မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် (MCF) မှ ITPEC စာမေးပွဲကျင်းပမည်
သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းအဖွဲ့မှ ကြီးမှူး၍ Information Technology Professionals Examination Council (ITPEC) အသိအမှတ်ပြု စာမေးပွဲကို ကျင်းပမည်ဖြစ်သည်။
Information Technology Passport Examination (IT Passport) စာမေးပွဲသည် IT ဆိုင်ရာ အခြေခံ ဗဟုသုတရှိပြီး IT နှင့်သက်ဆိုင်သော လုပ်ငန်းတွင် တာဝန်ထမ်းဆောင်နေသူများအတွက် ရည်ရွယ်၍ စစ်ဆေးသော စာမေးပွဲဖြစ်သည်။
Fundamental Information Technology Engineer Examination (FE) စာမေးပွဲသည် IT ဆိုင်ရင် ဗဟုသုတ အခြေခံကျွမ်းကျင်မှု ရှိပြီးသူများ၊ Program Design ရေးဆွဲသူများနှင့် Software Development လုပ်ငန်းများတွင် လုပ်ကိုင်နေသူများအတွက် ရည်ရွယ်၍ စစ်ဆေးသည့် စာမေးပွဲဖြစ်သည်။
စာမေးပွဲသို့ ကွန်ပျူတာတက္ကသိုလ် ကျောင်းသား/သူများ၊ နည်းပညာ တက္ကသိုလ် ကျောင်းသား/သူများ၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်ပြီး IT စိတ်ပါဝင်စားသည့် ကျောင်းသား/သူများ၊ IT နှင့်သက်ဆိုင်သော လုပ်ငန်းများတွင် လုပ်ကိုင်နေသူများနှင့် မြန်မာနိုင်ငံကွန်ပျူ ပညာရှင်အသင်းဝင်များ ဝင်ရောက်ဖြေဆိုနိုင်သည်။
အသေးစိတ် အချက်အလက်များ သိရှိလိုပါက မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်၊ အဆောင်(၁)၊ မြန်မာအင်ဖိုတက်ခ်၊ ဖုန်း- ၆၅၂၃၀၇ သို့ ဆက်သွယ်မေးမြန်းနိုင်သည်။ (၂၅.၄.၂၀၁၂) နေ့ နောက်ဆုံးထား၍ စာရင်းပေးသွင်းရမည် ဖြစ်ပါသည်။
Facebook comments:



