မြန်မာနိုင်ငံကွန်ပျူတာအသင်းချူပ် မှ ITPEC စာ‌မေးပွဲများကျင်းပမည်

သတင်းအချက်အလက်နှင့် ဆက်သွယ်‌ရေးနည်းပညာဖွံ့ဖြိုးတိုးတက်‌ရေးအတွက် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် မှ ကြီးမှူး၍ Information Technology Professionals Examination Council (ITPEC) အသိအမှတ်ပြုစာ‌မေးပွဲကို ကျင်းပ မည်ဖြစ်သည်။

Information Technology Passport Examination (IT Passport) စာ‌မေးပွဲသည် IT ဆိုင်ရာအ‌ခြေခံဗဟုသုတရှိပြီး IT နှင့် သက်ဆိုင်‌သောလုပ်ငန်းတွင် တာဝန်ထမ်း‌ဆောင်‌နေ သူများအတွက် ရည်ရွယ်၍စစ်‌ဆေး‌သော စာ‌မေးပွဲဖြစ်သည်။

Fundamental Information Technology Engineer Examination (FE) စာ‌မေးပွဲသည် IT ဗဟုသုတအ‌ခြေခံကျွမ်းကျင်မှုရှိပြီးသူများ၊ Programmer များ၊ Program Design ‌ရေးဆွဲသူများ နှင့် Software Development လုပ်ငန်းများတွင် လုပ်ကိုင်‌နေသူများအတွက် ရည်ရွယ်၍စစ်‌ဆေးသည့်စာ‌မေးပွဲဖြစ်သည်။

Applied Information Technology Engineer Examination (AP) စာ‌မေးပွဲသည် IT ဗဟုသုတများနှင့်ကျွမ်းကျင်မှုများကို လက်‌တွေ့နယ်ပယ်တွင် အသုံးချနိုင်စွမ်း (Apply) ရှိသူများ၊အဆင့်မြင့် IT လူ့စွမ်းအား အရင်းအမြစ်အဖြစ်အသက်‌မွေးဝမ်း‌ကျောင်း ပြုလိုသူများအတွက် ရည်ရွယ်၍စစ်‌ဆေးသည့် စာ‌မေးပွဲဖြစ်သည်။

စာ‌မေးပွဲသို့ ကွန်ပျူတာတက္ကသိုလ် ‌ကျောင်းသား၊ ‌ကျောင်းသူများ၊ နည်းပညာတက္ကသိုလ် ‌ကျောင်းသား၊ ‌ကျောင်းသူ များ၊တက္ကသိုလ်ဝင်တန်း စာ‌မေးပွဲ‌အောင်ပြီး ITစိတ်ပါဝင်စားသည့်‌ကျောင်းသား၊‌ကျောင်းသူများ နှင့်မြန်မာနိုင်ငံကွန်ပျူတာပညာရှင် အသင်းဝင်များ ဝင်‌ရောက်‌ဖြေဆိုနိုင်သည်။

စာ‌မေးပွဲနှင့်ပတ်သက်၍ အ‌သေးစိတ်အချက်အလက်များသိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၊အ‌ဆောင်(၁)၊ မြန်မာအင်ဖိုက်ခ်၊ဖုန်း- ၆၅၂၃၀၇ သို့ဆက်သွယ်‌မေးမြန်းနိုင်ပါသည်။ ( ၁၉.၁၀.၂၀၁၁ ) ‌နေ့‌နောက်ဆုံးထား၍ စာရင်း‌ပေးသွင်းရမည်ဖြစ်ပါသည်။

MCPA

Facebook comments:

4 Responses

  1. K says:

    It’s not copy cat from MCPA Official Site. This is for pps who even don’t know MPCA site.

  2. Hein Zaw Htet says:

    ရေးကတည်းက MCPA မှ Request လုပ်၍ တင်ပေးထားသည် လို့ရေးလိုက်ရင်ၿပီးၿပီကို။

  3. Hein Zaw Htet says:

    အင်း။ အဲလိုပြောလိုက်ရင် သူတို႕ ရှက်သွားမှာပဲနော်။

Leave a comment


*