေါင်းပါဝင်ရေးသား ပေးကြတဲ့ Contributor တွေအားလုံးကိုလည်း ကျေးဇူးအများကြီး တင်ပါတယ်။ Contributor တွေသာ မရှိခဲ့ရင် Myanmar Tutorials ဆိုတာလည်း ဖြစ်လာစရာ အကြောင်းမရှိဘူးလို့ ကျွန်တော် ယုံကြည်ပါတယ်။ အဲဒီအပြင် Myanmar Tutorials အတွက် အင်တာဗျူး ကဏ္ဍတွေမှာ ပူးပေါင်း ပါဝင်ပေးကြတဲ့ နည်းပညာနယ်ပယ်က ညီအကို မောင်နှမတွေ အားလုံးကိုလည်း ကျေးဇူးအထူးပဲ တင်ရှိပါတယ်လို့ ဆိုချင်ပါတယ်။ အဲဒီအပြင် Contributor များအားလုံးရော အင်တာဗျူးခွင့်ပေးတဲ့ နည်းပညာနယ်ပယ်က ညီအကို မောင်နှမတွေ အားလုံးကိုရော အပေါ်မှာ ကျွန်တော် ဆုတောင်းခဲ့သလို တစ်ဂဏန်းတွေနဲ့ ပြည့်စုံပါစေလို့ ဆုတောင်း ပေးလိုက်ရပါတယ်။ Contributor များ အနေနဲ့လည်း ဒီထက်ပိုပြီး ပူးပေါင်း ပါဝင်ကြဖို့ ဖိတ်ခေါ်ပါတယ်။
အဲဒီအပြင် Myanmar Tutorials ကို ရပ်တည်နိုင်ဖို့အတွက် အထောက်အပံ့ပေး ကူညီထားတဲ့ ကိုမင်းသူနဲ့ Templatemo ကိုလည်း ကျေးဇူး အထူးတင်ရှိပါတယ်။ သူကူညီခဲ့လို့သာ Myanmar Tutorials ရဲ့ Hosting တွေကို လိုအပ်သလို ပြောင်းလဲနိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီအပြင် Myanmar Tutorails ကို ညွှန်းဆိုပေးကြသူ အားလုံးကိုလည်း ကျေးဇူးအထူး တင်ရှိပါတယ်လို့ ပြောချင်ပါတယ်။ စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ချမ်းသားခြင်းနဲ့ ပြည့်စုံနိုင်ကြပါစေခင်ဗျာ။
နှစ်သစ်မှာ Myanmar Tutorials ကတော့ စနစ်သစ်တစ်ခုကို စတင်ပြောင်းလဲခဲ့ပါပြီ။ Myanmar Unicode ဆိုတဲ့ စနစ်တစ်ခုကို နောင် ဖြစ်လာမယ့် Machine Translation စတဲ့ အပြောင်းအလဲတွေ အတွက် ကြိုတင် ပြင်ဆင်မှုတွေ အနေနဲ့ ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။ အဲဒီအတွက် အဆင်မပြေမှုတွေ ရှိခဲ့တဲ့အတွက်လည်း တောင်းပန်ပါတယ်ခင်ဗျာ။ တကယ်တန်း အပြောင်းအလဲ တစ်ခုဆိုတာ အစပိုင်းမှာ အဆင်မပြေမှုတွေ ကြုံရစမြဲပါ။ ဒါပေမယ့် ဒီထက် ပိုကောင်းသွားမယ့် အနေအထားကို ရောက်မှာ ဖြစ်တဲ့အတွက် ပြောင်းလဲသင့်တာကို ပြောင်းလဲတာ ဖြစ်တဲ့အတွက် ဂုဏ်ယူမိပါတယ်။
New Year မှာ Resolution တွေ ချလေ့ရှိပါတယ်။ အဲဒီအတွက်လည်း Myanmar Tutorials အနေနဲ့ Resolution တွေ ချထားပါတယ်။
- ပထမဦးဆုံး ချထားတဲ့ Resolution ကတော့ ခုလကရှိ Myanmar Tutorials လျှောက်လှမ်းနေတဲ့ Learning Platform ကို ဒီထက် ပိုပြီးကောင်း သထက်ကောင်းအောင် ဆောင်ရွက်သွားပါမယ်။
- နောက်ထပ် Resolution တစ်ခုကတော့ Learning Platform ကနေ Product အဖြစ် ဖန်တီးချင်သူတွေ အတွက်လည်း အထောက်အပံ့ပေးနိုင်တဲ့ Platform တစ်ခုကို ဖန်တီးနိုင်အောင် ကြိုးစားသွားမှာ ဖြစ်ပါတယ်။
- အဲဒီအပြင် Startups ဆိုတဲ့ အခန်းကဏ္ဍကိုလည်း ဒီထက်ပိုပြီး ပြည့်စုံအောင် စီစဉ်သွားမှာ ဖြစ်ပါတယ်။
- နောက်ဆုံး Resolution တစ်ခုကတော့ နည်းပညာ ကဏ္ဍတွေမှာ ဒီထက်ပိုပြီး ထဲထဲဝင်ဝင် ပူးပေါင်းဆောင်ရွက်သွားမယ် ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။
Myanmar Tutorials အနေနဲ့ နိုင်ငံရဲ့ နည်းပညာတိုးတက်ရေး ကဏ္ဍမှာ ဒီထက်ပိုပြီး အရှိန်မြှင့်တင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အဲဒီအတွက် ပူးပေါင်းပါဝင်လိုသူ မည်သူမဆို ဖိတ်ခေါ်ပါတယ်။ အားလုံးပဲ တစ်တွေဆုံတဲ့နှစ်မှာ အစစအရာရာ အောင်မြင်တဲ့ နှစ်အဖြစ် ဖြတ်သန်းနိုင်ကြပါစေ။ ထိပ်ဆုံးကို တက်လှမ်းနိုင်ကြပါစေ။ ပျော်ရွှင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်း အပ်ပါတယ်။
Myanmar Tutorials နဲ့ ပတ်သက်ပြီး လိုအပ်ချက်များရှိတယ်၊ အကြံဉာဏ်တွေ ပေးလိုတယ်ဆိုရင်လည်း အချိန်မရွေးပေးကြပါလို့ ဖိတ်ခေါ်ပါရစေခင်ဗျ။
အားလုံးကို ခင်မင်လေးစားလျှက်
သီဟ (Myanmar Tutorials)
Facebook comments:



