Terms & Conditions

Myanmar Tutorials

  • Myanmar Tutorials ၏ လိပ်စာမှာ www.myanmartutorials.com ဖြစ်သည်။
  • LOGO Design ကို emoracket မှ ဆွဲ‌ပေးထားခြင်း ဖြစ်သည်။
  • Myanmar Tutorials သည် Tutorials များကို အဓိကထား ဖြန့်‌ဝေ‌ပေးမည် ဖြစ်သည်။ အတတ်နိုင်ဆုံး မြန်မာလို ဖြန်‌ဝေနိုင်ရန် ကြိုးစားမည် ဖြစ်သည်။ အခြား IT နည်းပညာနှင့် ဆိုင်‌သော အသိပညာဆိုင်ရာ၊ အတတ်ပညာဆိုင်ရာ များကိုလည်း ဖြန့်‌ဝေ‌ပေးနိုင်ရန် ကြိုးစားမည် ဖြစ်သည်။ အိုင်တီ နည်းပညာနှင့် အသက်‌မွေးဝမ်‌ကျောင်း ပြု‌နေသူများ၏ အင်တာဗျူးများကိုလည်း အလျှဉ်းသင့်သလို တင်‌ပေးသွားမည် ဖြစ်ပါသည်။
  • English ကို ‌လေ့လာလိုသူ များအတွက်လည်း English ကဏ္ဍကို ထည့်ထားပါသည်။
  • ဤ Tutorials Web Site မှ Posts များသည် အများအားဖြင့် အခြားအခြား‌သော Tutorials ဆိုက်များမှ ဘာသာ‌ဖော်ပြချက် များလည်း ပါဝင်မည် ဖြစ်‌ကြောင်း ဝန်ခံပါသည်။ ထိုကဲ့သို့ ဘာသာပြန် ‌ဖော်ပြပါကလည်း အဆိုပါ Tutorials ဆိုက်ကို Reference တပ်ထားမည် ဖြစ်သည်။
  • ဤ MyanmarTutorials.com တွင် ‌ဖော်ပြထား‌သော ပို့စ်များ၏ မူရင်းပိုင်ရှင်သည် ‌ရေးသားသူများ ကိုယ်တိုင် ဖြစ်ပြီး Myanmar Tutorials တွင် Contributors များ စု‌ပေါင်း ‌ရေးသားကြခြင်း ဖြစ်ပါသည်။
  • ဤ Myanmar Tutoials တွင်‌ရေးသားထား‌သော ပို့စ်များကို ညွှန်းလိုပါက တစ်ပုဒ်လုံး ကူးယူ‌ဖော်ပြခြင်းထက် အညွှန်းကိုသာ ‌ဖော်ပြပြီး Myanmar Tutorials ကို Link Back ပြန်လုပ် ‌စေချင်ပါသည်။ ကူယူ‌ဖော်ပြသည့် ‌နေရာတွင်လည်း စာ‌ရေးသူနှင့် Myanmar Tutorials ကို Credit ‌ပေးဖို့ လိုမည် ဖြစ်ပါသည်။ အခြား စီးပွားဖြစ် ထုတ်လုပ်‌သော မဂ္ဂဇင်း၊ ဂျာနယ်များနှင့် Website များတွင် ‌ဖော်ပြလိုပါက myanmartutorials@gmail.com သို့ဆက်သွယ်ပြီး ‌ရေးသားသူကို ခွင့်ပြုချက် ‌တောင်းခံ ရမည်ဖြစ်ပါသည်။
  • ဤ Myanmar Tutorials တွင် ဝင်‌ရောက် ‌ရေးသားလိုပါက myanmartutorials@gmail.com သို့ ဆက်သွယ်နိုင်ပါသည်။ ဆက်သွယ် သည့်အခါ ကိုယ်တိုင်‌ရေးသား ထား‌သော စာမူတစ်ခုကိုပါ ပူးတွဲ‌ပေးပို့‌ပေးဖို့ ‌မေတ္တာရပ်ခံပါသည်။ စာမူများကို တင်ရာတွင်လည်း Editor Team မှ လိုအပ်သလို တည်းဖြတ်မည် ဖြစ်‌ကြောင်းနှင့် မသင့်‌တော်‌သော စာမူများကို ဆိုင်းငံ့ထားမည် ဖြစ်ပြီး လိုအပ်သလို အ‌ကြောင်းကြား ဆက်သွယ် ‌ပေးမည် ဖြစ်ပါသည်။ ပူး‌ပေါင်း‌ဆောင်ရွက်မှု အားလုံးကို ‌ကျေးဇူးအထူး တင်ရှိပါသည်။ (Editor Team မှ တည်းဖြတ်သည် ဆိုရာတွင် စာဖတ်သူများ ဖတ်ရအဆင်‌ပြေ လွယ်ကူ‌စေရန်သာ အဓိက တည်းဖြတ် မည် ဖြစ်‌ကြောင်း အသိ‌ပေးအပ်ပါသည်)

Myanmar Tutorials